Jewel Love Myanmar

  • Home
  • Jewel Love Myanmar
Call

Jewel Love Myanmar သဘာဝကျောက်မျက်ရတနာမျိုးစုံရောင်းခ?

16/07/2023

ကျွန်တော်တို့ဟာ သာမန်ရွှေဆိုင်တွေမှာ တွေ့ရလေ့ရှိတဲ့
ကျောက် အနီအပြာ ရောင်စုံလေးတွေကို . .
သဘာဝကျောက်လိုလို ထင်မှတ်ဖူးကြပါတယ် ။

တကယ်တမ်းမှာတော့ . . . အများအားဖြင့်တွေ့မြင် ဝယ်ယူမိကြတာက
ချက်ကျောက်လို့ခေါ်တဲ့ သဘာဝမဟုတ်တဲ့ ကျောက်အတုတွေများပါတယ် ။
ဘာတန်ဖိုးမှ မရှိတဲ့ ကျောက်အတုတွေ ကြားကနေ သဘာဝ ကျောက်မျက် ရတနာအစစ်ကို ရှာဖွေဝယ်ယူနိုင်ဖို့ အချက်အလက်တွေ သိရှိထားဖို့လိုပါပြီ ။
သဘာဝကျောက်မျက်ရတနာအစစ်ဟာ အင်မတန် ရှားပါးလာပါပြီ ။
အထူးသဖြင့် ကျွန်တော်တို့နိုင်ငံက ထွက်တဲ့ သယံဇာတဖြစ်တဲ့ သဘာဝတွင်းထွက်မိုးကုတ် ပတ္တမြား နဲ့ နီလာ ဟာ ဆိုရင် အရည်အသွေးကောင်းလွန်းလို့ရှားပါး လွန်းလို့ နာမည်ရနေတဲ့ တန်းဝင်ကျောက်တွေပါ ။

တွေ့နေမြင်နေကျ. . .ချက်ကျောက် (သို့မဟုတ်) အပူပေး / အရောင်ပြောင်း / ဆေးသွင်း ထားတဲ့ Imitation တွေထဲကနေ. . . .
သဘာဝတွင်းထွက် ကျောက်မျက် အစစ်ကို ရွေးချယ် ဝယ်ယူနိုင်ဖို့ အတုနဲ့ အစစ် ကွာခြားချက် တွေကို ပြောပြချင်ပါတယ် ။

*********************
1
ကျောက်အမျိုးမျိုးကို
အစစ်လို့ထင်ရလောက်အောင် ချက်လုပ်/ဖန်တီး ရောင်းချနေကြပြီ မို့ . . .
အတု နဲ့အစစ် ခွဲခြား သိနိုင်ဖို့ အချက်အလက်တချို့ကတော့ .
ကျောက်အတု / ချက်ကျောက် ဟူသမျှက
သဘာဝတွင်းထွက် မဟုတ်ပဲ. . . အပူဓါတ်နဲ့ ချက်လုပ်ကြရတာကြောင့်. . .
ကျောက်တစ်ခုလုံးမှာ ပူဖောင်း (သို့မဟုတ်) အမြုပ်လို့ခေါ်တဲ့Gas Bubble လေးတွေ ပြည့်နှက်နေတတ်ပါတယ် ။
ကျောက်ကြည့် မှန်ဘီလူးနဲ့ ကြည့်မှ မြင်ရမှာပါ ။
သာမန်အတိုင်း ကြည့်ရင်တော့ . . .အရောင်အသွေးလှပပြီး အပြစ်အနာအဆာ
ကင်းစင်နေတာကိုပဲတွေ့ရပါလိမ့်မယ် ။
အဲဒီလို အပြစ်အနာအဆာကင်းပြီး အရောင်အသွေးလှပလွန်းနေပြီဆိုရင် သတိထားရတော့မှာပါ ။
ကျောက်အတုဖြစ်ဖို့ များပါတယ် ။

#သဘာဝတွင်းထွက်ကျောက်မျက်တွေဟာ ဘယ်တော့မှ အပြစ်အနာအဆာမကင်းပါဘူး ။
#ဂေါ်တို့ မှတ်စာ တို့ Inclusion လို သဘာဝ အမှတ်အသားလေးတွေ ပါနေတတ်ပါတယ်
#သဘာဝကျောက်အစစ်တွေမှာ
Gas Bubble လို့ခေါ်တဲ့ အမြုပ်ကလေးတွေ ပူဖောင်းလေးတွေ တစ်ခုတလေ ပါတတ်ပေမယ့်
#ချက်ကျောက်အတုမှာလို ကျောက်တစ်ခုလုံး ပြည့်နှက်မနေပါဘူး။
တစ်နေရာ လောက် တစ်ခုလောက်ပဲ ပါတတ်တာပါ။
ထင်သာမြင်သာ ရှိအောင်
မှန်ဘီလူးနဲ့ ကြည့်သင့်ပါတယ် ။

********************************
2
နောက်တစ်ချက်ကတော့. . . . .
မှန်ဘီလူးကောင်းကောင်းနဲ့ကြည့်တဲ့အခါ..
သဘာဝတွင်းထွက် ကျောက်အစစ်ရဲ့ အသားကြောဟာ မကွေ့မကောက်ပဲ တဖြောင့်တည်း တန်းနေတာကိုတွေ့ ရပါလိမ့်မယ် ။
ချက်ကျောက် အတုတွေရဲ့ ကျောက်အသားကြောတွေကတော့ . . ကွေ့ကောက် ရှုပ်ထွေး နေတတ်ပါတယ် ။

************************************
3
နောက်တစ်ချက် သိသင့်တာက အရောင်ပါ။
သဘာဝကျောက်မျက်အစစ် တွေဟာ အရောင် မညီပါဘူး ။
အရည်မညီဘူး အရည်ကွက်တယ် စသည့်ဖြင့် ကျောက်မျက်လောကမှာ ပြောကြဆိုကြပါတယ် ။
ဥပမာ ပတ္တမြားတစ်ပွင့်ဆိုပါစို့ ။
ရုတ်တရက် သာမန်ကြည့်ရင် . . . .အနီရောင် တပြင်တည်းလို့ မြင်ပေမယ့်
မှန်ဘီလူးနဲ့ သေချာထောင်ကြည့်ရင် မီးထိုးကြည့်ရင် . . .
အထဲမှာ . . .အရည်မညီတာ တွေ့ရပါလိမ့်မယ် ။
အနီရောင်ထဲမှာကိုပဲ . . .
အနုအရင့် ကွာခြားတဲ့နေရာတွေ ပန်းရောင် ခရမ်းရောင် ကွက်နေတာတွေ တွေ့ရပါလိမ့်မယ် ။
ကျောက်တစ်ပွင့်လုံး အရောင်တပြေးညီ ဖြစ်နေတဲ့ကျောက်အစစ်ဆိုတာ မရှိသလောက်ကို ရှားပါတယ် ။

အရည်ညီ ပြီး အပြစ်အနာအဆာကင်းတဲ့ကျောက်ဆိုတာ အပွင့်ရေ ထောင်း သောင်းထဲမှာတောင် တစ်ပွင့် ရဖို့ မလွယ် / ရှားပါးလှပါတယ် ။
ချက်ကျောက် သို့မဟုတ် အပူပေးပြီး ပြုပြင်ပြောင်းလဲထားတဲ့ မီးဖုတ်ကျောက်တို့ကတော့ . .
အရောင်ဟာ ကွက်ခြင်းမရှိ. . .
မပြောင်းလဲပဲ တပြေးညီ ဖြစ်နေတတ်ပါတယ် ။

***********************************
4
နောက်တစ်ချက်ရှိပါသေးတယ် ။
သဘာဝတွင်းထွက် ကျောက်မျက်ရဲ့ အသားဟာ သိပ်သည်းကျစ်လစ်ပါတယ်။
ကျောက်အတု ရဲ့ ကျောက်သားကတော့သိပ်သည်းကျစ်လျစ်မှု မရှိပဲ. . .
ဖုံပွပွ ဖြစ်နေမှာပါ ။
ကျောက်အစစ်နဲ့ ယှဉ်ပြီး ကြည့်ရင် ပိုသိသာပါတယ် ။
ကျောက်အရွယ်အစားကြီးရင်
လက်နဲ့ ကိုင်ဆကြည့်တာနဲ့သိသာပါတယ် ။
ကျောက်အတုနဲ့ သဘာဝကျောက်မျက်အစစ်
ဆိုဒ် အရွယ်အစား တူနေရင် . . . .
အလေးချိန်မတူပါဘူး ။
ကျောက်အစစ်က လေးလေးပင်ပင် ရှိပြီး
ကျောက်အတုကတော့ ပေါ့ရွှတ်ရွှတ်ဖြစ်နေမှာ သေချာပါတယ် ။
ကြုံတုန်း . . . .
ကျောက်မျက်ရတနာတချို့ရဲ့ သိပ်သည်းဆကို ပြောပြလိုက်ပါ့မယ် ။

—————-

ကျောက်မျက်ရတနာတို့ရဲ့…သိပ်သည်းဆ

___________________________________

ပတ်တမွား( Ruby) = 3 . 99

နီလာ(Sapphire) = 3 . 99

ထပ်တရာ(Topaz) = 3 . 56

စိန်(Diamond) = 3 . 52

မြ(Emarald) = 2 . 71

ပုလဲ(Pearl) = 2 .70

*********************************
5
ကျောက်မျက်အတု ကို ခွဲခြားသိနိုင်ဖို့ . . .
နောက်ထပ် အချက် တစ်ချက် ရှိပါသေးတယ် ။
အဲဒါကတော့ . . . . .
သဘာဝကျောက်မျက်အစစ်တွေမှာက
မာဆင့် ရှိတဲ့အတွက် . . . .ကျောက်သားမျက်နာပြင်ဟာ တော်ရုံ ပွတ်တိုက်မိရုံနဲ့
ပွန်းပဲ့ စင်းရာ မထင်နိုင်ပါဘူး ။ကျောက်အတု တွေ ဟာ. . . .
မာဆင့် မာနှုန်း မာဂုဏ် မရှိတဲ့ အတွက် . . . အဝတ်စကြမ်းကြမ်းနဲ့ ဖြစ်ဖြစ် ပွတ်တိုက်ကြည့်ရင်
အစင်းရာ ပွန်း ထင်သွားပါလိမ့်မယ် ။
ဒီနေရာမှာလည်း . . .တလက်စတည်း . . .
ကျောက်မျက်တွေရဲ့ မာဆင်စကေး တွေကို
ပြောပြခဲ့ပါ့မယ် ။
—————
ကျောက်မျက်ရတနာတို့ရဲ့မာဆင့်
___________________________

စိန် (Diamond) = 10 .0

နီလာ(Sapphire) = 9 .0

ပတ်တမွား(Ruby) = 9 .0

ထပ်တရာ(Topaz) = 8 .0

ဂေါ်မိတ်(Zircon) = 7.0

မြ(Emerald) = 7 .5 - 8.0

ကျောက်စိမ်း(Jade) = 6 .5 -7.0

**********************************
သတိ
ကျောက်တစ်ပွင့်ဟာ. . . .
အရောင်လည်း တပြေးညီ အရည်ကွက်ခြင်းမရှိ /
အထဲမှာလည်း အပြစ်အနာအဆာ လုံးဝကင်းနေမယ် ဆိုရင်
အဲဒါ အတု ဖြစ်နိုင်ချေ များပါတယ် ။
သေချာအောင် မှန်ဘီလူးနဲ့ ကြည့်ရင် . . .
ကျောက်အတွင်းပိုင်းမှာ
အသားကြောတွေ ကွေ့ကောက်နေမယ်…
အမြုပ်(Gas Bubble)တွေ လည်းရှိနေမယ်. . . .
ကျစ်လျစ်သိပ်သည်းမှုလည်း မရှိ မာဆင့်လည်း မရှိဘူး ဆိုရင်တော့ . .
အဲဒါ . . ကျောက်အတု ဆိုတာ သေချာပါပြီ ။
————————
စစ်ဆေးခြင်း
မီးထိုးကြည့်ခြင်း . . .
နေရောင်မှာ ထောင်ကြည့်ခြင်း. . . မှန်ဘီလူးကောင်းကောင်းနဲ့
ကြည့်ခြင်းတွေ အပြင် . . . .ကျောက်မျက်ရဲ့ ရူပဂုဏ်သတ္တိ တို့
ပုံဆောင်ဓလေ့တို့အလင်းယိုင်ညွှန်းကိန်း တို့. . .
အရောင်ပြောင်းခြင်း /
နှစ်ဖြာအလင်းယိုင်ခြင်း /
အလင်းလက္ခဏာ /
အတွင်းမီးအား /
စုပ်ယူရောင်စဉ်တန်းများ /
မီးစုန်းတောက်ခြင်း လက္ခဏာများ စသည်ဖြင့်လည်း လေ့လာဆန်းစစ်သင့်ပါတယ် ။
———————————
စစ်ဆေးခြင်း
ခရမ်းလွန် ရောင်ခြည်(Ultraviolet Ray)နဲ့
ထိုးကြည့်ရင်လည်း . . . .
ကျောက်အတုနဲ့ အစစ်ရဲ့ ခြားနားမှုကို သိနိုင်ပါတယ် ။

ကျောက်အတုဟာ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတဲ့အခါ. . . အရောင်မှိန်ကျသွားပါလိမ့်မယ် ။
သဘာဝတွင်းထွက် ကျောက်မျက်အစစ်ကတော့ ပိုပြီး လင်းလက် တောက်ပ သွားပါလိမ့်မယ် ။
***********************************
***********************************

————————
လေးစားစွာဖြင့်. . . . .

သန္တာ(Coral)အကြောင်း**********************နဝရတ်တွင် တစ်ခုအပါအဝင်ဖြစ်သော Coral ဟုခေါ်သော သန္တာကျောက်သည် သေးငယ်ရိုးစင်းပြီးေ...
16/07/2023

သန္တာ(Coral)အကြောင်း
**********************

နဝရတ်တွင် တစ်ခုအပါအဝင်ဖြစ်သော Coral ဟုခေါ်သော သန္တာကျောက်သည် သေးငယ်ရိုးစင်းပြီး ကျောရိုးမဲ့ ပင်လယ်သတ္တဝါကလေးများမှ ဖြစ်ပေါ်လာသော ကျောက်ဖြစ်သည်။

သန္တာကောင်များမှ ပေါက်ပွားထွက်လာသော ထုံးကျောက်အစိုင်အခဲများသည် တစ်နှစ်ပြီးတစ်နှစ် တဖြည်းဖြည်းပွား၍ လာခဲ့ရာမှ အစိုင်အခဲကြီးတစ်ခုဖြစ်အောင် ဆက်မိသွားလေတော့သည်။ ရာစုနှစ်ပေါင်းများစွာ ကြာလာသောအခါ သန္တာအသေကောင်များစွာ ပါဝင်သော သန္တာကျောက်တန်းဟူ၍ ဖြစ်ပေါ်လာသည်။ သန္တာကျောက်တန်းများ သေသွားသောအခါ ခိုင်မာသည့်အရိုးစုတည်ရှိပြီး ဤပစ္စည်းများကို ကျောက်မျက်ရတနာများ အဖြစ် အသုံးပြုကြသည်။ သန္တာအများစုသည် အဖြူရောင်များဖြစ်ကြသည်။

သို့သော် သဘာဝသည် လူကြိုက်များသော လိမ္မော်ရောင်မှ အနီရောင်ပုံစံများ အပါအဝင် အခြားအရောင်များဖြင့် သန္တာကို ဖန်တီးနိုင်သည်။ များသောအားဖြင့် လူသိများလေ့ရှိသော (Red Coral) အနီရောင် သန္တာကျောက်သည် အသုံးအများဆုံး ကျောက်မျက်ရတနာပုံစံဖြစ်သည်။ စင်စစ်အားဖြင့် လူသိများသော အနီရောင်ကျောက်သည် ပန်းရောင်၊ လိမ္မော်ရောင်များမှ ဆင်းသက်လာသည်။

ထို့ပြင် သန္တာကျောက်ကို ဝတ်ဆင်ထားလျှင် အကြီးအကဲဖြစ်ခြင်း၊ ခေါင်းဆောင်ဖြစ်ခြင်း၊ သူတစ်ပါးအကျိုးကို ဆောင်ရွက်နိုင်ခြင်း၊ ရန်သူကိုအောင်နိုင်ခြင်း စသည်များကို စွမ်းနိုင်သည်ဟု သတ်မှတ်ထားပေသည်။သန္တာသည် အင်္ဂါနေ့ဖွားသား/သမီးများအတွက် အဆောင်ကျောက်လည်းဖြစ်သည်။

17/09/2022

❤❤❤သဘာဝဂါးနက်စိန်ချွန်းလေးတွေပါ....
# 925 silver
# Earring& pendant
# instock

👑 အခြားသိလိုသမျှကိုလည်း Message Box မှမေးမြန်းနိုင်ပါတယ်ရှင့်.....

👑 လူကြီးမင်းတို့၏ အဖိုးတန် ကျောက်မျက်ရတနာ များဖြင့်လည်း...18k , 13ပဲရည် , 925 silver ပန်းထိမ်ထည်များကိုလည်း လက်ရာသေသပ်လှစွာ စိတ်တိုင်းကျ အထည်ခတ်ပေးပါတယ်။

👑 ကိုယ်တိုင်လာရောက်ကြည့်ရှုပြီးမှ ဝယ်ယူလို့ရသလို၊
ရန်ကုန်မြို့တွင်း (သို့) နယ်မှ ဝယ်ယူလိုသူများကိုလည်း အာမခံဘောက်ချာဖြင့်ပို့ဆောင်ပေးပါတယ်နော်....
Kpay...wavepay...mobile banking နဲ့လည်းဝယ်ယူနိုင်
ပါတယ်နော်....

👑 JEWEL LOVE MYANMAR
G-37/ C , Myanmar Culture Valley ,
PEOPLE PARK .
☎09455552218

❤❤❤သဘာဝဂါးနက်လေးပါ....      # 925 silver      # Earring& pendant      # instock                       👑 အခြားသိလိုသမျှကိ...
30/07/2022

❤❤❤သဘာဝဂါးနက်လေးပါ....
# 925 silver
# Earring& pendant
# instock

👑 အခြားသိလိုသမျှကိုလည်း Message Box မှမေးမြန်းနိုင်ပါတယ်ရှင့်.....

👑 လူကြီးမင်းတို့၏ အဖိုးတန် ကျောက်မျက်ရတနာ များဖြင့်လည်း...18k , 13ပဲရည် , 925 silver ပန်းထိမ်ထည်များကိုလည်း လက်ရာသေသပ်လှစွာ စိတ်တိုင်းကျ အထည်ခတ်ပေးပါတယ်။

👑 ကိုယ်တိုင်လာရောက်ကြည့်ရှုပြီးမှ ဝယ်ယူလို့ရသလို၊
ရန်ကုန်မြို့တွင်း (သို့) နယ်မှ ဝယ်ယူလိုသူများကိုလည်း အာမခံဘောက်ချာဖြင့်ပို့ဆောင်ပေးပါတယ်နော်....
Kpay...wavepay...mobile banking နဲ့လည်းဝယ်ယူနိုင်
ပါတယ်နော်....

👑 JEWEL LOVE MYANMAR
G-37/ C , Myanmar Culture Valley ,
PEOPLE PARK .
☎09455552218

❤❤❤မိုးညှင်းနီလာ..      # 925 silver      #  Earring      # instock                       👑 အခြားသိလိုသမျှကိုလည်း Messag...
29/07/2022

❤❤❤မိုးညှင်းနီလာ..
# 925 silver
# Earring
# instock

👑 အခြားသိလိုသမျှကိုလည်း Message Box မှမေးမြန်းနိုင်ပါတယ်ရှင့်.....

👑 လူကြီးမင်းတို့၏ အဖိုးတန် ကျောက်မျက်ရတနာ များဖြင့်လည်း...18k , 13ပဲရည် , 925 silver ပန်းထိမ်ထည်များကိုလည်း လက်ရာသေသပ်လှစွာ စိတ်တိုင်းကျ အထည်ခတ်ပေးပါတယ်။

👑 ကိုယ်တိုင်လာရောက်ကြည့်ရှုပြီးမှ ဝယ်ယူလို့ရသလို၊
ရန်ကုန်မြို့တွင်း (သို့) နယ်မှ ဝယ်ယူလိုသူများကိုလည်း အာမခံဘောက်ချာဖြင့်ပို့ဆောင်ပေးပါတယ်နော်....
Kpay...wavepay...mobile banking နဲ့လည်းဝယ်ယူနိုင်
ပါတယ်နော်....

👑 JEWEL LOVE MYANMAR
G-37/ C , Myanmar Culture Valley ,
PEOPLE PARK .
☎09455552218

29/07/2022

❤❤❤မိုးကုတ်မြလေးတွေပါ....
# 925 silver
# Earrings& pendants
# instock

👑 အခြားသိလိုသမျှကိုလည်း Message Box မှမေးမြန်းနိုင်ပါတယ်ရှင့်.....

👑 လူကြီးမင်းတို့၏ အဖိုးတန် ကျောက်မျက်ရတနာ များဖြင့်လည်း...18k , 13ပဲရည် , 925 silver ပန်းထိမ်ထည်များကိုလည်း လက်ရာသေသပ်လှစွာ စိတ်တိုင်းကျ အထည်ခတ်ပေးပါတယ်။

👑 ကိုယ်တိုင်လာရောက်ကြည့်ရှုပြီးမှ ဝယ်ယူလို့ရသလို၊
ရန်ကုန်မြို့တွင်း (သို့) နယ်မှ ဝယ်ယူလိုသူများကိုလည်း အာမခံဘောက်ချာဖြင့်ပို့ဆောင်ပေးပါတယ်နော်....
Kpay...wavepay...mobile banking နဲ့လည်းဝယ်ယူနိုင်
ပါတယ်နော်....

👑 JEWEL LOVE MYANMAR
G-37/ C , Myanmar Culture Valley ,
PEOPLE PARK .
☎09455552218

❤ Mogok  Spinel      # 925 silver      # Earring & Pendant      # Instock👑 မိုးကုတ်စပင်နယ်လေးတွေနဲ့ချစ်စရာကောင်း တဲ့နားဆ...
12/07/2022

❤ Mogok Spinel
# 925 silver
# Earring & Pendant
# Instock

👑 မိုးကုတ်စပင်နယ်လေးတွေနဲ့ချစ်စရာကောင်း
တဲ့နားဆွဲလေးနဲ့လော့ကတ်လေးပါ......

👑 ဈေးနှုန်းနဲ့ အခြားသိလိုသမျှကို Message Box မှမေးမြန်းနိုင်ပါတယ်ရှင့်.....

👑 လူကြီးမင်းတို့၏ အဖိုးတန် ကျောက်မျက်ရတနာ များဖြင့်လည်း 18k, 13ပဲရည်, 14ပဲရည်,925 silver ပန်းထိမ်ထည်များကိုလည်း လက်ရာသေသပ်လှစွာ စိတ်တိုင်းကျ အထည်ခတ်ပေးပါတယ်။

👑 ကိုယ်တိုင်လာရောက်ကြည့်ရှုပြီးမှ ဝယ်ယူလို့ရသလို၊
ရန်ကုန်မြို့တွင်း (သို့) နယ်မှ ဝယ်ယူလိုသူများကိုလည်း အာမခံဘောက်ချာဖြင့်ပို့ဆောင်ပေးပါတယ်နော်...
Kpay , Wave pay, Mobile bankings များနဲ့လည်း
ဝယ်ယူနိုင်ပါတယ်...

👑 JEWEL LOVE MYANMAR
G-37/ C , Myanmar Culture Valley ,
PEOPLE PARK .
☎ 09455552218

❤❤❤မြိတ်ပုလဲ      # 925 silver      # Earring     #  instock 👑 အခြားသိလိုသမျှကိုလည်း Message Box မှမေးမြန်းနိုင်ပါတယ်ရှင...
12/07/2022

❤❤❤မြိတ်ပုလဲ
# 925 silver
# Earring
# instock

👑 အခြားသိလိုသမျှကိုလည်း Message Box မှမေးမြန်းနိုင်ပါတယ်ရှင့်.....

👑 လူကြီးမင်းတို့၏ အဖိုးတန် ကျောက်မျက်ရတနာ များဖြင့်လည်း...18k , 13ပဲရည် , 925 silver ပန်းထိမ်ထည်များကိုလည်း လက်ရာသေသပ်လှစွာ စိတ်တိုင်းကျ အထည်ခတ်ပေးပါတယ်။

👑 ကိုယ်တိုင်လာရောက်ကြည့်ရှုပြီးမှ ဝယ်ယူလို့ရသလို၊
ရန်ကုန်မြို့တွင်း (သို့) နယ်မှ ဝယ်ယူလိုသူများကိုလည်း အာမခံဘောက်ချာဖြင့်ပို့ဆောင်ပေးပါတယ်နော်....
Kpay...wavepay...mobile banking နဲ့လည်းဝယ်ယူနိုင်
ပါတယ်နော်....

👑 JEWEL LOVE MYANMAR
G-37/ C , Myanmar Culture Valley ,
PEOPLE PARK .
☎09455552218

❤❤❤စလင်းရွှေမျှင်      # 925 silver      # pendant      #  instock 👑 အခြားသိလိုသမျှကိုလည်း Message Box မှမေးမြန်းနိုင်ပါတ...
12/07/2022

❤❤❤စလင်းရွှေမျှင်
# 925 silver
# pendant
# instock

👑 အခြားသိလိုသမျှကိုလည်း Message Box မှမေးမြန်းနိုင်ပါတယ်ရှင့်.....

👑 လူကြီးမင်းတို့၏ အဖိုးတန် ကျောက်မျက်ရတနာ များဖြင့်လည်း...18k , 13ပဲရည် , 925 silver ပန်းထိမ်ထည်များကိုလည်း လက်ရာသေသပ်လှစွာ စိတ်တိုင်းကျ အထည်ခတ်ပေးပါတယ်။

👑 ကိုယ်တိုင်လာရောက်ကြည့်ရှုပြီးမှ ဝယ်ယူလို့ရသလို၊
ရန်ကုန်မြို့တွင်း (သို့) နယ်မှ ဝယ်ယူလိုသူများကိုလည်း အာမခံဘောက်ချာဖြင့်ပို့ဆောင်ပေးပါတယ်နော်....
Kpay...wavepay...mobile banking နဲ့လည်းဝယ်ယူနိုင်
ပါတယ်နော်....

👑 JEWEL LOVE MYANMAR
G-37/ C , Myanmar Culture Valley ,
PEOPLE PARK .
☎09455552218

❤ Swarovski          # 925 silver      # Pendant       # Instock      #( ဆိုင်မှဝယ်ယူထားသော  Swarovski& 925 အထည်လေးတွေကိ...
03/07/2022

❤ Swarovski
# 925 silver
# Pendant
# Instock
#( ဆိုင်မှဝယ်ယူထားသော Swarovski& 925 အထည်လေးတွေကို 30%နဲ့အလဲအထပ်ပြန်လုပ်ပေးပါတယ်......ငွေတော့ပြန်မအမ်းပါဘူးနော်....)

👑 Swarovski diamond နဲ့ချစ်စရာကောင်း
တဲ့ ...လော့ကတ်လေးပါ...

👑 အခြားသိလိုသမျှကိုလည်း Message Box မှမေးမြန်းနိုင်ပါတယ်ရှင့်.....

👑 လူကြီးမင်းတို့၏ အဖိုးတန် ကျောက်မျက်ရတနာ များဖြင့်လည်း...18k , 13ပဲရည် , 925 silver ပန်းထိမ်ထည်များကိုလည်း လက်ရာသေသပ်လှစွာ စိတ်တိုင်းကျ အထည်ခတ်ပေးပါတယ်။

👑 ကိုယ်တိုင်လာရောက်ကြည့်ရှုပြီးမှ ဝယ်ယူလို့ရသလို၊
ရန်ကုန်မြို့တွင်း (သို့) နယ်မှ ဝယ်ယူလိုသူများကိုလည်း အာမခံဘောက်ချာဖြင့်ပို့ဆောင်ပေးပါတယ်နော်....
Kpay...wavepay...mobile banking နဲ့လည်းဝယ်ယူနိုင်
ပါတယ်နော်....

👑 JEWEL LOVE MYANMAR
G-37/ C , Myanmar Culture Valley ,
PEOPLE PARK .
☎09455552218

30/06/2022

925 Silver Sterling Silver ဆိုတာဘာလဲသိချင်သူ​တွေအတွက်ပါရှင်😇

925 ဆိုတာ ငွေ 92.5% ကို ကြေး သို့မဟုတ် အခြား သတ္တုတစ်မျိုးမျိုး 7.5% နဲ့ စပ်ထားတာပါ ငွေ 92.5% ပါတာကို အစွဲပြုပြီး 925 ခေါ်တာပါ

ရွှေထည် မှာ အခေါက်ရွှေ အတိုင်း အထည်မခတ်ဘဲ ၁၄ပဲရည် ၁၅ပဲရည် အစရှိသည် ဘော် ကြေး နဲ့ စပ်ရသလိုပါပဲ ငွေ ချည်းပဲ အထည်ခတ်လို့ အဆင်မပြေတဲ့အတွက် အခြား သတ္တုစပ်တာပါ

Sterling Silver လို့လည်း ခေါ်ပါတယ် Sterling ငွေဒင်္ဂါပြား တွေမှာ သုံးတဲ့ ငွေရည် ဖြစ်လို့ Sterling Silver ခေါ်ပါတယ်

ငွေထည် 925 Sterling Silver အားလုံးက Silver 92.5% ကိုပဲ ဆိုလိုပါတယ်

ဘယ်နိုင်ငံကထုတ်ထုတ် ဘယ်ပန်းထိမ်ကထုတ်ထုတ် 925 Silver ဆိုတာ 92.5% Silver အားလုံး အတူတူပါပဲ

အရည်အသွေး Quality ကွာခြားမှု ဘယ်နေရာမှာ ရှိသလဲ

7.5% သတ္တုစပ်တဲ့နေရာ ကြေး နဲ့ စပ်မလား Alloy နဲ့ စပ်မလား Platinum အစရှိတဲ့ တန်ဖိုးမြင့်တဲ့ သတ္တုမျိုး ထည့်စပ်မလား

ဒါတော့ ကွာပါလိမ့်မယ်
Alloy သတ္တု အကောင်းစား နဲ့ စပ်တာ ဘာတွေ အားသာချက် ရှိသလဲ

အဓိကတော့ ပလက်တီနမ် အရောင်တင်ရင် အရောင်ထွက် ပိုလှမယ် အရောင်တင်တာ ပိုပြီး ကြာရှည်ခံမယ်

ဒါက စပ်တဲ့ သတ္တုပဲ မဟုတ်ဘဲ အရောင်တင်တဲ့ ဆေးရည် ရဲ့ Quality အပေါ်မှာလည်း မူတည်ပါတယ်

ပလက်တီနမ်အရောင်ပဲ တင်လို့ ရတာလား?

ပလက်တီနမ်အရောင် အပြင် ရွှေရောင် Rose Gold color တွေလည်း အရောင်တင်လို့ ရပါတယ်

ဒါပေမယ့် Silver ရဲ့ original အရောင် နဲ့ နီးစပ်တဲ့ ပလက်တီနမ်အရောင်ကပဲ အရောင် ကြာရှည်ခံတယ် ရွှေရောင် rose gold အရောင် တွေကတော့ အရောင်အကြာကြီး မစွဲပါဘူး အရောင်ကျမြန်ပါတယ်

ရွှေထည်ပဲဖြစ်ဖြစ် ငွေထည်ပဲဖြစ်ဖြစ် အခုခေတ်က ဆေးရည်နဲ့ အရောင်တင်ထားတာတွေချည်းပါ

ရွှေထည် ဖြစ်ဖြစ် ငွေထည်ဖြစ်ဖြစ် ဘယ်အရောင်ပဲတင်တင် နေ့စဉ် ဝတ်တဲ့ အထည်မျိုးကတော့ အနှေးနဲ့အမြန် အရောင်မှိန်တတ်ပါတယ် ပွဲတက် တခါတလေ ဝတ်တဲ့အထည်မျိုးဆို တော်တော်နဲ့ အရောင်မကျပါဘူး

အဝတ်များလို့ အရောင်ကျသွားရင် ပန်းထိမ်တွေမှာ အရောင်ပြန်တင်လို့ ရပါတယ်

ငွေထည်က မဲတတ်သလား ?

ဝတ်တဲ့သူအပေါ် မူတည်ပါတယ် ငွေနဲ့တည့်တဲ့သူ ကတော့ မမဲပါဘူး

❣ငွေနဲ့မတည့်တဲ့သူမျိုးဆို ချွေးစားပြီး မဲတတ်ပါတယ်

925 မိုထည် original frameတွေက ဘာလို့ ဈေးသက်သာနေရတာလဲ?
ထုတ်လုပ်တဲ့နည်း ကွာလို့ပါ

စက်ရုံထုတ် မိုထည်တွေက ကွန်ပျူတာဖယောင်းထည် ကို cz စိန်တွေပါ တခါထဲထည့်ပြီး ဒီဇိုင်း တစ်မျိုးကို ၁၀၀ခု အစရှိသည် အရေအတွက် အများကြီး တစ်ခါထဲ ထုတ်တာပါ အဲဒီအတွက် လုပ်အားခ က အများကြီး သက်သာပါတယ်

အရေအတွက် အများပြီး မှာမှပဲ ထုတ်ပေးတဲ့အတွက် ကိုယ့်စိတ်ကြိုက် ဒီဇိုင်း သီးသန့် တစ်ခုတည်း ၂ခုတည်း အော်ဒါအပ်ချင်ရင် အဆင်မပြေဘူး​ပေါ့ရှင်

ပန်းထိမ်ထည်ကျ ဒီဇိုင်း တစ်ခုချင်းအတွက် လုပ်တာ ဖြစ်လို့ လုပ်အားခ ပိုများပါတယ်
ကိုယ့်စိတ်ကြိုက် ဒီဇိုင်းလည်း လုပ်လို့ ရပါတယ်

❣နောက်တစ်ခုက မိုထည်က cz စိန်တွေ တခါထဲ ထည့်လောင်းလို့ရတဲ့အတွက် ကျောက်တပ်ဖို့ လုပ်အားခ ရော အချိန်ရော အများကြီး သက်သာပါတယ်

ပန်းထိမ်မှာကျ ကျောက်တွေ စိန်တွေ တပွင့်ချင်း တပ်ရတာပါ
စက်ရုံထုတ် မိုထည်တွေရဲ့ အားနည်းချက် တစ်ခုက cz မထည့်ဘဲ အခြားတွင်းထွက်ကျောက် တွေတော့ မိုလောင်းစက်ထဲ တခါထဲ ထည့်လို့မရပါဘူး

cz မဝတ်ချင်ဘူး တွင်းထွက်အစစ်ပဲ ဝတ်ချင်တယ်ဆိုရင်တော့ စက်ရုံထုတ်မိုထည်နဲ့ အဆင်မပြေပါဘူး
*အားသာချက် အားနည်းချက် *
စက်ရုံထုတ် မိုထည် ရဲ့ အားသာချက်ကတော့ ဈေးသက်သာခြင်း အခုချက်ချင်း ကျောက် ကောက်ထည့်တပ်ပြီး ဝတ်ဖို့ အဆင်ပြေခြင်း ပါ
အားနည်းချက်ကတော့ ရှိနေတဲ့ ဒီဇိုင်းပဲ ရွေးချယ်နိုင်ခြင်း မိုထည်နဲ့ တော်တဲ့ ကျောက်ဆိုဒ်တွေသာ သုံးလို့ရခြင်း ပါ (ကျောက်တွေ အထုပ်လိုက် ဝယ်ထားရင် မတော်တဲ့ ကျောက်တွေ အပို ဖြစ်ကုန်တယ်)
ငွေပန်းထိမ်ထည်တွေကတော့ အလျော့လက်ခ ပေးရတယ် အချိန်စောင့်ရတယ်

အားသာချက်ကတော့ ကိုယ် နှစ်သက်ရာ ဒီဇိုင်း ရွေးချယ်နိုင်ခြင်း ကိုယ့်ဆီရှိတဲ့ ကျောက်အရွယ်အစား အတိုင်း ဖန်တီးနိုင်ခြင်း (ကျောက် အလေအလွင့် နည်းခြင်း) ပါ

🤍ငွေထည်က ဘယ်သူတွေ ဝတ်ဖို့ သင့်တော်သလဲ ?

💛Fancy မဝတ်ချင်တဲ့သူတွေ
💛သဘာဝတွင်းထွက်အစစ် semi precious တန်ဖိုးသင့်ကျောက်တွေနဲ့ အထည်ခတ်ဖို့ ရွှေဖိုး အကုန်မခံချင်တဲ့သူတွေ
ကျောက်ကိုပဲ အဓိက စုဆောင်းလိုပြီး သိမ်းရလွယ်အောင် အထည်ခတ်ထားချင်သူတွေ
တွင်းထွက်အစစ်ကိုပဲ ပေါ့ပေါ့ပါးပါး ဝတ်ချင်တဲ့သူတွေ (Silver က ရွှေထက် သိပ်သည်းဆ Density နည်းတဲ့အတွက် နားဆွဲ လို အထည်မျိုးတွေ ဆို weight ပေါ့ပါတယ်)

crd #

Address


Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959455552218

Website

Alerts

Be the first to know and let us send you an email when Jewel Love Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed jewelry/watch store?

Share