GuidingStar-Mogok Gem&Jewelry

Directions

GuidingStar-Mogok Gem&Jewelry "မိုးကုတ်ဒေသထွက် ကျောက်မျက်ရတနာစစ်စစ်များကို အရည်အသွေးမှန်၊ ဈေးနှုန်းမှန်ဖြင့် ယုံကြည်စိတ်ချစွာ ဝယ်ယူရရှိနိုင်ပါတယ်ဗျ

17/08/2026

Edit: Soldout သွားပါပြီခင်ဗျာ
Mogok Natural Sapphire စုံ နှစ်ပွင့် ရောင်းပေးပါမယ်ခင်ဗျာ
စျေး- CB (or) 09672288580
ကလပ်ချိန် - ၂ပွင့် (၃.၁၅)ကလပ်

12/08/2026
06/08/2026

၃။အလုပ်သဘောနဲ့ကျောက်ရည်

ဒီခေါင်းစဉ်အောက်မှာပြောပြချင်တာကတော့အလုပ်သဘောဆိုတာ ကျောက်တစ်ပွင့်ကိုရွေးချယ်ဝယ်ယူတော့မယ်ဆိုရင် ဒီကျောက်ဟာ ငါးမူးတင်မှာလား၊ သုံးမတ်လား၊ တစ်ကိုက်လား၊ချွန်းစောင်းလား၊ချွန်းချိုင့်ရှိလား၊အမြုတ်ရှိလား၊ထပ်ပြစ်လား၊ရှပြစ်လား၊စလွယ်ပြစ်လား၊ဂေါ်ဖြူပါတာလား၊သွေးရင် ဂေါ်စောင်းပြီးသွေးရမှာလားဆိုတာကို စဉ်းစားရသေးတယ်ဗျ နောက်အရေးကြီးဆုံးက ကျောက်ရည်၊ တစ်ရည်တက်ရင် တစ်စျေးကွာတယ်လို့ ရှေးလူကြီးတွေပြောစကားရှိတယ်ဗျ။ပန်းဖြူ၊ပန်းရေ၊ပန်းချို၊ပန်းတက်၊ဝါသွေးဝင်တာနဲ့ပြာသွေးဝင်တာ ရှိသေးတယ်ဗျ
ဝါသွေးဝင်တယ်ဆိုတာ ကျောက်မျက်ထဲကို သဘာဝအလျောက် မြေဆီတွေ သံချေးဝါ တွေပါဝင်နေတာပါ ၊ပြာသွေးဝင်တယ်ဆိုတာ ဂေါ်ပြာကြောင့်ရယ် ဓါတ်သတ္တု တစ်မျိုးမျိုး ပါဝင်လို့ကြောင့်ရယ်ဖြစ်တာပါဗျ
ကျောက်ရည်လမ်းတည့်ရင် အမြင်အတိုင်းလှတာ ကျောက်ရည်လမ်းစောင်းသွားရင် အများအားဖြင့်ကျောက်ရည် တစ်ရေကျသွားတာ ပြာသွေးဝင်တာ စိမ်းရည်ဝင်တာမျိုးဖြစ်တတ်တယ်ဗျ
အရည်ချိုရင် မှန််ကွက်ကျည်းရတာ၊ချွန်းပါးရင် မှန်ကွက်ကျည်းရတာ၊ အမြုတ်ပါရင် အထက်ကြက်လျှာထဲ ထည့်ထားတာ၊ စောင်းပြစ်ပါရင် မှန်အနားမှာထည့်ထားတာ၊ ထပ်ပြစ်ပါရင် ချွန်းရစ်မှာ ထည့်ထားတာ စသည့်ဖြင့် ပေါ့ဗျာ မြစ် တစ်စင်းမှာ အကွေ့အကောက်ပါသလို သွေးပြီးသားကျောက်မှာလဲ အကောက်အကွေ့ အဝိုက်လေးတွေ ပါတတ်တာ သဘာဝလို့ပဲ ပြောရတော့မှာပေါ့ဗျာ ။ အပိုင်း(၄)မျှော်
ယခုရေးသားချက် များသည် ကျွန်တော် Guiding Star Gem ၏ အမြင်များ သာ ဖြစ်ပါသည်။

04/08/2026

#၂။ကျောက်သွေးသင်ဖို့အချိန်မပေးနိုင်ပါကကျောက်ပညာကိုသင်ယူပါ
ကျောက်ပညာသင်ဖို့အတွက် ဆရာကောင်းသမားကောင်းလိုပါတယ်၊ အရိုင်းဝယ်ရောင်းလုပ်မှာလား၊အရိုင်းဝယ်ပြီး အယှဉ်သွေးရောင်းမှာလား၊စျေးကွက်ထဲက သွေးပြီးသား အယဉ်ကို ဝယ်ရောင်းလုပ်မှာလား စသည်ဖြင့်ပေါ့ဗျာ။
ကျောက်ပညာက တိမ်မရောင်နဲ့နက်၊ လွယ်မရောင်နဲ့ခက်ပါတယ်။အပေါ်ကအကြောင်းအရာကိုပြန်ဆက်ရရင်အရိုင်းဝယ်ရောင်းက ငွေပေါ်တော့အနည်းငယ်မြန်တယ်ဗျ ၊ သွေးဖို့ ကျောက်သွေးခုံသွားစရာမလိုတော့တဲ့အတွက် စျေးကွက်ထဲ ချက်ချင်းရောင်းနိုင်တယ်။အရေးအကြီးဆုံးအချက်တစ်ခုကိုတော့မေ့ထားလို့မရဘူးဗျ၊အဲ့ဒါက အလုပ်သဘောနဲ့ ကျောက်ရည်ပါပဲခင်ဗျာ
အပိုင်း(၃)မျှော်

04/08/2026

Edit: Soldout သွားပါပြီ ခင်ဗျာ

မိုးကုတ်သဘာဝ ပတ္တမြားဂေါ်ကြိုး တစ်လော့လေးရောင်းပေးပါမယ်ဗျ
ခေါင်ပြောင်၊ကြိုးကောင်း ၊အသန့်လေးတွေပါဗျ
09672288580(or)CB

အမြတ်များများထက် ပျော်ရွှင်ကြည်နူးမှု့များများ လိုချင်တာပါ😍
02/08/2026

အမြတ်များများထက် ပျော်ရွှင်ကြည်နူးမှု့များများ လိုချင်တာပါ😍

02/08/2026

Edit: Soldout သွားပါပြီခင်ဗျာ

မိုးကုတ်သဘာဝ ပတ္တမြား ဂေါ်ကြိုး
အတွင်း အင်ဂလူးရှင်း အနည်းငယ်ပါ
စျေး- ငါးသိန်းကျပ်တိတိ
ကလပ်ချိန်- ၂.၂၀ ကလပ်
ဆက်သွယ်ရန် - ၀၉၆၇၂၂၈၈၅၈၀(ချက်ဘောက်)

29/07/2026

Soldout သွားပါပြီ ခင်ဗျာ
စျေးမေးပေးပါ ခင်ဗျာ

25/07/2026

ယခုရေးသားချက် များသည် ကျနော်(Guiding Star Gem)တစ်ယောက်ထဲ၏ အတွေးအမြင်ဖြစ်ပါသည်

ကျောက်မျက်ကို စိတ်ပါဝင်စားပြီး လေ့လာချင်သူတွေအတွက်ပါဗျ
၁။ကျောက်သွေးပညာအရင်သင်ပါဗျ။(လူငယ်များ အတွက် )
ဆိုလိုတာက ကျောက်တစ်ပွင့် ဝယ်မယ်ဆိုရင် ဒီကျောက်ကို တာပလာသွေးမှာလား၊လုံးချောလား၊ပါရစ်လား ဘယ်လိုင်းရမလဲ၊ အလုပ်သဘော ဘယ်လိုရှိလဲဆိုတာ ကျောက်သွေးတတ်ရင် ချက်ချင်းသိတယ်ဗျ၊
တချို့လူတွေကျောက်မသွေးတတ်ပေမယ့် ကျောက်လောကမှာ ရပ်တည်နိုင်သူတွေတော့ရှိကျပါတယ်၊ ဒါပေမယ့် အဆိုပါပုဂ္ဂိုလ်တွေကိုလေ့လာကြည့်တယ့်အခါမှာ အလုပ်သဘောသိရအောင် ကျောက်ကိုရမ်းဝယ်ရတာ၊ကျွမ်းကျင် တဲ့မိတ်ဆွေတွေကို အောက်ကျို့ပြီးမေးရတာ၊ ဘူမသိကိုးမသိ ဝယ်ထားတဲ့ကျောက်ကို ကျောက်သွေးဆရာဆီ သွားသွေးတော့ ထင်တာတခြားရတာတခြား ဖြစ်သွားတာ၊တချို့ကျတော့ မဝယ်ခင် အိမ်ကအလင်းရောင်နဲ့ကြည့်မယ်ဆိုပြီး ကျောက်သွေးဆရာကိုသွားတိုင်ပင်တာ၊တချို့ရှိသေးတယ် ကိုယ်စျေးပေးထားတယ့်ကျောက်ကိုအရောင်းအဝယ် မဖြစ်သေးခင် စျေးလိုက်ထိုးတာစသဖြင့်ပေါ့ဗျာ လောကဇာတ်စုံ အဖုံဖုံပါပဲဗျာ
အပိုင်း(၂) မျှော်

21/07/2026

Edit: Soldout သွားပါပြီ ခင်ဗျာ

Address

Mogok
MOGOK

Website

Alerts

Be the first to know and let us send you an email when GuidingStar-Mogok Gem&Jewelry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share