GoRuby Gems Shop

Directions Website

GoRuby Gems Shop မြန်မာ့သဘာဝတွင်းထွက်ကျောက်မျက်ရတနာများကို100% အာမခံဖြင့်ရောင်းချပေးနေပါပြီ။

ကျောက်တစ်ပွင့်ကို ဝယ်ဖို့ဆိုတာ ကျောက်ကိုကြည့်ရုံနဲ့ မပြီးဘူး။ ရောင်းတဲ့လူကိုလည်း ယုံကြည်ဖို့လိုတယ်။ကျနော့်အမြင်မှာ ကျောက...
14/10/2026

ကျောက်တစ်ပွင့်ကို ဝယ်ဖို့ဆိုတာ ကျောက်ကိုကြည့်ရုံနဲ့ မပြီးဘူး။ ရောင်းတဲ့လူကိုလည်း ယုံကြည်ဖို့လိုတယ်။

ကျနော့်အမြင်မှာ ကျောက်အရောင်းအဝယ်ဆိုတာ ဒီနေ့တစ်ပွင့်ရောင်းပြီး အမြတ်ရဖို့တစ်ခုတည်း မဟုတ်ဘူး။ ကိုယ့်ဆီက ဝယ်သွားတဲ့သူ နောက်တစ်ခါ ကျောက်ကြည့်ချင်တဲ့အခါ ကိုယ့်ကို သတိရနေဖို့က ပိုအရေးကြီးတယ်။

ဒါကြောင့် ကျနော့်အတွက် အရေးကြီးတာက ကိုယ်ရောင်းချင်တဲ့ကျောက်ကို လူတိုင်းကြိုက်အောင် ပြောဖို့ထက် ကိုယ့်ရှေ့မှာလာကြည့်တဲ့သူက ဒီကျောက်ကို သူ့အမြင်နဲ့သူ စဉ်းစားဆုံးဖြတ်နိုင်ဖို့ပါပဲ။(သူတို့နားမလည်တာကိုတော့ သေချာရှင်းပြပေးရင်းနဲ့ပေါ့)

တစ်ခါတလေ ကျနော်သဘောကျတဲ့ကျောက်ကို လာကြည့်တဲ့သူက မကြိုက်တာလည်း ရှိနိုင်တယ်။ သူသဘောကျတဲ့ကျောက်ကို ကျနော်က သူ့အကြိုက်အတိုင်း ရှင်းပြပေးရတာလည်း ရှိနိုင်တယ်။ အဲ့ဒါက ပုံမှန်ပါပဲ။ လူတိုင်းရဲ့အမြင်က တစ်ပုံစံတည်း မဖြစ်နိုင်ဘူးလေ။

ကျောက်တစ်ပွင့်ကောင်းတယ်ဆိုတာ ပြောလိုက်ရုံနဲ့ ကောင်းသွားတာမဟုတ်ဘူး။ ကိုယ်တိုင်ကြည့်ရမယ်၊ ကိုယ်တိုင်သဘောကျရမယ်၊ ကိုယ်ပေးရမယ့်စျေးနဲ့ တန်တယ်လို့ ကိုယ်တိုင်ခံစားနေရမယ်။

ကျနော်ကတော့ ကျောက်တစ်ပွင့်ကို လူတစ်ယောက်က ဝယ်သွားတာထက် သူဝယ်သွားတဲ့အခါ ကိုယ်ရွေးချယ်ခဲ့တာ မှန်တယ်လို့ စိတ်ထဲမှာ လက်ခံနိုင်ဖို့ကို ပိုအရေးကြီးတယ်လို့ မြင်တယ်။

ဘာလို့လဲဆိုတော့ ကျောက်တစ်ပွင့်ရောင်းပြီးတာနဲ့ ဆက်ဆံရေးက ပြီးသွားတာမဟုတ်ဘူး။ နောက်တစ်ခါ ကျောက်ကြည့်ချင်တဲ့အခါ ကိုယ့်ကို သတိရမလား၊ တစ်ခုခုမေးချင်တဲ့အခါ ကိုယ့်ကို မေးရဲမလား၊ နောက်ဆုံး ကိုယ့်ဆီက ထပ်ဝယ်ဖို့ စိတ်ချမှုရှိမလားဆိုတာတွေကလည်း အရေးကြီးတယ်။

ဒီလိုအရာတွေက တစ်ရက်တည်းနဲ့ ရလာတာမဟုတ်ဘူး။ စကားလှလှပြောလို့လည်း မရဘူး။ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်အပြုအမူ၊ ကိုယ့်အရောင်းအဝယ်နဲ့ ကိုယ့်အပေါ်ထားတဲ့ လူတွေရဲ့အတွေ့အကြုံတွေကနေ တဖြည်းဖြည်း တည်ဆောက်သွားရတာ။

ကျနော်လည်း အကုန်သိနေတဲ့သူ မဟုတ်ပါဘူး။ ကိုယ်သိသလောက် လေ့လာတယ်၊ ကိုယ်ကြိုက်တဲ့ကျောက်ကို ဝယ်တယ် ပြီးရင် အတတ်နိုင်ဆုံး စျေးကွက်နဲ့ချိန်ပြီးစျေးအသက်သာဆုံးရောင်းပေးတယ်။

အရောင်းအဝယ်တစ်ခါ အောင်မြင်တာထက် နောက်တစ်ခါလည်း ကိုယ့်ဆီကို စိတ်ချလက်ချ ပြန်လာချင်တဲ့သူ ရှိနေဖို့က ပိုတန်ဖိုးရှိပါတယ်။

ကိုမျိုးမင်းကျော်
GoRuby Gems

12/10/2026

✍️_Sold_Out ကျောက်တစ်ပွင့်ရဲ့ အလှက ဝတ်ဆင်တဲ့ပုံစံပေါ်မှာလည်း မူတည်ပါတယ်။

ဒီလို အရောင်တောက်ပပြီး ဆွဲဆောင်မှုရှိတဲ့ ကျောက်မျိုးက အမျိုးသားလက်စွပ်ကြီးတွေနဲ့ တွဲဖက်လိုက်ရင် တည်ငြိမ်ပြီး ခန့်ညားတဲ့အသွင်ကို ပေးနိုင်သလို၊ အမျိုးသမီးလက်စွပ်အဖြစ် ဖန်တီးလိုက်ရင်လည်း ဂန္ထဝင်ဆန်တဲ့ အလှတရားတစ်မျိုးကို ရရှိစေပါတယ်။

ကျောက်ကောင်းတစ်ပွင့်ဆိုတာ ကိုယ်တိုင်ကြည့်ပြီး သဘောကျရုံတင်မကဘဲ ဘယ်လိုပုံစံနဲ့ ဝတ်ဆင်မလဲဆိုတာအထိ စိတ်ကူးလို့ရတဲ့ ကျောက်မျိုးပါ။ ❤️💎

🏅 GoRuby မှ ဝယ်ယူသော ကျောက်တိုင်း Certificate ပါဝင်ပါသည်။
📍 Address
78th & 34th St, Yadanar Mall, 2nd Floor, Shop No. 087, Mandalay
📞 Contact
09-757471211, 09-5019681
🎵 TikTok

ကျောက်တွေကို ဝတ်ပါ၊စုပါ။😁ကျနော်ကတော့ လူတစ်ယောက်ကို တွေ့ရင် ဒီလူဘာကျောက်ဝတ်ထားလဲဆိုတာ အရင်ကြည့်မိတယ်။ဘာလို့လဲဆိုတော့ ကျော...
11/10/2026

ကျောက်တွေကို ဝတ်ပါ၊စုပါ။😁

ကျနော်ကတော့ လူတစ်ယောက်ကို တွေ့ရင် ဒီလူဘာကျောက်ဝတ်ထားလဲဆိုတာ အရင်ကြည့်မိတယ်။

ဘာလို့လဲဆိုတော့ ကျောက်ဆိုတာ အလှဆင်ဖို့သက်သက် မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ အကြိုက်၊ အမြင်နဲ့ Status ကိုပါ ဖော်ပြပေးနိုင်တယ်။

ကျောက်တစ်ပွင့်ကို ရွေးချယ်တတ်တာလည်း အမြင်တစ်မျိုးပဲ။

အဝတ်အစားက လူတစ်ယောက်ရဲ့ အသွင်အပြင်ကို ပြတယ်။ ကျောက်ကတော့ သူ့ရဲ့ဝါသနာနဲ့ အဆင့်အတန်းကို ပြတယ်။

ကျောက်ကို ချစ်တဲ့သူတွေဆို ကျနော်ပြောတာ နားလည်ကြမှာပါ။ 😁😁😁
ဒါလည်းတစ်ဦးတည်းအမြင်ပါခင်ဗျာ။ 😁😁😁

ကိုမျိုးမင်းကျော်
GoRuby Gems

ကျောက်ကောင်းပေမယ့် ကိုယ့်အတွက် မသင့်တဲ့ကျောက်တွေ ရှိတယ်။ကျနော်က ကျောက်ကုန်သည်တစ်ယောက်ပါ။ ကျောက်တစ်ပွင့်ကို ကြည့်တဲ့အခါ က...
10/10/2026

ကျောက်ကောင်းပေမယ့် ကိုယ့်အတွက် မသင့်တဲ့ကျောက်တွေ ရှိတယ်။

ကျနော်က ကျောက်ကုန်သည်တစ်ယောက်ပါ။ ကျောက်တစ်ပွင့်ကို ကြည့်တဲ့အခါ ကျောက်သားကောင်းတယ်၊ အရေလှတယ်၊ cutting ကောင်းတယ်ဆိုရင် ကောင်းတဲ့ကျောက်တစ်ပွင့်လို့ ပြောလို့ရတယ်။

ဒါပေမယ့် ကျောက်ကောင်းတိုင်း ကိုယ့်အတွက် သင့်တော်တာတော့ မဟုတ်ဘူး။

ဥပမာ… ကျောက်တစ်ပွင့်က အရေလည်းကောင်းတယ်၊ ကျောက်သားလည်းလှတယ်၊ ဈေးကွက်မှာလည်း လူကြိုက်များတယ်။ ကိုယ်တိုင်လည်း သဘောကျတယ်။

ဒါပေမယ့် ကိုယ်ဝယ်ရမယ့်ဈေးက ကိုယ့်အတွက် အဆင်မပြေဘူး။ ဒါမှမဟုတ် ကိုယ့်ငွေကို ဒီကျောက်တစ်ပွင့်ထဲ ထည့်ထားလိုက်ရင် တခြားအခွင့်အရေးကောင်းတွေ လက်လွတ်သွားနိုင်တယ်။

အဲ့ဒီအချိန်မှာ ကျောက်ကောင်းတယ်ဆိုပြီး မျက်စိမှိတ်ဝယ်လိုက်ရင် မှန်ကန်တဲ့ဆုံးဖြတ်ချက် ဖြစ်ပါ့မလား။

ကျနော်ကတော့ ကျောက်တစ်ပွင့်ကို ကြိုက်တာနဲ့ ဝယ်သင့်ပြီလို့ မယူဆဘူး။

ကြိုက်တာတစ်ပိုင်း၊ ဝယ်သင့်မသင့် စဉ်းစားတာက တစ်ပိုင်းပဲ။

တချို့ကျောက်တွေက ကိုယ်ကြိုက်ပေမယ့် ကိုယ့်အတွက် မသင့်ဘူး။ တချို့ကျောက်တွေက အရေကောင်းပေမယ့် ကိုယ်ပေးရမယ့်ဈေးနဲ့ မတန်ဘူး။ တချို့ကျောက်တွေက တကယ်လှပေမယ့် ကိုယ်လက်ရှိလုပ်နေတဲ့ အရောင်းအဝယ်နဲ့ ကိုယ်ရဲ့စျေးကွက်နဲ့မကိုက်ညီဘူး။

ဒါတွေကို ခွဲခြားစဉ်းစားတတ်ဖို့ လိုတယ်။

ကျောက်ကုန်သည်တစ်ယောက်အနေနဲ့ ကျနော်တို့က ကျောက်ကို ကြိုက်ရုံနဲ့ ဝယ်လို့မရဘူး။ ကိုယ်ဝယ်လိုက်တဲ့အခါ ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်လဲဆိုတာပါ ထည့်တွက်ရတယ်။

ကျောက်ဝယ်တဲ့အခါ အရေးကြီးဆုံးက ကျောက်ကောင်းတစ်ပွင့်ကို ရဖို့တင် မဟုတ်ဘူး။ ကိုယ်နဲ့သင့်တော်တဲ့ ကျောက်ကောင်းတစ်ပွင့်ကို မှန်ကန်တဲ့ဈေးနဲ့ ဝယ်နိုင်ဖို့ပါ။

လူတော်တော်များများက ကျောက်ကောင်းတစ်ပွင့်ကို လက်လွတ်လိုက်ရမှာ စိုးရိမ်ကြတယ်။

ဒါပေမယ့် ကျနော်ကတော့ ကျောက်တစ်ပွင့်ကို မဝယ်လိုက်ရတာထက် မဝယ်သင့်တဲ့ကျောက်ကို ဝယ်မိလိုက်တာက ပိုသတိထားရမယ့်ကိစ္စလို့ မြင်တယ်။

ကျောက်ဆိုတာ ဒီတစ်ပွင့်မဝယ်ရင် နောက်တစ်ပွင့် မရှိတော့တာမျိုး မဟုတ်ဘူး။ ကိုယ်နဲ့ကိုက်ညီတဲ့ ကျောက်ကို စိတ်ရှည်ရှည်နဲ့ ရှာလို့ရတယ်။

ကျောက်ကောင်းတိုင်း လိုက်ဝယ်နေရင် ကျောက်တွေတော့ များလာနိုင်တယ်။ ဒါပေမယ့် ကိုယ့်အတွက် တကယ်သင့်တော်တဲ့ကျောက်ကို ရွေးဝယ်တတ်မှ ရေရှည်မှာ အဆင်ပြေမယ်။

ကျနော်ယုံကြည်တာကတော့ ကျောက်လောကမှာ အခွင့်အရေးကောင်းတိုင်းကို လိုက်ယူနိုင်တဲ့လူထက် ဘယ်အခွင့်အရေးကို ယူသင့်တယ်၊ ဘယ်အခွင့်အရေးကို လက်လွှတ်သင့်တယ်ဆိုတာ သိတဲ့လူက ပိုပြီးရေရှည်သွားနိုင်တယ်။

ကိုမျိုးမင်းကျော်
GoRuby Gems

သိန်း၅၀ အောက် 1.04ct မိုးကုတ်ပတ္တမြား — ဘဝရဲ့ ထူးခြားတဲ့ အမှတ်တရတွေအတွက် လက်ဆောင်မိမိကိုယ်ကို ပေးမယ့် Reward ပဲဖြစ်ဖြစ်၊...
09/10/2026

သိန်း၅၀ အောက် 1.04ct မိုးကုတ်ပတ္တမြား — ဘဝရဲ့ ထူးခြားတဲ့ အမှတ်တရတွေအတွက် လက်ဆောင်
မိမိကိုယ်ကို ပေးမယ့် Reward ပဲဖြစ်ဖြစ်၊ တန်ဖိုးထားရတဲ့သူဆီ ပေးမယ့် Special Gift ပဲဖြစ်ဖြစ် အခု ၁ ကာရက်ကျော် မိုးကုတ်ပတ္တမြားက ရွေးချယ်စရာ အကောင်းဆုံးပါပဲ။
Weight: 1.04 Carat
Color: [pinkished red ]
Certificate: [ပါပြီး]
တန်ဖိုးမကျတဲ့ သဘာဝမိုးကုတ်ပတ္တမြားက သိမ်းထားလေ တန်ဖိုးရှိလေပါပဲ။ လက်စွပ် ဒါမှမဟုတ် ဆွဲသီး ဒီဇိုင်းပုံဖော်ချင်ရင်လည်း အဆင်ပြေပါတယ်။
ဈေးနှုန်းနဲ့ အသေးစိတ်ကို Messenger ကနေ မေးမြန်းနိုင်ပါတယ်။

🏅 GoRuby မှ ဝယ်ယူသော ကျောက်တိုင်း Certificate ပါဝင်ပါသည်။
📍 Address
78th & 34th St, Yadanar Mall, 2nd Floor, Shop No. 087, Mandalay
📞 Contact
09-757471211, 09-5019681
🎵 TikTok

07/10/2026

Spinel 2.1ct — ဝယ်စုမလား… ဝတ်မလား? ❤️

အရောင်​တောက်တောက်
အရည်ပြည့်ပြည့်
Luster ကောင်းတယ်
Cutting ကောင်းတယ်
Size ကလည်း 2 ct ကျော်ရှိတယ်…

ဒီလိုဆိုရင်
“ဝယ်ပြီးစုမလား?”
“လက်စွပ်လုပ်ပြီး ဝတ်မလား?”
ရွေးရတာတောင် ခက်သွားပြီ။ 😄

ကျောက်ကောင်းတစ်ပွင့်ဆိုတာ
စုထားလည်း တန်တယ်၊
ကိုယ်တိုင်ဝတ်ထားလည်း တန်တယ်။

အရေးကြီးတာက ကျောက်ကောင်းဖို့၊ ကိုယ်ကြိုက်ဖို့၊ ကိုယ်နဲ့လိုက်ဖို့ —
အဲဒီသုံးခု အဆင်ပြေရင် အားလုံးအဆင်ပြေပြီ။

2 ct ဆိုတဲ့ Size တစ်ခုတည်းကြောင့် မဟုတ်ဘူး…
ကြည့်လိုက်တာနဲ့ “ဒီပွင့်က မိုက်တယ်” လို့ ခံစားရတာက တကယ့်တန်ဖိုးပါ။ 💎

ဝယ်စုမလား…
ဝတ်မလား…
ကျောက်ကောင်းရင် နှစ်ခုလုံး လုပ်ချင်မိမှာပဲ။ ❤️‍🔥
စျေးနှုန်းအသေးစိတ်ကိုcb သို့မဟုတ်အောက်ပါ လိပ်စာမှလာရောက်မေးမြန်းဝယ်ယူလို့ရပါတယ်ဗျ။

🏅 GoRuby မှ ဝယ်ယူသော ကျောက်တိုင်း Certificate ပါဝင်ပါသည်။
📍 Address
78th & 34th St, Yadanar Mall, 2nd Floor, Shop No. 087, Mandalay
📞 Contact
09-757471211, 09-5019681
🎵 TikTok

05/10/2026

မိုးကုတ်ပတ္တမြားအရိုင်းလေး Sold_Out 🥰🥰🥰

လူကြီးမင်းတို့ Executive ပိုင်းတွေ Meeting တက်ရင်ဖြစ်ဖြစ်၊ အရေးကြီးတဲ့ အလုပ်ကိစ္စ သွားပြောရင်ဖြစ်ဖြစ် လက်မှာ အပြာရောင်လေ...
04/10/2026

လူကြီးမင်းတို့ Executive ပိုင်းတွေ Meeting တက်ရင်ဖြစ်ဖြစ်၊ အရေးကြီးတဲ့ အလုပ်ကိစ္စ သွားပြောရင်ဖြစ်ဖြစ် လက်မှာ အပြာရောင်လေး ထင်းနေတာက သြဇာပိုရှိသလို ခန့်လည်း ပိုခန့်ပါတယ်။
ဒီ မိုးကုတ်နီလာ ၂ ကလပ်လေးက အဝိုင်းမဟုတ်ဘဲ လေးထောင့်ရှည်ပုံစံလေးဆိုတော့ ခေတ်လည်းဆန်းတယ်၊ ကြည့်လိုက်တာနဲ့တင် ခန့်ထည်မှုက အပြည့်ပဲ။ ကျောက်သားကလည်း မှန်လိုရှင်းနေတာမို့ လက်စွပ်ခတ်လိုက်ရင် တော်တော်ကြည့်ကောင်းမှာပါ။
အိတ်ထဲ ငွေထည့်ထားမယ့်အစား ကိုယ့်ရဲ့ ရာထူး၊ ဂုဏ်သိက္ခာနဲ့လိုက်အောင် ဒီလိုကျောက်လေး တစ်ပွင့်ဝတ်ထားတာက ပိုပြီး အဆင့်အတန်းရှိစေပါတယ်။
ကျောက်လေးရဲ့စျေးလေးကတော့ ရာသေးပိုင်းလေးနဲ့ရောင်းပေးမှာဖြစ်ပါတယ်။ အသေးစိတ်ကို cb မှာပဲဖြစ်ဖြစ် အောက်ပါလိပ်စာအတိုင်းကိုလည်း ဆက်သွယ်လို့ရပါတယ်။
🏅 GoRuby မှ ဝယ်ယူသော ကျောက်တိုင်း Certificate ပါဝင်ပါသည်။
📍 Address
78th & 34th St, Yadanar Mall, 2nd Floor, Shop No. 087, Mandalay
📞 Contact
09-757471211, 09-5019681
🎵 TikTok

03/10/2026

နီလာကြိုက်တဲ့သူတွေဆိုတာနဲ့ ဒီလို ၂ ကလပ် လေးထောင့်ရှည်လေးကို မြင်ရင် မျက်စိကျကြမှာပါ။
အဝိုင်းတွေ၊ အချွန်တွေနဲ့ မတူဘဲ Emerald Cut သပ်သပ်ရပ်ရပ်လေးမို့ လက်ပေါ်တင်လိုက်ရင်ကို ခန့်နေတာ။
တကယ်စုဆောင်းချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ဝတ်ဖို့ပဲဖြစ်ဖြစ် အကြာကြီးစဉ်းစားမနေဘဲ သိမ်းထားသင့်တဲ့ ကျောက်ပါ။
ဈေးနှုန်းနဲ့ ကျောက်အကြောင်း အသေးစိတ်ကို Chat box ကနေ မေးပေးပါနော်။

🏅 GoRuby မှ ဝယ်ယူသော ကျောက်တိုင်း Certificate ပါဝင်ပါသည်။
📍 Address
78th & 34th St, Yadanar Mall, 2nd Floor, Shop No. 087, Mandalay
📞 Contact
09-757471211, 09-5019681
🎵 TikTok

02/10/2026

အမှတ်တရနေ့ အတွက် ကိုယ့်ကိုယ်ကို ပေးချင်တဲ့ အကောင်းဆုံး ဆုလာဘ်တစ်ခုကတော့ "တန်ဖိုးရှိတဲ့ ရတနာ" တစ်ကွင်းပါပဲ။
ဒီ အရည်ထက် ပတ္တမြား လက်စွပ်လေးက ဝတ်ထားရင် ပွင့်ခါဆူ လေးနဲ့
အလုပ်ပွဲပဲတက်တက်၊ အပြင်ပဲသွားသွား လက်မှာ အမြဲဝတ်ထားရုံနဲ့တင် စိတ်ထဲ ကျေနပ်မှုအပြည့် ရစေမှာနော်✨
မိမိကိုယ်ကို အမှတ်တရ ဆုလာဘ်ပေးချင်လို့ ဈေးနှုန်းလေးတွေ သိချင်ရင် Messenger ကနေ မေးမြန်းနိုင်ပါတယ်နော် 💬

🏅 GoRuby မှ ဝယ်ယူသော ကျောက်တိုင်း Certificate ပါဝင်ပါသည်။
📍 Address
78th & 34th St, Yadanar Mall, 2nd Floor, Shop No. 087, Mandalay
📞 Contact
09-757471211, 09-5019681
🎵 TikTok

Address

𝐘𝐚𝐝𝐚𝐧𝐚𝐫 𝐌𝐚𝐥𝐥, 𝐒𝐞𝐜𝐨𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐍𝐨. (𝟎𝟖𝟕), 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
Mandalay

Opening Hours

Monday 10:30 - 17:30
Tuesday 10:30 - 17:30
Wednesday 10:30 - 17:30
Thursday 10:30 - 17:30
Friday 10:30 - 17:30
Saturday 10:30 - 17:30
Sunday 10:30 - 17:30

Alerts

Be the first to know and let us send you an email when GoRuby Gems Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share