Aung Myin Chan Thar Gems & Jewellery

Call Directions

Aung Myin Chan Thar Gems & Jewellery မဂၤလာပါ

11/10/2026

ဘုရားရှင်နဲ့တကွအရိယာသူတော်ကောင်းကြီးများလျှောက်ခဲ့တဲ့လမ်းကသတိပဌာန်လမ်းမကြီးတလမ်းဘဲရှိပါတယ်ဒီလမ်းကိုလျှောက်တဲ့သူတိုင်းဉာဏ်စဉ်အဆင့်ဆင့်ဖြတ်သန်းခဲ့ကြရမှာဘဲ လမ်းမှန်ဖို့နဲ့ဆရာကောင်းနဲ့တွေ့ဖို့ ၁၀၀%အရေးကြီးပါတယ်

27/09/2026

🌺မနောကံ~မလုံရင်ဝစီကံလည်း
မလုံချင်ဘူး~ရပ်ထဲရွာထဲက အာရုံ
ငါးပါး လိုက်စားနေသူတွေကို မဆိုထားပါနဲ့~တရားသမားတွေတောင်
မှ စကားများချင်ချင်ရယ်~တရားသမားဟာ မုသားပြောလွတ်ကင်း~
အချင်းချင်း ကုန်းတိုက်ဆဲရေး
တိုင်းထွာမရှိတော့ပေမယ့်~ အရည်
မရ~အဖတ်မရ~ သမ္ဖပ္ပလာပ စကားမျိုးတော့ ပြောတတ်သေးတယ်~ဝစီဒုစရိုက်မလွတ်သေးဘူး ~
တရားမတွေ့သေးပေမယ့်လည်း~
တွေ့သယောင်ယောင်~စကားဖောင်နေတတ်တယ်~တွေ့ပြီးသူကလည်း တရားအမွှန်းတင် စကားဘောင်
ဘင်ခတ်တတ်ပါတယ်~
ဝစီမလုံရင်~အိတ်ပေါက်နဲ့ ဖားကောက်ပဲ~ပထမထိုင်စဉ်ကရတဲ့ မှတ်အားတွေ~စကားထဲရောပါသွားပြီး ဒုတိယအထိုင်ကို အကူမပေး
နိုင်တော့ဘူး ~
မှတ်နေတာကစိတ်ငြိမ်ပြီး~နှလုံးအိမ်နဲ့ဘဝင်လေများများမလှုပ်ရှားအောင် ဖိအားပေးနေတာ ~
ပြောနေတာက~ စိတ်ထလာအောင် နှလုံးအိမ်နဲ့ဘဝင်လေကို ဖွပေး~ဆွ
ပေးနေတာ ~အမှတ်က လက်နဲ့ရေး အပြောက ခြေနဲ့ဖျက် ~
ဒါကြောင့်~ တရားအလုပ်မှာ~ အပြောမှန်သမျှနည်းနည်းမှမရောမိအောင် စိတ်ကိုသိမ်းဆည်းပါ ~🌺
********
မဟာဗောဓိမြိုင်ဆရာတော်
ဘုရားကြီး

24/09/2026

#မနက်၉နာရီ၄၅ မိနစ်က ပျံလွန်တော်မူပြီး

#မွန်းလွဲပိုင်း #၂နာရီတွင်
(ပျံလွန်တော်မူပြီးလေးနာရီအတွင်းမှာပဲ)
စျာပနကိစ္စအားလုံး အချိန်တိုအတွင်းပြီးစီး

ယနေ့
(၁၃၈၁-ခုနှစ် တော်သလင်းလပြည့်ကျော် ( ၂ ) ရက် တနင်္ဂနွေနေ့ ( 15-9-2019 )

#အမရပူရမြို့မဟာဂန္ဓာရုံကျောင်းတိုက်
#နာယကဆရာတော် #ဥုးဇနပတိ
#အဂ္ဂမဟာပဏ္ဍိတ
#အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ
#သာသနာ့ဓဇသိရီပဝရဓမမှာစရိယ
#အင်္ဂုတ္တရနိကာယပါဠိပါဂူ
#သက္ကတဆေက၊ #ဂန္ထကာရက ( #ကျမ်းပြု )

( မဟာဂန္ဓာရုံတရာတော်ကြီးနှင့်အတူ
ဘာသာဋီကာကျမ်းစာ ( ၁၄ ) ကျမ်းကျော်
အတူပြုစုပေးခဲ့ပါသည်။)

မြို့နယ်သံဃမဟာနာယက

သက်တော် ( ၇၆-နှစ် ) သိက္ခာတော် ( ၅၆ ) ဝါရှိ

ယခုလွန်တော်မူသည့်
#ဆရာတော်၏ #ဆန္ဒတော်အရဆေးတက္ကသိုလ်တွင် #ရုပ်ကလာပ်လှူဒါန်းလိုက်ပါသည်။

စျာပနမချမီ မဟာဂန္ဓာရုံသံဃာငယ်အပေါင်းမှ ညီညီညာညာ ကန်တော့တောင်းပန်ကြပြီး သံဝေဂတို့နှလုံးသွင်းကာ
အလောင်းတော်သယ်ဆောင်မည့်
ဆေးရုံကားပေါ်သို့ ပို့ဆောင်ပေးကြပါသည်။

ကိစ္စအားလုံး အကျဉ်းချုပ်၍
အချိန်တိုအတွင်း စျာပနကိစ္စ ပြီးစီး ချုပ်ငြိမ်းသွားပါသည်။

#လွယ်ကူစွာအသက်မွေးခြင်းသည်မိမိကြောင့်တစ်ပါးသူတို့ #တာဝန်မတက်စေခြင်းသည်သူတော်ကောင်းတို့ဂုဏ်ပါတည်း။

#ဝိနည်းလည်းလေးစား
#စာပေလည်းအလုံးစုံတတ်ပြီး
မဟာဂန္ဓာရုံဆရာတော်ကြီး၏
ကျမ်းစာများကိုလည်း
အတူရေးသားပြုစုပေးတော်မူခဲ့သလို
​
#ကိုယ်ဝတ်သင်္ကန်းဆိုလို့လည်း နှစ်စုံမျှသာ အသုံးပြု ဝတ်ရုံတော်မူပြီး

#ဘယ်သူကဘာပစ္စည်းလှူလှူ
ချက်ချင်း ကိုရင်တွေ သူတော်တွေ
သံဃာ့ဝေယျာဝစ္စလုပ်ပေးသည့်
သံဃာများကို ရလျင် ရချင်း
ပြန်လှူဒါန်းတော်မူပါသည်။
ဘာပစ္စည်းမှမသိုမှီးပါ။
ဘာကိုမှလည်း မငြိတွယ်ပါ။

#အနေလည်းရိုးရှင်းတော်မူသလို
#ဈာပနကိစ္စကိုလည်းဘယ်သူနဲ့မှမတူအောင်
#အလုံးစုံရိုးရှင်းတော်မူပါသည်။



29/08/2026

မမျော်စိတ်နဲ့လှူဒါန်းလိုက်ပါ

•••••••••••••••••••••

"တပည့်တော်တို့ ရန်ကုန်
ကတောင် လာဖူးရတာပါ
ဘုရား"ဟု အစချီလျက်

ဟောဒါက
ဘာလေးပါ ဘုရား
ညာလေးပါဘုရား

နိုင်ငံခြားက တပည့်တော်
သားသမီးပို့လိုက်တဲ့ ရှားရှားပါးပါး
အသုံးအဆောင်လေးပါ ဘုရား

မေတ္တာပို့ပေးပါဦးဘုရား
စသည်ဖြင့် ဖွဲ့ဖွဲ့နွဲ့နွဲ့
လျှောက်ထားလာသူများအား

"ဟောဗျာ၊ ရန်ကုန်မှာ
သံဃာမရှိတာ ကျလို့ဗျာ။

ကိုယ့်အိမ်ရှေ့ ဆွမ်းလာရပ်တဲ့
သံဃာ လှူလိုက်တော့ကော
ကုသိုလ်မရလို့လားဗျ။

အင်း ခင်ဗျားတို့ ဒီလို
ပုဂ္ဂိုလ်စွဲနဲ့သာ လှူနေရင်

ငါစွဲ ငါ့ပစ္စည်းစွဲဆိုတဲ့
တဏှာ မာန ဒိဋ္ဌိတွေက
ဘယ်တော့ လွတ်မတုန်းဗျ။

ငါတော့ ဘယ်ဆရာတော်ကြီး
ကို ဘာလှူလိုက်ရတာ ဆိုတဲ့
စွဲစိတ်တွေ ပျော်စိတ်တွေ

ဒီလိုလှူလိုက်ရလို့ နောင်ဘဝကျ
ငါဘာဖြစ်မှာဆိုတဲ့ အမျှော်စိတ်
တွေနဲ့ လှူနေသမျှ

ခင်ဗျားတို့ဒါန အကျိုးပေး
မစင်ကြယ်သေးဘူးလို့ မှတ်ဗျာ။

အကျိုးပေးမှ မစင်ကြယ်
သေးရင် မဂ်ဖိုလ် နိဗ္ဗာန်
ဆိုတာ ဝေးသေးဗျ။

ပြီးတော့ တို့ကို တစ်ကျပ်ဖိုး
အထင်ကြီးရင် တခြားသံဃာကို

တစ်ကျပ်ဖိုး အထင်သေးသလို
ဖြစ်နေတတ်တဲ့သဘောကိုရော
ဆင်ခြင်မိကြ ရဲ့လားဗျာ ဟုတ်ဗျာ..

သံဃာဆိုတာ မြတ်စွာဘုရားနဲ့
အမြင်တူ အကျင့်တူလို့ သံဃာ
ခေါ်တာဗျ။

ဟာ...ဘယ်သံဃာတော့ဖြင့်
ကြည်ညိုစရာမကောင်းလို့
မလှူဘူး မလုပ်ပါနဲ့။

မကောင်းတာ သူ့အပိုင်း
သူ့အပြစ် သူခံလိမ့်မယ်။

ခင်ဗျားတို့ ကောင်းတာလုပ်
ကောင်းတာ ဖြစ်မှာပေါ့။

ဟုတ်ဗျား လှူတတ်မယ်ဆိုရင်
ဆွမ်းကလေး တစ်ဇွန်းနဲ့လည်း
တစ်ပြည်လုံး၊ တစ်ကမ္ဘာလုံးက
သံဃာတွေကို လှူလို့ရပါတယ်ဗျ။

သံဃာလို့ဆိုလိုက်တာနဲ့ ဒီနေ့မှ
ရှင်ဖြစ်တဲ့ သံဃာကနေ ဘုရား
ရဟန္တာတွေအထိ အကုန်ပါတယ်ဗျ၊

တို့ဘာနဲ့တူလဲဆိုတော့ ဒီနေ့မှ
စစ်ထဲဝင်တဲ့ ရဲဘော်အသစ်ကနေ
ဟိုဗိုလ်ချုပ်ကြီးအထိကို စစ်တပ်
လို့ ခေါ်သလိုပေါ့။

သံဃာလည်း ဒီနေ့မှ သင်္ကန်း
စဝတ်သူကနေ ဘုရားရဟန္တာ
တွေအထိဆိုတော့ နည်းသလားဗျ။

သက်တော်ထင်ရှားတွေရော
ပရိနိဗ္ဗာန်ပြုသွားတဲ့ ဘုရား
ရဟန္တာတွေရော အားလုံး
အကျုံးဝင်တယ်။

ဒါ့ကြောင့် လှူတတ်မယ်ဆိုရင်
ပုဂ္ဂိုလ်စွဲကင်းကင်းနဲ့သာလှူ

အိမ်ရှေ့ဆွမ်းရပ်တဲ့ ကိုယ်တော်
သပိတ်ထဲ ဆွမ်းလေးတစ်ဇွန်း
လောင်းပြီး

သံဃာ့ဂုဏ်များ အာရုံပြုနေရင်ဗျာ
နိဗ္ဗာန်မှာ စံတော်မူနေတဲ့ ဘုရား
ရဟန္တာပေါင်း မရေမတွက်နိုင်
အောင်ထိ လှူပြီး ဖြစ်ပါတယ်ဗျာ။

ဒါနပြုတယ်ဆိုတာ ငါစွဲဖြုတ်
နေတာ ငါပိုင်တယ်ဆိုတာတွေ
ကို စွန့်လွှတ် ပေးလှူပစ်တာ

လိုချင်မှု သိမ်းပိုက်မှုဆိုတဲ့
တဏှာ လောဘတွေကို
ဒါနနဲ့ ခွာချနေတာ

ရင်ဝမှာ စူးနေတဲ့လှံကို
ဆွဲနုတ်ပစ်လိုက်တာ

ငါ ဒီလိုအလှူကြီး လှူလိုက်လို့
နောင်ဘဝဘယ်လို ကောင်းစား
ဦးမှာဆိုတဲ့ အမျှော်စိတ်နဲ့ လှူနေရင်

နောက်ထပ် စိုက်ဝင် စူးဝင်
လာမယ့် လှံတွေကို ရင်ကော့
ပြီး ခံနေသလို ဖြစ်မှာပေါ့။

ငါးကြီးကြီးလိုချင်လို့
ငါးသေးသေးကို ငါးစာလုပ်
မျှားချိတ်မှာ တပ်မျှားသလိုဖြစ်မှာပေါ့။

ဒီလိုအလှူမျိုး လှူတိုင်း
မကောင်းဘူး။ ကုသိုလ်လိုချင်လို့
လုပ်တာ အကုသိုလ်ပဲ များမယ်။

ကျောင်းကြီးဆောက်လှူပါရဲ့
ငါ့ကျောင်းလို့ စွဲနေရင် ကိုယ့်
ကျောင်း ကိုယ်ပြန်စောင့်ရလိမ့်မယ်။

ဘုရားတည်ပြီး ဘုရားဒကာ
ဘွဲ့ထူးကြီးတော့ ခံယူပါရဲ့ ။

ငါ့ဘုရားလို့စွဲနေရင် အဲဒီဘုရား
ပြန်စောင့်နေရလိမ့်မယ်။

ငါ့ဆရာတော်လို့စွဲနေရင်
ဆရာတော့် ကျောင်းနား
ပြိတ္တာကြီး လာဖြစ်လိမ့်မယ်ဗျ။

တို့ကျောင်းနား လာကပ်လို့က
တော့ ကျောက်ခဲ ပရိတ်မန်းပြီး
ထုလွှတ်မှာဗျနော်။ ဟုတ်လား။

လဲတယ်ဆိုတာ သူတကာ ခြေထိုးလို့
လဲတာ မဟုတ်ဘူး။ ကိုယ့်ပုဆိုးစ
ကိုယ်တက်နင်းမိလို့ လဲကြတာဗျ ။

ဗုဒ္ဓဘာသာမှ လှူသလားဗျာ။
လူဖြစ်မှ လှူကြသလားဗျာ။

တိရစ္ဆာန်တွေရော ဘာသာခြား
တွေရော ဒါနပြုနေကြတာပါပဲ။

ဟော.. ခွေးအိုမကြီးဗျာ၊
သူ့သားသမီးတွေ နို့တိုက်
ကျွေးမွေးလို့ ဒါနမပြုဘူးလားဗျာ။

ဒီခွေးမကြီးအလှူမှာ ဘာမျှော်
စိတ်မှမရှိလို့ မေတ္တာစစ်နဲ့ယှဉ်ပြီး
ပေးကျွေးတဲ့ ဒါနဖြစ်လို့ မြတ်သေးဗျာ။

တို့လူတွေများ အလှူလေး
လုပ်ပြီးတာနဲ့ တောင်းလိုက်တဲ့ဆု

ဒီဘဝ ဘာဖြစ်ရပါစေ
နောက်ဘဝ ဘာဖြစ်ရပါစေနဲ့
နိဗ္ဗာန်က နောက်ဆုံးမှပါဗျာ

ဟော ဒိပြင်ဘာသာဝင်တွေလည်း
လှူတာကောင်းမှန်းသိလို့ လှူနေကြ
တာပါပဲ။ ဒါနခင်း ချဉ်းကပ်မိတာပါပဲ။

ဒါပေမဲ့ ငါ, ငါစွဲအတ္တ၊ ပစ္စည်းမာန
ပုဂ္ဂိုလ်စွဲတွေ ရှိနေသမျှ ပါရမီ
မြောက်တဲ့ဒါန မဖြစ်ဘူး။

စွန့်လွှတ်ခြင်းအစား တစ်ဖန်
ပြန်လည်ရယူရေးကို ဦးတည်
နေလို့ ပါရမီဆိုတဲ့စကားနဲ့တော့
ဖီလာကန့်လန့်ချည်းပဲ။

ပါရမီဒါန ဆိုတာ လှူဆဲကာလ
ဉာဏ်ယှဉ်ပါမှဗျ အဲဒီတော့ ငါစွဲ
ပုဂ္ဂိုလ်စွဲ၊ ပစ္စည်းစွဲတွေအစား

ငါလည်းမမြဲ၊ ပုဂ္ဂိုလ်လည်း
မမြဲလို့ ဆင်ခြင်ပြီးလှူနိုင်ပါမှ
မဂ်ဖိုလ် နိဗ္ဗာန်ရဲ့ အကြောင်း
အထောက်အပံ့ ဖြစ်တယ်ဗျ။

"ကြည့်သောသူသည် မြင်၍
မြင်သောသူသည် ဆင်ခြင်၏"

▪️
#ကျေးဇူးတော်ရှင်
#မဟာဗောဓိမြိုင်ဆရာတော်ဘုရား

27/08/2026
23/08/2026

" ဆရာ/ဆရာမ ဆိုတာ ဝန်ထမ်းတွေထဲမှာ အမြတ်ဆုံးပါ "
~~~~~~~~~~~~~~
#ဝန်ထမ်းက ဒါနလိုင်းက မသွားနဲ့
သီလလိုင်းက သွားပါ
အရေးကြီးတာက သီလလိုင်းလေ . . .
ဒို့က သာသနာ့ဝန်ထမ်း . . သီလလိုင်းလေ
ဒို့ဆရာ/မ များကပြည်သူ့ဝန်ထမ်း . .
သီလလိုင်းပါဘဲ . . . .
ဒါကြောင့် ဒါနလိုင်းက မသွားနဲ့
ဒါနက သင့်ရုံတော်ရော့ပေါ့ . .
ကိုယ့်အိမ်နေ့တိုင်းဘုရား ကို ဆွမ်းကပ်ပါ . .
ပန်း. . ရေချမ်းကပ်ပါ
ဒီထက်တတ်နိုင်ရင် ကိုယ့်အိမ်ရှေ့ ကြွလာတဲ့
သံဃာကို လှူပါ တော်ရော့ပေါ့
သိပ်ကြီးကြီးကျယ်ကျယ် မလုပ်နဲ့
ရတဲ့လစာနဲ့ ရတဲ့အဆင့်က
တိကာ တိုင်းကာရယ်
ဆရာ/မ တို့စုကြစမ်းပါ ရှိတိုင်းမသုံးနဲ့
လမ်းတွေ့လို့ ငါးရာတန် ပစ္စည်းလေး ကြုံတုန်း
ဝယ်လိုက်ဦးမယ် စိတ်မကူးနဲ့
အောင့်လိုက်စမ်းပါ . . အောင့်လိုက်ရင် . . .
ငါးရာ လည်းအဖတ်တင်ပါလိမ့်မယ်
ပြီးတော့ ငါးရာတန် တဏှာလည်းပယ်သတ်ပြီးသား
ဖြစ်ပါလိမ့်မယ် နှစ်ခါအကျိုးရှိပါတယ်
စုကြစမ်းပါ တို့ဒီလိုနဲ့မပြီးသေးဘူးလေ . .
အမှုထမ်းတွေက
ကြံရည်ဆိုင်က ကြံချောင်းတွေလို ဘယ်လိုမှ
ညစ်ထွက်လို့မရတော့မှ
အမှိုက်ပုံ ပို့တာလေ . . .
အဲဒီတော့ ဘာသွားစားမှာတုံး
ဒါကြောင့် ဒီလိုနဲ့ မပြီးနဲ့
မနက်ဖြန်အတွက်စဉ်းစားပါ . . .

#သီလအရေးကြီးပါတယ် . .
သီလဆိုလို့
၅ ပါး . . ၈ ပါး . . ၁၀ ပါး မဟုတ်ပါဘူး . . .
ကိုယ်ကျင့်သီလပါ. .
ဆရာ/မ တို့က ကလေးတွေကို
ကိုယ်သိတဲ့ ပညာတွေပေးနေတာ ဒါနပါဘဲ
ပညာဒါနဟာ အမြတ်ဆုံးပါ . .

#ဒုတိယ အမြတ်ဆုံးက ကျမ္မာရေးပါ
ဆရာဝန် /ဆရာမတွေလေ. . .
ဝန်ထမ်းထဲမှာ သူတို့နှစ်ခုက အမြတ်ဆုံးပါ. . .
နေ့တိုင်းလုပ်နေတဲ့ ဒါနတွေပါ . . .
ကိုယ်တတ်သလို တတ်ပါစေ . .
ကိုယ်သိသလို သိပါစေ
ဒီစိတ်အမြဲထားပါ . . .
ကလေးတွေကို စာသင်တဲ့အခါ
ဆရာ/မ တို့က ကျောင်းသားခုံဆင်းထိုင်ပါ . .
နင်တို့ ငါ့နေရာက စာသင်ကြလို့ခိုင်း . .
သူတို့ကို စာသင်တဲ့အခါ
ကိုယ့်နေရာကမသင်နဲ့
သူတို့အရွယ်နဲ့ ကိုယ့်အရွယ်မတူဘူးလေ
သူ့ အတွေ့အကြုံနဲ့ ကိုယ့်အတွေ့အကြုံမတူဘူးလေ
ငါ သူတို့ အဆင့်တုန်းက
ကိုယ့်စိတ် ဘယ်လိုနေသလဲ
ဘယ်လိုသဘောထားလဲ
အဲဒါကြည့်သင် ဒါဆို မြန်မြန်တတ်ပါတယ် . . . . .

#ဘုရားကပေးတဲ့ သီလနှစ်ပါးက
"ကိုယ်နဲ့စိတ်လုံအောင်ထိန်းတဲ့"
ဆရာ/မ တို့ကြတော့စိတ်ကိုဘဲပြောလိုက်မယ်
ကိုယ်ကျိုးစွန့်တဲ့စိတ်ထားပါ
ပညာသင်တာလဲ အများဖို့နော်
ပညာပါရမီစုတာတဲ့ကွဲ့ . . .
သိက္ခာပုဒ်တွေဘယ်လောက်များများ
ကိုယ် ကျိုးစွန့်လိုက်ရင်လုံပြီထင်တယ်နော် . .
သိက္ခာပုဒ်တွေ ဘယ်လောက်များများ
ကိုယ် ကျိုးရှာလို့ပျက်တာကွဲ့ . .
ကိုယ်ကျိုးစွန့်တဲ့ စိတ် . .
တစ်စိတ်ထဲထား . .
ဒီသီလ လုံရင်
ဒီအမှုထမ်း အတော်ဆုံးဘဲကွဲ့ . .
ဒါတွေက . . .
အမြတ်ဆုံးဒါနတွေပါ . .
(လှူမှ နတ်ပြည်ရောက်
မယ်ဆို ဘုန်းကြီးနဲ့ ဖွားသီလရှင် မပါဘူးကွဲ့)
လှူမှ မလှူတာ . . . ဟုတ်သလားဗျာ. . .
ကိုယ်ကျိုးစွန့်လေ မေတ္တာအားကြီးလေ. .
ကိုယ်ကျိုးစွန့်လေ ကရုဏာအားကြီးလေ. .
အဲဒါ အမြတ်စိတ်တွေနော် . . .
( ကိုယ်ကျမ္မာ . . စိတ်ချမ်းသာစွာဖြင့် မိမိတို့
အလိုရှိရာ လောကီ. .လောကုတ္တရာ နှစ်ဖြာ
သောဆု ပြီးစီးအောင်မြင်ကြပါစေ . . . )

#အနန္တကျေးဇူးတော်ရှင်
#မဟာဗောဓိမြိုင်ဆရာတော် ၏
သြဝါဒ မှ🙏🙏🙏🙏🙏
🙏ဓမ္မဒါန 🙏ပြန်လည်မျှဝေကုသိုလ်ပြုပါ၏ 🙏 —

23/08/2026

အစဉ်းဦးခိုက်ကန်တော့ပါတယ်ပါဘုရား
အစဉ်းထာဝရဦးတင်ပါတယ်ဘုရား

🌸 မဟာဗောဓိမြိုင်ဆရာတော်ကြီး ပြောခဲ့တဲ့ စကားတစ်ခွန်း “သည်းခံခြင်း ခန္တီတရား” နှင့် အဆုံးအမများ 🌸

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အဆုံးအမများအနက် “ခန္တီ” သို့မဟုတ် “သည်းခံခြင်း” တရားသည် လူနေမှုဘဝအတွက် အရေးကြီး အကျင့်တစ်ရပ်ဖြစ်သည်။ သည်းခံခြင်းဆိုသည်မှာ ကိုယ့်ကိုလာထိခိုက်သူတိုင်းကို အောင့်အည်းပြီး ဘာမှမပြောဘဲ ခံနေရခြင်းသက်သက် မဟုတ်ပါ။ မနှစ်သက်စရာ အခြေအနေများ၊ အပြောအဆိုများ၊ အတိုက်အခိုက်များနှင့် လောကဓံအခက်အခဲများကြားတွင် စိတ်မပျက်စေဘဲ သတိ၊ ဉာဏ်၊ မေတ္တာတို့ဖြင့် ထိန်းသိမ်းနိုင်ခြင်းကို ခန္တီတရား၏ အနှစ်သာရအဖြစ် နားလည်နိုင်သည်။

၁။ အနွံတာခံခြင်းနှင့် ခန္တီတရား

မိဘက သားသမီးအပေါ် သည်းခံပေးနိုင်ခြင်း၊ မိမိချစ်ခင်သူ၏ အပြစ်ကို ခွင့်လွှတ်ပေးနိုင်ခြင်းတို့သည် မေတ္တာနှင့် သံယောဇဉ်ကြောင့် လွယ်ကူနိုင်သည်။ သို့သော် မိမိမချစ်ခင်သူ၊ မနှစ်သက်သူ၊ မိမိအပေါ် အပြစ်တင်သူကိုပင် ဒေါသမဖြစ်ဘဲ စိတ်တည်ငြိမ်စွာ ဆက်ဆံနိုင်ခြင်းက ပို၍ခက်ခဲသည်။ ထို့ကြောင့် ခံနိုင်တာတစ်ခုတည်းကို ခန္တီဟု မယူဆဘဲ မိမိစိတ်ထဲမှာ ဒေါသ၊ မုန်းတီးမှု မတိုးပွားအောင် ထိန်းနိုင်ခြင်းကို အလေးထားရမည်။

၂။ ခန္တီဆိုတာ ပေပြီးခံခြင်း မဟုတ်

တစ်စုံတစ်ယောက်က ကိုယ့်ကို မကောင်းပြောလျှင် ပြန်မပြောဘဲနေခြင်းသည် အပြင်ပန်းအားဖြင့် သည်းခံခြင်းဖြစ်နိုင်သည်။ သို့သော် အတွင်းစိတ်မှာ “တစ်နေ့တော့ ပြန်လုပ်မယ်”၊ “သူ့ကို မုန်းတယ်” ဟူသော ဒေါသများ ပွားနေပါက စိတ်အတွင်း၌ မီးလောင်နေသကဲ့သို့ ဖြစ်သည်။ ခန္တီတရား၏ အရေးကြီးသောအချက်မှာ ထိုအတွင်းစိတ်ကိုပါ သိမြင်ထိန်းချုပ်ရန် ဖြစ်သည်။ စိတ်ထဲ ဒေါသပေါ်လာသည်ကို သတိထားသိပြီး ထိုဒေါသနောက်သို့ မလိုက်ဘဲ မေတ္တာနှင့် ဉာဏ်ဖြင့် တုံ့ပြန်နိုင်ရမည်။

၃။ လောကဓံကို သည်းခံခြင်း

လူတိုင်းသည် ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ အမြတ်ရခြင်း၊ အရှုံးနှင့်တွေ့ခြင်း၊ အဆင်ပြေခြင်း၊ အဆင်မပြေခြင်း စသည့် လောကဓံများကို ကြုံတွေ့ရသည်။ အကောင်းအချိန်တွင် စိတ်ပျော်ပြီး အဆိုးအချိန်တွင် စိတ်ကျိုးပဲ့သွားပါက မိမိစိတ်ကို အခြေအနေက အုပ်ချုပ်နေခြင်းဖြစ်သည်။ ထို့ကြောင့် အခြေအနေကောင်းလည်း မစွဲလမ်း၊ အခြေအနေဆိုးလည်း မပျက်စီးဘဲ သတိနှင့်ရပ်တည်ရန် လိုသည်။

၄။ လက်တွေ့သာဓက

တစ်စုံတစ်ယောက်က လူအများရှေ့တွင် ကိုယ့်ကို အပြစ်တင်သည်ဆိုပါစို့။ ချက်ချင်း ပြန်အော်ခြင်း၊ စော်ကားခြင်း မပြုမီ မိမိစိတ်ထဲက ဒေါသကို သိအောင်ကြည့်ပါ။ “အခု ငါဒေါသထွက်နေတယ်” ဟု သိခြင်းက ပထမအဆင့်ဖြစ်သည်။ မိမိမှားနေပါက အေးအေးဆေးဆေး လက်ခံပြင်ဆင်ပါ။ မမှားပါကလည်း အမျက်မထွက်ဘဲ သင့်တော်သလို ရှင်းပြနိုင်သည်။ ပြန်လည်စော်ကားခြင်းဖြင့် မိမိစိတ်ကို ပိုမိုညစ်ညမ်းစေခြင်း မပြုသင့်ပါ။ ဤသို့ လေ့ကျင့်နိုင်လေလေ ခန္တီတရား အားကောင်းလာလေလေ ဖြစ်သည်။

၅။ “သိနေဖို့” ၏ အရေးကြီးမှု

ဆရာတော်ကြီး၏ တရားတော်များတွင် ဒေါသထွက်နေသည်ကို သိခြင်း၊ ဝမ်းနည်းနေသည်ကို သိခြင်း၊ လိုချင်နေသည်ကို သိခြင်း၊ မုန်းနေသည်ကို သိခြင်းတို့သည် မိမိစိတ်ကို မိမိပြန်ကြည့်နိုင်စေသည်။ သိနေသောအခါ တုံ့ပြန်မှုနှင့် ဆုံးဖြတ်ချက်ကြားတွင် အကွာအဝေးတစ်ခု ရလာပြီး အမှားနည်းလာနိုင်သည်။

၇။ မေတ္တာနှင့် ခန္တီ

သည်းခံခြင်းသည် မေတ္တာနှင့် ဆက်စပ်နေသည်။ ကိုယ့်ကို ထိခိုက်သူကို “သူလည်း မသိလို့ ဖြစ်နိုင်တယ်” ဟု အကြောင်းအရင်းကို နားလည်ပေးနိုင်လျှင် ဒေါသလျော့လာသည်။ မိမိကိုယ်တိုင်လည်း အမှားလုပ်တတ်သူဖြစ်ကြောင်း သတိရလျှင် သူတစ်ပါး၏အမှားကို ခွင့်လွှတ်နိုင်စွမ်း ရလာသည်။ ခွင့်လွှတ်ခြင်းဆိုသည်မှာ အမှားကို အမှန်ဟု လက်ခံခြင်းမဟုတ်ပါ။ အမှားကို အမှားဟု သိသော်လည်း မုန်းတီးမှုဖြင့် ကိုယ့်စိတ်ကို မလောင်ကျွမ်းစေရန် ထိန်းခြင်းဖြစ်သည်။

၈။ နေ့စဉ်ဘဝတွင် ကျင့်သုံးရန်

မနှစ်သက်သောစကား ကြားရသောအခါ ခဏရပ်ပါ။ ဒေါသထွက်လာလျှင် ချက်ချင်း မပြောပါနှင့်။ မိမိပြောမည့်စကားသည် ပြဿနာကို ဖြေရှင်းပေးမည်လား၊ ပိုမိုကြီးထွားစေမည်လား စဉ်းစားပါ။ အဆင်ပြေချိန်တွင် မာနမတက်စေဘဲ၊ အခက်အခဲကြုံချိန်တွင် စိတ်မကျစေဘဲ နေ့စဉ်သတိနှင့် လေ့ကျင့်ပါ။

အနှစ်ချုပ်အားဖြင့် မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ “သည်းခံခြင်း ခန္တီတရား” ကို သူတစ်ပါးကိုသာ ခံပေးရမည်ဟု မယူဆသင့်ပါ။ အဓိကမှာ မိမိစိတ်ကို မိမိနိုင်ရန် ဖြစ်သည်။ အပြစ်တင်ခံရချိန်တွင် ဒေါသမလိုက်ရန်၊ ဆုံးရှုံးချိန်တွင် စိတ်မပျက်ရန်၊ အောင်မြင်ချိန်တွင် မာနမတက်ရန်၊ ရရှိသောအရာများအပေါ် မစွဲလမ်းရန်နှင့် သူတစ်ပါးအပေါ် မေတ္တာမပျက်ရန် လေ့ကျင့်ရမည်။ ကိုယ့်စိတ်ကို ကိုယ်သိ၊ ကိုယ့်ဒေါသကို ကိုယ်ထိန်း၊ လောကဓံကို သတိနှင့်ရင်ဆိုင်နိုင်ခြင်းသည် ခန္တီတရား၏ လက်တွေ့အသီးအပွင့်များ ဖြစ်သည်။

“မိမိစိတ်ကို မိမိအနိုင်ယူနိုင်ခြင်းက ပို၍မြတ်သည်” ဟူသော သဘောကို နှလုံးသွင်းကာ သည်းခံခြင်း၊ မေတ္တာ၊ သတိနှင့် ဉာဏ်တို့ကို နေ့စဉ်လေ့ကျင့်ကြပါစို့။ ထိုသို့ လေ့ကျင့်နိုင်လျှင် အခက်အခဲများကြားမှာ မိမိစိတ်ကို ငြိမ်းချမ်းအောင် ထိန်းနိုင်သော ခွန်အား ရရှိလာမည်ဖြစ်ပါသည်။

Address

Shwedagon Pagoda
Dagon
11051

Telephone

+959450011058

Website

Alerts

Be the first to know and let us send you an email when Aung Myin Chan Thar Gems & Jewellery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share