26/08/2026
အိမ်မှာနေရင်း အချိန်ဖြုန်းမယ့်အစား ဒီ AI (၆) မျိုးကို ကျွမ်းကျင်အောင် သုံးပါ
ဖုန်းတစ်လုံးရှိရုံနဲ့ အလကားအချိန်ကုန်ခံပြီး ဂိမ်းဆော့နေမယ့်အစား၊ Facebook လျှောက်ကြည့်နေမယ့်အစား ဒီ AI တွေကို သုံးတတ်အောင် ကြိုးစားပါ။
ကိုယ်ပိုင်လုပ်ငန်းသမားဆိုရင် ဝန်ထမ်းခ သက်သာမယ်။ လူငယ်တစ်ယောက်ဆိုရင် ဝင်ငွေလမ်းကြောင်းတွေ ပိုဖန်တီးနိုင်လာမယ်။ ၂၀၂၆ မှာ မဖြစ်မနေ သုံးတတ်ထားသင့်တဲ့ AI (၆) မျိုးကတော့...
✅ (၁) Google Gemini (မြန်မာစာ အပိုင်နိုင်ဆုံးနဲ့ အသုံးဝင်ဆုံး AI)
ခင်ဗျားဖုန်းထဲမှာ မဖြစ်မနေ ထည့်ထားရမယ့် AIပဲ
သူ့ရဲ့ အကြီးမားဆုံး အားသာချက်က Content ရေးတာ ကောင်းသလို၊ ပုံထုတ်ပေးတဲ့နေရာမှာလည်း "မြန်မာစာ" ကို မှန်အောင် ထုတ်ပေးနိုင်တဲ့ တစ်ခုတည်းသော AI ပါပဲ။
• လက်တွေ့ ဥပမာ - Page မှာ "ဆိုင်ပိတ်သည်" ဆိုတဲ့ ပုံတင်ချင်တယ်။ Graphic သမားအပ်ရင် ကြာမယ်။ Gemini ကို "ကော်ဖီဆိုင် ကောင်တာတစ်ခုမှာ 'ဆိုင်ပိတ်သည်' ဆိုတဲ့ မြန်မာစာတန်းပါတဲ့ ဆိုင်းဘုတ်တင်ထားတဲ့ ပုံကို ထုတ်ပေးပါ" လို့ ခိုင်းလိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း ပုံထွက်လာပါလိမ့်မယ်။ Online Shop သမားတွေအတွက် အရမ်းအဆင်ပြေပါတယ်။
👉 gemini.google.com
✅ (၂) Chat GPT
ခင်ဗျားဖုန်းထဲမှာ မဖြစ်မနေ ထည့်ထားရမှာက Chat GPTပဲ
သိချင်တာတွေကို အကုန်မေးလို့ရတယ်၊
ပညာရေးအကြောင်းမေးမလား၊
ကျန်းမာရေးအကြောင်းမေးမလား၊
စီးပွါးရေးအကြောင်းမေးမလား၊
အကုန်မေးလို့ရတယ်
Idea တွေ ကုန်နေလား? ဒါမှမဟုတ် ဈေးရောင်းရခက်နေလား? ChatGPT က သင့်ရဲ့ အကောင်းဆုံး အကြံပေးပါ။
• လက်တွေ့ ဥပမာ - ဖောက်သည်က Messenger မှာ ဈေးလာမေးပြီး ပြန်မဝယ်ဘဲ ငြိမ်သွားတယ် (Seen ပြပြီး ပျောက်သွားတယ်)။ ChatGPT ကို "ဖောက်သည်က ဈေးမေးပြီး ငြိမ်သွားတယ်။ သူ့ကို စိတ်မကသိမကအောက် မဖြစ်စေဘဲ နောက်ထပ် Promotion လေးနဲ့ တွဲပြီး ပြန်လာဝယ်ချင်စိတ်ပေါက်သွားအောင် Follow up လုပ်မယ့် စာသား ၃ မျိုးလောက် ရေးပေးပါ" လို့ ခိုင်းလိုက်။ အရမ်းထိမိတဲ့ အရောင်းပိတ် စကားလုံးတွေ ရလာပါလိမ့်မယ်။
👉 chatgpt.com
✅ (၃) Canva (ဒီဇိုင်းဆရာ မငှားနိုင်သူတွေအတွက်)
ဆိုင် Logo ကနေစလို့၊ လစဉ်လုပ်တဲ့ Promotion ပိုစတာတွေအထိ သူနဲ့ လုပ်လို့ရတယ်။
• လက်တွေ့ ဥပမာ - သင်္ကြန်တို့၊ သီတင်းကျွတ်တို့ နားနီးပြီဆိုရင် Canva မှာ "Sale Poster" လို့ ရိုက်ရှာလိုက်။ အသင့်သုံး ဒီဇိုင်းပေါင်း ထောင်ချီ ကျလာမယ်။ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းကို ရွေး၊ ဓာတ်ပုံနေရာမှာ ကိုယ့်ကုန်ပစ္စည်းပုံ ဝင်အစားထိုး၊ စာသားနေရာမှာ "ရာသီချိန် အထူးလျော့ဈေး" လို့ မြန်မာလို ပြင်ရေးလိုက်တာနဲ့ ၅ မိနစ်အတွင်း ကြော်ငြာပုံ အလန်းစား ရပြီ။
👉 canva.com
✅ (CapCut (Video Editing လုံးဝ မတတ်သူများအတွက်)
Editing မလုပ်တတ်လည်း ကိစ္စမရှိပါ။ CapCut "Templates" (အဆင်သင့် ပုံစံခွက်) ဆိုတာ အသင့်စား ခေါက်ဆွဲပြုတ်လိုပါပဲ။ ရေနွေးထည့်သလို ဓာတ်ပုံရွေးထည့်လိုက်ရုံနဲ့ ပြီးပြည့်စုံပါတယ်။
• လက်တွေ့ ဥပမာ (New Arrival ကြော်ငြာ):
CapCut Template မှာ "Product Show" လို့ရှာ၊ ကိုယ့်ပစ္စည်းပုံ ၅ ပုံ ရွေးထည့်လိုက်ပါ။ သီချင်းသံ၊ စာတန်း၊ Effect တွေ အော်တိုပါပြီးသားမို့ (၅) မိနစ်အတွင်း Professional ကြော်ငြာဗီဒီယို တစ်ပုဒ် ရပါမယ်။
• လုပ်ငန်းအတွက် အကျိုးကျေးဇူး:
၁. စရိတ်သက်သာ: Video Editor ငှားစရာမလိုဘဲ ဖုန်းတစ်လုံးနဲ့ ကြော်ငြာရိုက်နိုင်တယ်။
၂. အရောင်းသွက်: ငြိမ်နေတဲ့ ဓာတ်ပုံထက် သီချင်းသံမြူးမြူးနဲ့ ဗီဒီယိုက Customer မျက်လုံးကို ပိုဖမ်းစားနိုင်လို့ "ဈေးဘယ်လောက်လဲ" လာမေးတဲ့နှုန်း (Inquiry) သိသိသာသာ တက်လာပါလိမ့်မယ်။
✅ (၅) Gamma (Slide ဆွဲစရာမလိုတဲ့ Presentation ဆရာ)
PowerPoint မှာ စာစီ၊ ပုံရှာ၊ ဒီဇိုင်းချိန်နေရတာ အချိန်အရမ်းကုန်ပါတယ်။ Gamma က ခေါင်းစဉ်ပေးလိုက်ရုံနဲ့ Slide တွေ အကုန်လုပ်ပေးနိုင်ပါတယ်။
• လက်တွေ့ ဥပမာ:
ရုံးမှာဖြစ်ဖြစ်၊ လူကြီးတွေကိုဖြစ်ဖြစ် တင်ပြစရာရှိတယ် ဆိုပါစို့။ Gamma မှာ "Monthly Sales Report" (လစဉ်အရောင်းစာရင်း) သို့မဟုတ် "Coffee Shop Business Plan" လို့ ခေါင်းစဉ် ရိုက်ထည့်လိုက်ပါ။
• စာသား၊ ဓာတ်ပုံ၊ ဇယားကွက်တွေနဲ့ သပ်ရပ်လှပတဲ့ Slide (၈) မျက်နှာလောက် စက္ကန့်ပိုင်းအတွင်း အဆင်သင့် ထွက်လာပါလိမ့်မယ်။
• လုပ်ငန်းအတွက် အကျိုးကျေးဇူး:
ဒီဇိုင်းမတတ်လည်း "Professional ဆန်တဲ့ Presentation" တစ်ခုကို ချက်ချင်းရမယ်။ Slide လှတော့ လူကြီးတွေ/ဧည့်သည်တွေ သဘောကျမယ်၊ ကိုယ့်ပုံရိပ် (Image) လည်း တက်ပါတယ်။
👉 gamma.app
✅ (၆) NotebookLM (စာဖတ်ရတာ ပျင်းသူတွေအတွက်)
စာအုပ်အထူကြီးတွေ၊ ရှုပ်ထွေးတဲ့ စည်းကမ်း (Policy) PDF ဖိုင်တွေကို ဖတ်ဖို့ ပျင်းရင် သူ့ကို သုံးပါ။
• လက်တွေ့ ဥပမာ - page လုပ်နေရင် "Policy" တွေက အရေးကြီးတယ်။ ဖတ်ရတာ ခေါင်းမူးရင် Facebook Policy PDF ဖိုင်ကို NotebookLM ထဲ ထည့်လိုက်။ ပြီးရင် "အလှကုန် ရောင်းတဲ့အခါ Facebook က ဘဘယ်လို စကားလုံးတွေကို ပိတ်ပင်ထားလဲ? အကျဉ်းချုပ် ပြောပြပါ" လို့ မေးလိုက်။ Page ပျက်မယ့် ဘေးကနေ ကာကွယ်ဖို့ အဖြေချက်ချင်းထုတ်ပေးလိမ့်မယ်။
👉 notebooklm.google.com
"နည်းပညာက လူကို အစားထိုးမှာ မဟုတ်ပါဘူး။ နည်းပညာ သုံးတတ်တဲ့လူက မသုံးတတ်တဲ့လူကို အစားထိုးသွားမှာပါ"
ဒါကြောင့် ဒီနေ့ပဲ ကိုယ့်ဖုန်းထဲမှာ ဒီ Apps လေးတွေ၊ Websites လေးတွေ ဖွင့်ပြီး စမ်းကလိ ကြည့်ကြပါ။
၂၀၂၆ မှာ AI ကို မသုံးတာဟာ ခေတ်နောက်ကျတာ မဟုတ်ပါဘူး။
"ကိုယ့်အိတ်ထဲ ဝင်လာမယ့် ပိုက်ဆံတွေကို ငြင်းပယ်နေတာ" နဲ့ အတူတူပါပဲ။
သေချာပြန်တွက်ကြည့်ပါ
🛑 လုပ်ငန်းရှင်ဆိုရင် -
ကြော်ငြာတစ်ခု၊ ဒီဇိုင်းတစ်ခု၊ Video တစ်ပုဒ်အတွက် လစဉ် သိန်းဆယ်ချီ ကုန်ကျနေတာတွေက "မလိုအပ်ဘဲ ပိုပေးနေရတဲ့ စရိတ်" (Wasted Cost) တွေဖြစ်နေပါပြီ။ AI သာသုံးရင် အဲ့ဒီငွေတွေ ခင်ဗျားအိတ်ထဲမှာ အမြတ်အဖြစ် ကျန်နေမှာပါ။
🛑 ဝန်ထမ်းဆိုရင် -
သူများတွေက AI သုံးပြီး အလုပ် ၁၀ ခုကို ၁ နာရီနဲ့ ပြီးနေတဲ့အချိန်မှာ... ကိုယ်က ရိုးရိုးလက်လုပ်နဲ့ အချိန်ကုန်ခံနေတုန်းလား?
ဒါဆိုရင်တော့ လစာတိုးဖို့၊ ရာထူးတိုးဖို့ အခွင့်အရေးတွေက AI သုံးတတ်သူဆီပဲ ရောက်သွားမှာ သေချာပါတယ်။
🛑 လူငယ်ဆိုရင် -
Online ကနေ ဝင်ငွေရှာဖို့ အကောင်းဆုံးအချိန်ကို ဖြုန်းတီးနေတာပါပဲ။ YouTube, Content Creation, Service အားလုံးကို AI နဲ့ ဖန်တီးပြီး ဝင်ငွေရှာလို့ရနေတဲ့အချိန်မှာ ငေးကြည့်နေရင်တော့ နစ်နာလွန်းပါတယ်။
✅ ဒီပြဿနာတွေအတွက် အဖြေရှိပါတယ်။
AI ကို Tool တစ်ခုအနေနဲ့ မဟုတ်ဘဲ၊ ကိုယ့်ရဲ့ "လက်နက်" တစ်ခုအနေနဲ့ တပ်ဆင်ပေးမယ့်...
🚀 AI Strategy Masterclass (AIS) - Batch 8 ရှိတယ်
အလီဘာဘာရဲ့ AI Strategy Masterclass က သာမန် AI သင်တန်းမဟုတ်ပါဘူး။ ခင်ဗျားရဲ့ လုပ်ငန်းအတွက် "AI Department" တစ်ခုလုံးကို တည်ဆောက်ပေးမယ့် သင်တန်းပါ။
သင်တန်းပြီးတာနဲ့ သိန်း(၂၀)ကျော် တန်ကြေးရှိတဲ့ ဒီ Premium AI ဝန်ထမ်းတွေကို ခင်ဗျားဖုန်းထဲ တန်းထည့်ပေးလိုက်မှာပါ -
• ✅ အလီဘာဘာ Marketing Manager: Content Plan တွေ၊ ကြော်ငြာစာသားတွေကို Agency အဆင့် ရေးပေးမယ့် AIဝန်ထမ်း
• ✅ အလီဘာဘာ Sales Closer: ဧည့်သည် မဝယ်ဝယ်အောင် ပြောနည်း၊ ငြင်းရင် ပြန်ချေပနည်း ပြောပြမယ့် AIဝန်ထမ်း
✅ အလီဘာဘာ Business Strategist: လုပ်ငန်း Plan ဆွဲပေး၊ ပြိုင်ဘက်ကို အနိုင်ယူနည်း ပြောပြမယ့် အကြံပေး။
✅ အလီဘာဘာContent Strategist Master: တစ်လစာအတွက် content Calendarအသေးစိတ်ဆွဲပေးတဲ့ planner
✅ အလီဘာဘာ စာရေးဆရာ: ရေးချင်တဲ့ ခေါင်းစဉ်ကို ပို့ပေးလိုက်တာနဲ့ အမိုက်စား contentတွေရေးပေးမယ့် AI စာရေးဆရာ
✅ အလီဘာဘာ ကြော်ငြာရေးဆရာ: လူတွေစိတ်ဝင်စားအောင် AIDA frameworkကို အသုံးချပြီး ကြော်ငြာစာတွေ ရေးသားပေးတဲ့ AI
✅ အလီဘာဘာBusiness AI : ရောင်းတဲ့ပစ္စည်းတခုရဲ့ ဓာတ်ပုံကို ပေးလိုက်တာနဲ့ အမိုက်စား ရောင်းတန်းဝင် Graphic Design ဖန်တီးပေးတဲ့ Business AI( အပြင်မှာ သိန်းဆယ်ချီပေးပြီး ဝယ်ရတဲ့ AIဝန်ထမ်းဖြစ်ပါတယ်၊ ဒါကို AIS Classမှာ သင်တန်းသားတိုင်းကို ပေးတယ်)
ဒါတွေအပြင် လက်တွေ့အသုံးဝင်တဲ့ နောက်ထပ် AI ဝန်ထမ်းတွေကိုပါ ပေးဦးမှာဖြစ်တယ်
လူအများစု (အထူးသဖြင့် လုပ်ငန်းရှင်တွေ)က
AI ကို သုံးချင်ပေမယ့်
ရှုပ်ထွေးတဲ့ AIနည်းစနစ်တွေ ၊
Automationတွေ
Coding တွေကို လေ့လာဖို့ အချိန်မရှိကြဘူး။ ခေါင်းစားမခံချင်ကြဘူး။
ဒီပြဿနာတွေကိုဖြေရှင်းဖို့
အချိန်လည်းမကုန်၊ခေါင်းစားစရာလည်းမလို
လက်တွေ့လုပ်ငန်းခွင်မှာ
ချက်ချင်း အလုပ်လုပ်ပေးမယ့်
“Ready-made AIဝန်ထမ်း" တွေကိုပဲ
သီးသန့်တည်ဆောက်ထားတယ်
ကျွန်တော် Content Creation နယ်ပယ်မှာဖြတ်သန်းလာတာ (၁၀) နှစ်ကျော်ပြီ
✅Follower (၂) သန်းနီးပါးရှိတဲ့ "အလီဘာဘာ"
✅Follower (၁) သန်းနီးပါးရှိတဲ့ "Top Ten" ကို ကိုယ်တိုင် တည်ထောင်ပြီး
content creation လုပ်နေတယ်
AIကို သင်တယ်ဆိုတဲ့အပိုင်းမှာ
ပုံဘယ်လိုထုတ်မလဲ?
ဗီဒီယို ဘယ်လိုထုတ်မလဲ?
ဒီလိုအပေါ်ယံတွေ သင်ပေးတာမဟုတ်ဘူး
သိန်း(၂၀)ကျော် တန်ကြေးရှိတဲ့
AIဝန်ထမ်းတွေကို ခင်ဗျားလက်ထဲ တခါတည်း ထည့်ပေးလိုက်မှာဖြစ်တယ်
ဒီတော့
☑️တနေ့တနေ့ ကိုယ့်ရဲ့ pageမှာ ဘာတွေတင်ရမလဲဆိုပြီး ခေါင်းစားနေစရာ ဖြစ်နေလား?
☑️ပိုက်ဆံမကုန်ပဲ ကိုယ့်လုပ်ငန်းကို ရောင်းအားတက်ဖို့၊ လူပိုသိဖို့ contentတွေ ဖန်တီးချင်လား?
☑️ကြော်ငြာ Graphic Designတွေကို ဖန်တီးချင်လား?
☑️AIကို လက်တွေ့အသုံးချပြီး Content Creationကို ထိထိရောက်ရောက်လုပ်ချင်လား?
☑️AIကို ဘာဆိုဘာမှ မသိတဲ့အခြေအနေကနေ လက်တွေ့အသုံးချနိုင်တဲ့အထိ step by step သင်ယူချင်လား
☑️အရေးကြီးဆုံးကတော့ AIဝန်ထမ်းတွေကို ကိုယ်တိုင် အလွယ်ဆုံး ဖန်တီးပြီး လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်ချင်လား?
ကျွန်တော့်ဆယ်စုနှစ်တစ်ခုစာ အတွေ့အကြုံနဲ့
ကမ္ဘာ့အဆင့်မီ AI နည်းပညာတွေကို ပေါင်းစပ်ပြီး လုပ်ငန်းရှင်တွေအတွက် အထိရောက်ဆုံး လမ်းကြောင်းတစ်ခုကို ဖန်တီးထားပါတယ်။
📲AI Strategy Masterclass (AIS) Batch - 8
ဒီ Class မှာ ခင်ဗျားတို့ကို စာအုပ်ကြီး ဖတ်ပြပြီး
AI သုံးနည်း သီအိုရီတွေ သင်ပေးနေမှာ မဟုတ်ပါဘူး။
ခင်ဗျားတို့ရဲ့ လုပ်ငန်းကို အရှိန်အဟုန်နဲ့ မောင်းနှင်ပေးမယ့် "Ready-made AI ဝန်ထမ်း" တွေကို ခင်ဗျားတို့ရဲ့ လက်ထဲကို တိုက်ရိုက် တပ်ဆင်ပေးသွားမှာပါ။
တခြားသူတွေက "ငါးဖမ်းနည်း" သင်နေချိန်မှာ၊ ကျွန်တော်တို့က "ငါးဖမ်းပိုက်ကွန်" ကို လက်ထဲထည့်ပေးမှာပါ။
အပြင်က Agency တွေကို သီးသန့်အပ်မယ်ဆိုရင် တစ်လကို သိန်း (၂၀) ကနေ (၃၀) အထိ အနည်းဆုံး ကုန်ကျမယ့် အစွမ်းထက် AI ဝန်ထမ်းတွေကို လစဉ်ကြေး (Subscription) ဒေါ်လာတွေ ထပ်ပေးစရာမလိုဘဲ Free Tools တွေပေါ်မှာတင် အလုပ်လုပ်နိုင်အောင် စနစ်တကျ တည်ဆောက်ပေးထားပါတယ်။
Zoom Live သင်နေတုန်းမှာတင် ခင်ဗျားရဲ့ ဖုန်း (သို့) Laptop ထဲကို ကျွန်တော်ကိုယ်တိုင် Step-by-step Setup လုပ်ပေးသွားမှာပါ။ နည်းပညာ လုံးဝနားမလည်လည်း နောက်ကောက်ကျန်ခဲ့မှာ ပူစရာမလိုပါဘူး။
✅ကိုယ်တိုင် AIဝန်ထမ်းတွေ တည်ဆောက်နိုင်အောင် သင်ကြားပေးဦးမှာဖြစ်တယ်
ဒါတွေတင်မကသေးဘူး
✅ ChatGPT, Gemini, Canva, Google Labs, Google AI Studio,NotebookLMဒါတွေကို လက်တွေ့အသုံးချတတ်အောင် သင်ကြားပေးတယ်
✅ AIကို အထာကျကျ ခိုင်းတတ်ဖို့ အရေးကြီးတဲ့Prompt Engineeringကိုလည်း စနစ်တကျသင်ကြားပေးတယ်
✅AI Masterclass က 2026 September (12)ရက်နေ့မှာစမယ်
✅ သင်တန်းကာလ (၁)လခွဲ ကြာမြင့်မယ်
တစ်ပတ်ကို (၂)ရက် ၊ (၁)ရက်ကို (၂)နာရီ Zoomနဲ့ သင်ယူရမှာဖြစ်တယ်
စနေ-တနင်္ဂနွေ (ည ၈နာရီ- ၁၀နာရီ) အချိန်တွေဖြစ်တယ်
AI Strategy Masterclassကို တက်ရောက်ဖို့အတွက် လိုအပ်ချက်
AIS Class က Video တွေပေးပြီး ပစ်ထားမယ့် သင်တန်းမျိုး မဟုတ်တဲ့အတွက် Live Session တွေကို အချိန်ပေး တက်ရောက်နိုင်ဖို့တော့ လိုပါမယ်။ (ဒါပေမဲ့ အလုပ်များတဲ့ လုပ်ငန်းရှင်တွေ၊ မီးပျက်/အင်တာနက် အခက်အခဲရှိသူတွေအတွက် Record Video ပြန်ကြည့်ခွင့်ကို အထူးစီစဉ်ပေးထားပါတယ်။)
✅ဖုန်း(သို့) Laptopလိုမယ်
Fees(သင်တန်းကြေး)က ဘယ်လောက်လဲ?
💵 ၂သိန်းခွဲကျပ် ကျသင့်ပါမယ်
AI Strategy Masterclass Batch (8)အတွက်
Early bird Promotion
ပုံမှန် သင်တန်းကြေး - 💵 ၂၅၀,၀၀၀ ကျပ်
🎯 Aug (15)-(25)အတွင်း ပထမဆုံး အပ်နှံသူ (၇) ဦးအတွက်သာ - ၁၇၀,၀၀၀ ကျပ်
(ဒီ (၇) ဦးအတွက် ၂ သိန်းတန်ကြေးရှိတဲ့ YouTube ဝင်ငွေရှာနည်း Masterclass နဲ့ Canva Graphic Design သင်တန်းတို့ကိုပါ ရာသက်ပန် Free Access ပေးသွားပါမယ်။)
ဈေးကွက်ထဲမှာ ပြိုင်ဘက်တွေက
AI တွေသုံးပြီး ရှေ့ရောက်သွားချိန်မှာ
ကိုယ်က နည်းပညာတွေ နားမလည်ဘဲ
နောက်ကောက်ကျန်ခဲ့မှာကို စိုးရိမ်နေသလား?
ရှုပ်ထွေးတာတွေ ခေါင်းထဲကထုတ်လိုက်ပါ။ လွယ်ကူမြန်ဆန်တဲ့ AIဝန်ထမ်းတွေနဲ့ ခင်ဗျားရဲ့ လုပ်ငန်းကို ရောင်းအားတွေ ဆက်တိုက်တက်လာအောင် Level Up လုပ်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်...
✅ အလီဘာဘာ page ရဲ့
Chatbox မှာ "AIS" လို့ အခုပဲ ပို့ပေးလိုက်ပါ။
အခွင့်အရေးဆိုတာ တွေဝေနေတဲ့သူတွေအတွက် မဟုတ်ပါဘူး။
အခွင့်အရေးကို မြင်တဲ့သူတွေပဲ ဈေးကွက်ကို ဦးဆောင်ပါလိမ့်မယ်။
သူများတွေ အများကြီးလုပ်လာပြီးမှ
နောက်ကလိုက်ရင် နေရာရဖို့ ခက်ခဲသွားနိုင်တာမလို့ လက်ဦးမှုယူနိုင်ဖို့လိုပါမယ်
#အနာဂတ်_AI
ီ_ဘာ_ဘာ_AI
ီ_ဘာ_ဘာ