Saung Htee Phyu Gold & Gem Academy

Call Directions Website

Saung Htee Phyu Gold & Gem Academy ✨စိန်ရွှေကျောက်မျက်ရတနာသင်တန်း၊ စိန်ရွှေလက်ဝတ်ရတနာရောင်းဝယ်ရေးနှင့် ဆောင်းထီးဖြူအဆင့်မြင့်စက်ပန်းထိမ်လုပ်ငန်း

21/08/2026

Part -1
အရမ်းလှတဲ့စိန်တစ်ပွင့်ကိုကြည့်ရင် ပထမဆုံး ဒီစိန်က အတုလား အစစ်လားဆိုတာ အရင်ကြည့်ပါတယ်💎💎

နောက်တစ်ချက်အနေနဲ့ 4C ဆိုတဲ့ စိန်ရဲ့ အရည်အသွေးကိုကြည့်ပါတယ် 💎
4C ဆိုတာကတော့ စိန်ရဲ့
•Carats
•Cut
•Color
•Clarity

စတာတွေကိုကြည့်ပြီးမှ ဒီစိန်က ဘာလို့ဒီလောက်တောင်လှနေရတာလဲဆိုတာကို ဆုံးဖြတ်တာဖြစ်ပါတယ်

စိန်အကြောင်းကို ဒီထက်ပိုသိချင်တယ်ဆိုရင် ဆောင်းထီးဖြူ ရွှေ ၊ စိန် ၊ ကျောက်မျက်သင်တန်းကျောင်းကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ် ✨✨

21/08/2026

ရွှေဆိုင်ရောက်လို့ 24K , 22K , 18K လို့ပြောလိုက်ရင် ဘာမှန်မသိဘဲ ခေါင်းရှုပ်နေပြီလား ⁉️ ဒါဆို ဒီလိုမဖြစ်အောင် အလွယ်ကူဆုံးနည်းလမ်းကို ပြောပြပေးမယ်…

K ကာရက်ဆိုတာ နိုင်ငံတကာအခေါ်ဖြစ်ပြီးတော့ ရွှေသားအစစ်ဘယ်လောက်ပါလဲဆိုတာ တိုင်းတာတဲ့ ယူနစ်ဖြစ်ပါတယ် ။

24K မှာ ရွှေသားအစစ် 99.99% ပါဝင်ပြီးတော့ ရွှေအစစ်ကြီးပဲမို့ အရမ်းကိုပျော့ပြောင်းတဲ့အတွက် လက်ဝတ်ရတနာ အဖြစ် ဝတ်ဆင်ဖို့ မသင့်တော်ပါဘူး

22K မှာ ရွှေသားစစ် 91.6% ပါဝင်ပြီးတော့ ကျန်တဲ့ 8.4% ကတော့ ငွေ ဒါမှမဟုတ် ကြေး တို့နဲ့ရောစပ်ထားလို့ လက်ဝတ်ရတနာ ဝတ်ဆင်ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်

18K မှာကတော့ ရွှေက 75% ပဲပါဝင်တာဖြစ်ပြီးတော့ ကျန်တာက ငွေ ၊ ကြေးတို့နဲ့ ပေါင်းစပ်ထားလို့ အမာကြောဆုံးဖြစ်ပါတယ် ။ သူ့ကို စိန် ၊ ကျောက်မျက်ရတနာတွေနဲ့ ဝတ်ဆင်တဲ့အခါ ခိုင်ခံမှုရှိအောင်လို့ နိုင်ငံတကာ စံနှုန်းနဲ့အညီ အသုံးပြုကြပါတယ်

အခုလို ရွှေနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်သိချင်တယ်ဆိုရင် ဆောင်းထီးဖြူကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်

အမှတ် ၂၁၆ ၊ သီရိမဂ်လာလမ်း ၊ ရွာမအရှေ့ ၊ အင်းစိန်မြို့နယ်

📞095060182 , 09443939440

21/08/2026

ဆောင်းထီးဖြူကဖန်တီးပေးတဲ့ ရတနာတွေဟာ အသေးစိတ်တိုင်းမှာ အနုပညာပါဝင်ပြီး ၊ ပုံဖော်မှုတိုင်းမှာ စေတနာပါပါတယ် ✨✨

လက်ရာမြောက်ပန်းတိန်ဆရာကြီးများ၏ လက်ရာသေသပ်မှု ၊ ခေတ်မှီ design ဆန်းများနဲ့ ရိုးရာအလှတို့ကို ပေါင်းစပ်ပြီး ဖန်တီးပေးနေတဲ့ ဆောင်းထီးဖြူရဲ့ ပန်းတိန် လုပ်ငန်းဟာဆိုရင် ရှေးရိုးရာကနုတ်လက်ရာမှသည်း ခေတ်သစ် Minimalist Design များထိ မိမိစိတ်ကြိုက် အပ်ထည်များကို လက်ခံ ဖန်တီးပေးတာဖြစ်ပါတယ်

လက်ရာသပ်ရပ်မှု ၊ အးည်အသွေးပြည့်မှီမှုနဲ့ ယုံကြည်စိတ်ချရမှုတွေကြောင့် ဆောင်းထီးဖြူကို လာခဲ့လိုက်တော့နော် 💎

အမှတ် ၂၁၆၊ သီရိမဂ်လာလမ်း ၊ ရွာမအရှေ့ ၊ အင်းစိန်မြို့နယ်

📞 095060182 , 09443939440

နှစ်အကြာကြီး အချိန်ကုန်ခံ ၊ အမှာယွင်းခံစရာမလိုဘဲ အချိန်တိုအတွင်းမှာ စိန် ၊ ရွှေ ၊ ကျောက်မျက်လောကမှာ အောင်မြင်တဲ့သူတစ်ယော...
21/08/2026

နှစ်အကြာကြီး အချိန်ကုန်ခံ ၊ အမှာယွင်းခံစရာမလိုဘဲ အချိန်တိုအတွင်းမှာ စိန် ၊ ရွှေ ၊ ကျောက်မျက်လောကမှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်ပါသလား🤝

အတွေ့အကြုံရဖို့ ဆယ်နှစ် ၊ နှစ် နှစ်ဆယ်ပေးပြီး အောက်ခြေကနေ စဖို့ မလိုတော့ပါဘူး ။
Saung Htee Phyu Gold & Gems Academy မှာဆိုရင်ခက်ခဲရှုပ်ထွေးတဲ့ သီအိုရီတွေကို အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးဖြစ်အောင် သင်ကြားပေးပြီးတော့ စာတွေ့ထက် တကယ့်လုပ်ငန်းမှာ အသုံးပြုရမယ့် လက်တွေ့ကို ဦးစားပေးတာဖြစ်ပါတယ် ။ ဒါ့အပြင် အခြေခံ အုတ်မြစ် ကနေစပြီးတော့ ကိုယ်ပိုင်လုပ်ငန်းကို ဦးဆောင်နိုင်တဲ့အထိ လိုတိုရှင်း အလွယ်ကူဆုံးလမ်းကြောင်းလေးတွေကို ဖောက်ပေးထားတာဖြစ်ပါတယ် ။ ဒါကြောင့်စမ်းတဝါးဝါး လုပ်နေမယ့်အစား မှန်ကန်တဲ့ နည်းစနစ်တွေကို အချိန်တိုအတွင်းလေ့လာပြီး အကျိုးအမြတ်တွေကို အခုပဲ ရှာဖွေလိုက်ပါ။

ဒါကြောင့် ရွှေ ၊ စိန် ၊ ကျောက်မျက်ပညာကို အချိန်ကုန်ခံ လူပင်ပန်းသက်သာပြီး အမြန်ဆုံးထိရောက်ချင်တယ်ဆိုရင် Saung Htee Phyu Gold & Gems Academy ကို အခုပဲဆက်သွယ်လိုက်ပါ 📲

အမှတ် ၂၁၆၊ သီရိမဂ်လာလမ်း ၊ ရွာမအရှေ့ ၊ အင်းစိန်မြို့နယ်

📞 095060182 , 09443939440

20/08/2026

တန်ဖိုးနည်းတဲ့ စိန်တွေကို စျေးကြီးပေးပြီး ဝယ်နေတုန်းပဲလာ? နောက်တစ်ချိန် ဒီလိုမဖြစ်အောင် ဘာတွေလေ့လာထားရမလဲ ?

အဓိကက စိန်ရဲ့ အရည်အသွေးကို သန့်မှတ်ပေးတဲ့ 4 C အကြောင်းကို နားမလည်သေးလို့ဖြစ်ပါတယ် ။ ဒါဆို 4C ဆိုတာဘာလဲ ❓ 4Cဆိုတာ

Carat - စိန်ရဲ့အလေးချိန်
Cut - စိန်ရဲ့သွေးကွက်
Color - စိန်ရဲ့အရောင်
Clarity - စိန်ရဲ့သန့်စင်မှု

ဒီအချက်( ၄ )ချက်မသိဘဲ ဝယ်မိရင်တော့ သင့်ရဲ့ ငွေကြေးတွေ အများကြီး ဆုံးရှုံးသွားနိုင်ပါတယ် ။

စိန်နဲ့ပတ်စက်ပြီး အသေးစိတ်ထပ်သိချင်တယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ ဆောင်းထီးဖြူကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်

အမှတ် ၂၁၆ ၊ သီရိမဂ်လာလမ်း ၊ ရွာမအရှေ့ ၊ အင်းစိန်မြို့နယ်

📞095060182 , 09443939440

20/08/2026

အပြင်ကနေ အလွယ်တကူဝယ်လို့ရတဲ့မှိုတွေကို အသုံးပြုရင် မြန်ပေမယ့် ကျွန်တော်တို့ရဲ့ ဆောင်းထီးဖြူကတော့ အကောင်းဆုံး Quality ကိုပဲပေးချင်တာဖြစ်လို့ design တိုင်းကို ကိုယ်တိုင်ပဲ 3D ဆွဲပေးတာဖြစ်ပါတယ်

အခုမြင်ရတဲ့ မြွေ design ဆိုရင် အရမ်းကိုမှ အသေးစိတ်ပြီးတော့ အနုစိတ်လွန်းတာ ဖြစ်တဲ့အတွက်ကြောင့် အချိန်အကြာကြီး ပေးပြီး ဖန်တီးထားတာဖြစ်ပါတယ် ။ မြွေပုံတင်မကပါဘူး အခြား ခက်ခဲဆန်းပြားတဲ့ ဘယ်လို Design မျိုးကိုမဆို 3D ဆွဲတာနေ အစ နောက်ဆုံး result ထွက်လာတဲ့အထိ အစအဆုံးကို ကျွန်တော်တို့ ဆောင်းထီးဖြူက တာဝန်ယူ ဖန်တီးပေးတာဖြစ်တဲ့အတွက် အခြားသူနဲ့မတူတဲ့ design မျိုးကို ရရှိမှာဖြစ်ပါတယ် ။

ဒါကြောင့် ကိုယ့်ရဲ့ တန်ဖိုးရှိလှတဲ့ ရတနာတွေကို ဆန်းသစ်တဲ့ design လေးတွေအဖြစ် အသက်သွင်းခြင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဆောင်းထီးဖြူကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျ

#ဆောင်းထီးဖြူ

20/08/2026

ကျောက်မျက် Part -1

ကျောက်မျက်ဆိုတာဘာလဲ??
ကျောက်တိုင်းက ကျောက်မျက်လား??

ကျောက်မျက်တစ်ပွင့်ဖြစ်ဖို့ဆိုရင် အဓိက အချက် (၃) ချက်နဲ့ ညီမျှဖို့လိုပါတယ် ။

(၁) အရောင်color တောင်ပမှုရှိဖို့လိုပါမယ်
(၂) နေ့စဉ်ဝတ်ဆင်တဲ့အခါမှာ ထိခိုက်ပြိုကွဲမှုမရှိဘဲ မာကျောခိုင်ခံ့ရပါမယ်
(၃) သဘာဝအတိုင်းအလွယ်တကူမရရှိနိုင်ဘဲရှားပါးပြီးတော့အဖိုးတန်ရပါမယ်

ဒီအချက် (၃) ချက်နဲ့ညီမှသာလျှင် ကျောက်မျက်ရတနာဖြစ်ပါတယ်။ ဒီအချက်တွေထဲက တစ်ချက်သာသွေဖယ်သွားရင် ဒါဟာ သာမန်ကျောက်တစ်ပွင့်သာဖြစ်ပြီးတော့ တွင်းထွက်တစ်မျိုးသာဖြစ်ပါတယ်

နောက်ထပ်ရတနာတွေနဲ့ပတ်သက်တဲ့ စိတ်ဝင်စွားဖွယ် ဗဟုသုတတွေကို တင်ဆက်ပေးသွားမှာမို့လို့ like and follow လေးလုပ်သွားပေးကြအုံးနော်

20/08/2026

Part -6

9999 ရွှေနဲ့ 916 ရွှေဘာကွာလဲ မသိတဲ့သူတွေရှိကြလား??

9999 ရွှေဆိုတာ ရွှေသန့်စဉ်မှုနှုန်း 99.99% ပါဝင်ပါတယ် ။ သူ့ကို အကယ်ဒမီရွှေ အခေါက်ရွှေလို့လည်းခေါ်ကြပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေအတွက် အထူးသင့်တော်ပါတယ် ။✨

916 ရွှေဆိုတာကတော့ ရွှေသန့်စဉ်မှုနှုန်း 91.6 % သာပါဝင်ပြီးတော့ ကျန်တဲ့ 8.4% ကတော့ အခြားသတ္တုစပ်တစ်မျိုးဖြင့်ပေါင်းစပ်ထားတာဖြစ်ပါတယ်။

သူ့ကို 22k ဒါမှမဟုတ် ၁၅ ပဲရည်လို့လည်းခေါ်ကြပြီးတော့ ခိုင်ခံ့တဲ့အတွက် လက်ဝတ်ရတနာ အဖြစ်ဝတ်ဆင်တဲ့သူတွေအတွက် အထူးသင့်တော့်ပါတယ် ။

သင်ကရော 9999 ကိုသဘောကျတဲ့ သူလား ဒါမှမဟုတ် 916 ကိုသဘောကျတဲ့သူလား comment မှာ မန့်သွားခဲ့ပါအုံးနော် 👇👇

ကဲအခုလို ရွှေပညာရပ်ကို အခြေခံကနေ အသေးစိတ်လေ့လာသင်ယူချင်တယ်ဆိုရင် ဆောင်းထီးဖြူ ရွှေ ၊ စိန် ၊ ကျောက်မျက်သင်တန်းကျောင်းကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်

သင်တန်းတည်နေရာလေးကတော့ အမှတ် ၂၁၆ ၊ သီရီမဂ်လာလမ်း ၊ ရွာမအရှေ့ ၊ အင်းစိန်မြို့နယ်

09 5060182 , 09443939440

19/08/2026

Part -5

ရွှေဆိုင်ရောက်လို့ ၁၆ ပဲရည် ၁၅ ပဲရည်လို့ ပြောလိုက်ရင် ဘာကို ဆိုလိုမှန်းမသိဘဲ ဇဝေဇဝါဖြစ်ဖူးကြတဲ့သူတွေရှိလား ❓

ဒီနေ့မှာတော့ မြန်မာ့ရွှေစနစ်နဲ့ နိုင်ငံတကာရွှေစနစ်ရဲ့ လျှို့ဝှက်ချက်ကို ပြောပြပေးပါမယ် ✨
မြန်မာ့ရွှေစနစ်မှာတော့ ၁ကျပ်သားမှာ ၁၆ ပဲရှိပါတယ် ။ ၁၆ ပဲဆိုတာ ၁၆ ပဲလုံး ရွှေစင်စစ်စစ် ပါဝင်တာဖြစ်ပြီးတော့ ၉၉.၉၉% စဉ်ကြယ်တဲ့ နိုင်ငံတကာအခေါ် 24 K ဖြစ်ပါတယ်။ အခေါက်ရွှေလို့လည်းခေါ်ပြီး ရွှေစုသူတွေအတွက် အထူးသင့်တော်ပါတယ် ။

၁၅ ပဲရည်ဆိုတာကတော့ ၁၆ပဲမှာ ရွှေစင် ၁၅ ပဲပါပြီးတော့ ကျန် ၁ပဲမှာ ခိုင်မာအောင်ပေါင်းစပ်ထားတဲ့ သတ္တုစပ်တစ်မျိုးဖြစ်ပါတယ် ။ သူ့ကိုလက်ဝတ်ရတနာ ပြုလုပ်ဖို့အတွက် အထူးသင့်တော်ပါတယ်

#ဆောင်းထီးဖြူ

ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ရတနာလို့ပြောရင် စိန်ကိုပဲအရင်ဆုံးပြေးမြင်မိကြတာ အမှန်ပါပဲ ။ ဒါပေမယ့် တကယ့်ရတနာလောကမှာတော့ မ...
19/08/2026

ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ရတနာလို့ပြောရင် စိန်ကိုပဲအရင်ဆုံးပြေးမြင်မိကြတာ အမှန်ပါပဲ ။ ဒါပေမယ့် တကယ့်ရတနာလောကမှာတော့ မြန်မာ့ပတ္တမြား တစ်ပွင့်ရဲ့တန်ဖိုးဟာ အလေးချိန်ချင်းတူညီတဲ့ စိန်တစ်ပွင့်ရဲ့ တန်ဖိုးထက် အဆပေါင်းများစွာ တန်ဖိုးမြင့်ခဲ့ဖူးတာတော့ သိတဲ့သူတွေ ရှားမယ်ထင်ပါတယ် ။

ဟုတ်ပါတယ် မြန်မာနိုင်ငံ မိုးကုတ်မြေက ထွက်ရှိခဲ့တဲ့ (၂၅.၅၉) ကာရက်ရှိ sunrise Ruby ဟု အမည်ရှိတဲ့ မြန်မာ့ ပတ္တမြားဟာ ၂၀၁၅ ခုနှစ်လေလံပွဲမှာ အမေရိကန် ဒေါ်လာ (၃၀.၃) သန်းနဲ့ လေလံအောင်ခဲ့ပြီး ကမ္ဘာစျေးအကြီးဆုံး ပတ္တမြား အဖြစ် စံချိန်တင်ခဲ့ပါတယ် ။

ပတ္တမြားတွေထဲမှာ ဘာလို့ မြန်မာ့ ပတ္တမြားက အကောင်းဆုံးဖြစ်နေတာလဲ ❓

👉 မိုးကုတ်မြေဆီလွာရဲ့ ထူးခြားတဲ့ သဘာဝကြောင့် မြန်မာ့ပတ္တမြားတွေမှာ Chromium ဓာတ်ပြည့်ဝစွာပါဝင်ပြီးတော့ iron ဓာတ်ပါဝင်မှုနည်းပါတယ်။ ဒါကြောင့် အခြားနိုင်ငံက ပတ္တမြားတွေလို အမှောင်ဘက်မသန်းဘဲ အလင်းရောင်အောက်မှာ စူးရှတောက်ပြောင်တဲ့ အနီရောင် စစ်စစ်ကို ပေးစွမ်းနိုင်တာဖြစ်ပါတယ် ။

အခုလို ကျောက်မျက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် လေ့လာသင်ယူချင်တယ်ဆိုရင်တော့ ဆောင်းထီးဖြူ ရွှေ ၊ စိန် ၊ ကျောက်မျက်သင်တန်း ကို အခုပဲ ဆက်သွယ်လိုက်တော့နော် ။

အမှတ် ၂၁၆ ၊ သီရိမဂ်လာလမ်း ၊ ရွာမအရှေ့ ၊ အင်းစိန်မြို့နယ်

📞 095060182 , 09443939440

Address

Thirimingalar Road
Insein
11011

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:30 - 17:00

Telephone

+9595060182

Alerts

Be the first to know and let us send you an email when Saung Htee Phyu Gold & Gem Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share