Myanma Gems Enterprise

Call Directions Website Contact the business

Myanma Gems Enterprise Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanma Gems Enterprise, Pyinmana.

၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း သက်တမ်းကုန်ဆုံးမည့် လုပ်ငန်းလိုင်စင်များစာရင်း အသိပေးကြေညာခြင်းကျောက်မျက်ရတနာအချောထည်နှင့် လ...
03/06/2024

၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း သက်တမ်းကုန်ဆုံးမည့် လုပ်ငန်းလိုင်စင်များစာရင်း အသိပေးကြေညာခြင်း

ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်၊ ကျောက်မျက်ရတနာအချောထည်နှင့် ရုပ်တုရုပ်ထွင်းများပြုလုပ်ခြင်းလုပ်ငန်းလိုင်စင်နှင့် ကျောက်မျက်ရတနာအရိုင်း၊ အချောများရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်ရယူထားသည့် လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်သက်တမ်းမကုန်ဆုံးမီ (၃)လကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ သက်တမ်းတိုးမြှင့်လျှောက်လွှာများ တင်သွင်းကြပါရန်နှင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း သက်တမ်းကုန်ဆုံးမည့် လုပ်ငန်းလိုင်စင်များစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည် –

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပပြီးစီးနေပြည်တော် မေ ၁၂၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့...
12/05/2024

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပပြီးစီး

နေပြည်တော် မေ ၁၂

၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

ယနေ့ပြပွဲတွင် အုပ်စု(C)မှ ကျောက်စိမ်းအတွဲအမှတ် (၃၇၅၁) မှ (၄၅၅၀)အထိ ကျောက်စိမ်းအတွဲပေါင်း (၈၀၀)ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း (၇၅၈)တွဲ ရောင်းချခဲ့ရကြောင်း ကြေညာခဲ့သည်။

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲ (၃၇၉)တွဲ၊ ကျောက်မျက်အတွဲ (၈၈)တွဲ၊ အုပ်စု(A)နှင့် အုပ်စု(B)မှ ကျောက်စိမ်းအတွဲ (၁၅၃၉)တွဲနှင့် အုပ်စု (C)မှ ကျောက်စိမ်းအတွဲ (၁၇၁၂)တွဲ စုစုပေါင်းကျောက်စိမ်းအတွဲပေါင်း (၃၂၅၁)တွဲကို ရောင်းချပေးနိုင်ခဲ့သည်။

ယခုကျင်းပပြုလုပ်သည့် (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများရရှိစေရန်၊ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့ရှိ ကျောက်စိမ်းအချောထည်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော MSME လုပ်ငန်းများအတွက် ကုန်ကြမ်းရရှိစေရန် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် မေ ၃ ရက်မှ ၁၂ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၉၅၄)တွဲ ရောင်းချနိုင်ခဲ့နေပြည်တော် မေ ၁၁(၅၉...
11/05/2024

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၉၅၄)တွဲ ရောင်းချနိုင်ခဲ့

နေပြည်တော် မေ ၁၁

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း ရတနာကုန်သည်များသည် နံနက်ပိုင်းမှစတင်၍ မဏိရတနာကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသော ပြည်တွင်းရတနာကုန်သည်များကိုသာ မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် အုပ်စု(C)မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် အုပ်စု(C)မှ ကျောက်စိမ်းအတွဲအမှတ် (၂၇၅၁) မှ (၃၇၅၀)အထိ ကျောက်စိမ်းအတွဲပေါင်း (၁၀၀၀)ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း (၉၅၄)တွဲ ရောင်းချခဲ့ရကြောင်း ကြေညာခဲ့သည်။

ယနေ့တွင် အုပ်စု(C)မှ ကျောက်စိမ်းအတွဲအမှတ် (၃၇၅၁) မှ (၄၅၅၀)အထိ ကျောက်စိမ်းအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

မွန်းလွဲပိုင်းတွင် ကျောက်စိမ်းအတွဲအမှတ် (၃၇၅၁) မှ (၄၅၅၀)အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ပြပွဲနောက်ဆုံးနေ့တွင် ကြေညာသွားမည်ဖြစ်သည်။

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ မေ ၃ ရက် မှ ၁၂ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲဒုတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၈၂)တွဲ၊ တတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၉၇)တွဲ၊ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း (၈၈)တွဲ၊ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၅၄၆)တွဲ၊ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၅၆၉)တွဲ၊ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၄၂၄)တွဲနှင့် နဝမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၉၅၄)တွဲတို့ကို ရောင်းချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ ဆက်လက်ကျင်းပနေပြည်တော် မေ ၁၀(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပ...
10/05/2024

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ ဆက်လက်ကျင်းပ

နေပြည်တော် မေ ၁၀

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်းရတနာကုန်သည်များသည် နံနက်ပိုင်းမှစတင်၍ မဏိရတနာကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသော ပြည်တွင်းရတနာကုန်သည်များကိုသာ မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် အုပ်စု(C)မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့တွင် အုပ်စု(C)မှ ကျောက်စိမ်းအတွဲအမှတ် (၂၇၅၁) မှ (၃၇၅၀)အထိ ကျောက်စိမ်းအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

မွန်းလွဲပိုင်းတွင် ကျောက်စိမ်းအတွဲများအတွက် တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကြပြီး ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ပြပွဲ နဝမနေ့တွင် ကြေညာသွားမည်ဖြစ်သည်။

ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့်လက်ဝတ်ရတနာအရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့်လည်း စည်ကားလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ ရတနာကုန်သည်များက ဝယ်ယူလိုသည့် ကျောက်စိမ်းအတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ စနစ်တကျထည့်သွင်းဆောင်ရွက်နေမှု၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များ ရောင်းချနေမှု၊ လုပ်ငန်းကော်မတီများအလိုက် ရတနာပြပွဲဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ မေ ၃ ရက် မှ ၁၂ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲဒုတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၈၂)တွဲ၊ တတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၉၇)တွဲ၊ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း (၈၈)တွဲ၊ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၅၄၆)တွဲ၊ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၅၆၉)တွဲနှင့် သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၄၂၄)တွဲကို ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ ဆက်လက်ကျင်းပ ကျောက်စိမ်းအတွဲပေါင်း (၄၂၄) တွဲ ရောင်းချနိုင်ခဲ့နေပြည်တ...
09/05/2024

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ ဆက်လက်ကျင်းပ ကျောက်စိမ်းအတွဲပေါင်း (၄၂၄) တွဲ ရောင်းချနိုင်ခဲ့

နေပြည်တော် မေ ၉

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၁၉၀၁) မှ (၂၇၅၀) အထိ ကျောက်စိမ်း အတွဲ များကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း (၄၂၄) တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။

ထို့ပြင် ပြည်တွင်းရတနာကုန်သည်များကိုသာ ရောင်းချပေးမည့် အုပ်စု (C)မှ ကျောက်စိမ်း အတွဲအမှတ်(၂၇၅၁) မှ (၃၇၅၀) အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ပြပွဲ အဋ္ဌမနေ့တွင် ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ပြပွဲ နဝမနေ့တွင် ကြေညာသွားမည်ဖြစ်သည်။

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ မေ ၃ ရက် မှ ၁၂ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲဒုတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၈၂)တွဲ၊ တတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၉၇) တွဲ၊ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း (၈၈)တွဲ၊ ပဥ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း(၅၄၆)တွဲ၊ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း(၅၆၉)တွဲနှင့် သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၄၂၄)တွဲကို ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၅၆၉) တွဲ ရောင်းချနိုင်ခဲ့နေပြည်တော် မေ ၈(...
08/05/2024

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၅၆၉) တွဲ ရောင်းချနိုင်ခဲ့

နေပြည်တော် မေ ၈

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာ များအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၉၅၁) မှ (၁၉၀၀) အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်း အတွဲပေါင်း (၅၆၉) တွဲရောင်းချခဲ့ရကြောင်း ကြေညာခဲ့သည်။

မွန်းလွဲပိုင်းတွင် ကျောက်စိမ်းအတွဲအမှတ် (၁၉၀၁) မှ (၂၇၅၀) အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ပြပွဲသတ္တမနေ့တွင် ကြေညာသွားမည်ဖြစ်သည်။

ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့်လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာ ဝယ်ယူသူများဖြင့်လည်း စည်ကားလျက်ရှိသည်။

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ မေ ၃ ရက် မှ ၁၂ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲဒုတိယနေ့တွင် ပုလဲအတွဲပေါင်း(၁၈၂) တွဲ၊ တတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၉၇) တွဲ၊ စတုတ္တနေ့တွင် ကျောက်မျက်အတွဲပေါင်း (၈၈)တွဲ၊ ပဥ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း(၅၄၆)တွဲနှင့် ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း(၅၆၉)တွဲ တို့ကို ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ဆက်လက်ကျင်းပ ကျောက်စိမ်းအတွဲပေါင်း (၅၄၆)တွဲ ရောင်းချနိုင်ခဲ့နေပြည်တော...
07/05/2024

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ဆက်လက်ကျင်းပ ကျောက်စိမ်းအတွဲပေါင်း (၅၄၆)တွဲ ရောင်းချနိုင်ခဲ့

နေပြည်တော် မေ ၇

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း (၄၅၅၀)တွဲကို နေ့ရက်အလိုက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်ပြီး ယနေ့တွင် ကျောက်စိမ်းအတွဲ(၉၅၀)တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည် များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း (၅၄၆)တွဲ ရောင်းချရကြောင်းကြေညာသည်။

ပြပွဲ ဆဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း (၉၅၀)တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးအတွင်းသို့ ထည့်သွင်းကြသည်။ အဆိုပါ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား မေလ ၈ ရက် နံနက် ၈ နာရီတွင် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျောက်စိမ်းအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှု ကို လိုက်လံကြည့်ရှု အားပေးခဲ့သည်။

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျန်ရှိနေသည့် ကျောက်စိမ်းတွဲများ ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ မေ လ ၁၂ ရက်အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း (၈၈)တွဲရောင်းချနိုင်ခဲ့နေပြည်တော် မေ ၆(၅၉)...
06/05/2024

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း (၈၈)တွဲရောင်းချနိုင်ခဲ့

နေပြည်တော် မေ ၆

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ကျောက်မျက်အတွဲ (၁) မှ (၁၆၀) အထိ ကျောက်မျက်အတွဲများအတွက် တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ကျောက်မျက်အတွဲပေါင်း (၈၈) တွဲရောင်းချရကြောင်း ကြေညာသည်။

မွန်းလွဲပိုင်းတွင် ကျောက်စိမ်းအတွဲအမှတ် (၁) မှ (၉၅၀) အထိတင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ပြပွဲပဉ္စမနေ့တွင် ကြေညာသွားမည်ဖြစ်သည်။

ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာ ဝယ်ယူကြသူများဖြင့် စည်ကားလျက်ရှိသည်။

ကျန်ရှိနေသည့် ကျောက်စိမ်းတွဲများကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ မေလ ၁၂ ရက်နေ့အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ဆက်လက်ကျင်းပနေပြည်တော် မေ ၅(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ...
05/05/2024

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော် မေ ၅

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ရောင်းချသည့် ပုလဲအတွဲအမှတ် (၂၀၁) မှ အတွဲအမှတ်(၄၀၀) အထိ ပုလဲအတွဲ များနှင့် ပြပွဲဒုတိယနေ့မှ ရောင်းချရန်ကျန် ပုလဲအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ထို့နောက် ပုလဲအတွဲများအတွက် တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၁၉၇ တွဲ ရောင်းချရကြောင်း ကြေညာသည်။

ပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲ (၁) မှ (၁၆၀) အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ ပုလဲအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှု၊ ရတနာကုန်သည်များက ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများ စိတ်ကြိုက်လေ့လာကြည့်ရှုနေမှုနှင့် ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များ ရောင်းချနေမှုတို့ကို လိုက်လံ ကြည့်ရှုအားပေးခဲ့သည်။

ယခုကျင်းပပြုလုပ်သည့် (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မေ ၃ ရက်မှ ၁၂ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ တို့ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပနေပြည်တော် မေ ၄(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွ...
05/05/2024

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော် မေ ၄

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီနာယက၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ ပုလဲအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှု၊ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။

ယနေ့တွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြပြီး ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ်(၁)မှ အတွဲအမှတ်(၂၀၀)အထိ ပုလဲအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ထို့နောက် ပုလဲအတွဲအမှတ်(၁)မှ အတွဲအမှတ် (၂၀၀)အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်း လွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၁၈၂ တွဲရောင်းချရကြောင်း ကြေညာသည်။

ယနေ့ရောင်းချခဲ့ရသည့် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် အခြေခံဈေးသတ်မှတ်ထားရှိပြီး တန်ဖိုးငွေပေးချေရာတွင် ပြည်ပကုန်သည်များသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်နှင့် ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းကုန်သည်များသည် မြန်မာကျပ်ငွေဖြင့်လည်းကောင်း ပေးချေနိုင်ကြောင်း သိရသည်။

ပြပွဲတတိယနေ့တွင် ပုလဲအတွဲအမှတ်(၂၀၁)မှ အတွဲအမှတ်(၄၀၀)အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

ယခုကျင်းပသည့် (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာကျောက်စိမ်းခန်းမ၌ မေ ၃ ရက်မှ ၁၂ ရက်အထိ ကျင်းပနေခြင်းဖြစ် ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက် အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ တို့ကို ပြည်တွင်း ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Address

Pyinmana

Alerts

Be the first to know and let us send you an email when Myanma Gems Enterprise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanma Gems Enterprise:

Shortcuts

Share