ရွှေမြင့်မိုရ် ရွှေဆိုင် နှင့် ရွှေပန်းထိမ်လုပ်ငန်း

  • Home
  • Myanmar
  • Sittwe
  • ရွှေမြင့်မိုရ် ရွှေဆိုင် နှင့် ရွှေပန်းထိမ်လုပ်ငန်း
Call Directions Contact the business

ရွှေမြင့်မိုရ် ရွှေဆိုင် နှင့် ရွှေပန်းထိမ်လုပ်ငန်း 💗ရွှေထည်များကို လက်လီ/လက္ကား ဝယ်ယူရရှိနိုင်ပါပြီ💗

10/10/2026

်ကောက်

ေးပါရှင့်

မင်တို့ရွှေမြင့်မိုရ်မှာ လက်ခလေးနဲ့လာလုပ်နော်🤗

03/10/2026

ရွှေကို စုဖို့ဝယ်တာ လုံးဝမရှုံးချင်ဘူးဆိုရင် ဒီလိုအထည်မျိုးကိုဝယ်ပါရှင်🤗

ဒီဇိုင်းလှလှလေးဝတ်ရမယ်🤗

အလျော့တွက်လည်းမပေးရဘူး😱

လက်ခဆိုရင်လည်း သောင်းဂဏန်းပဲနော်😘

#အခေါက်ရွှေ100%
#အလျော့တွက်လုံးဝမပါ
#ရွှေမြင့်မိုရ်

ရေဆိုတာစုန်ဆင်းမြဲ...ရေဆိုတာဆန်ရိုးမရှိတယ်ပြောပေမယ့်လည်းးး💧သမီးလေးရဲ့မေတ္တာကတော့ ဆန်ရေ ရှိပါတယ်နော်😍နိုင်ငံခြားမှာရောက်န...
02/10/2026

ရေဆိုတာစုန်ဆင်းမြဲ...ရေဆိုတာဆန်ရိုးမရှိတယ်ပြောပေမယ့်လည်းးး💧

သမီးလေးရဲ့မေတ္တာကတော့ ဆန်ရေ ရှိပါတယ်နော်😍

နိုင်ငံခြားမှာရောက်နေတဲ့ ညီမလေးက မေမေ့အတွက်ဆိုပြီး မင်တို့"ရွှေမြင့်မိုရ်"က နားကပ်လေး မှာယူအားပေးသွားပါတယ်ရှင်😍

မင်တို့​ မေမေ့လက်ထဲ အရောက်ပို့ဆောင်ပေးပြီးပါပြီရှင့်😍

မိဘအပေါ်သိတတ်လိမ္မာတဲ့ ညီမလေး
နိုင်ငံရပ်ခြားမှာ အလုပ်အကိုင်တွေအဆင်ပြေပါစေ၊ ဘေးရန်ကင်းကွာ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေလို့ မင်တို့"ရွှေမြင့်မိုရ်"မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🙏🙏🙏

Tiktok ကနေမေးပြီး ဆိုင်မှာလာဝယ်သွားပါတယ်ရှင့်😘တကယ့်လူချောလေး😘 အပြုံးချိုချိုလေးနဲ့ဒီမင်မင်ရဲ့ အသည်းကိုခြွေသွားသူလေး😘ယောက...
01/10/2026

Tiktok ကနေမေးပြီး ဆိုင်မှာလာဝယ်သွားပါတယ်ရှင့်😘

တကယ့်လူချောလေး😘

အပြုံးချိုချိုလေးနဲ့ဒီမင်မင်ရဲ့ အသည်းကိုခြွေသွားသူလေး😘

ယောက်ကျားလေး/မိန်းကလေး ဝတ်လို့ရတဲ့ ကလေးနာရီလေးတွေက ရွှေချိန်4ပဲကျော်ကနေ ရပါတယ်ရှင်😘

လက်အတိုင်းလေးနဲ့ ကွက်တိ သေချာလေး လုပ်ပေးပါတယ်နော်😘

သားသား/မီးမီးလေးတွေအတွက် လိုအပ်ရင် ရွှေမြင့်မိုရ်ကို သာလှမ်းလာခဲ့ပါရှင်😘

01/10/2026

Customer စိတ်ကြိုက် ရွှေလက်သည်း Orderလေးပါရှင့်💅

ပွဲလယ်တင့်ဖို့ ဒီလို ရွှေလက်သည်းတစ်စုံကတော့လိုအပ်ပါတယ်နော်မမတို့ရေ😘

မင်တို့"ရွှေမြင့်မိုရ်"ရဲ့ရွှေအရည်နှင့်လက်ရာကိုပဲကြိုက်လို့ဆိုပြီး လာရောက်Orderအပ်တဲ့မမကို မင်တို့"ရွှေမြင့်မိုရ်"မိသားစုမှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်🙏

#15ပဲရည်ပြည့်
#ရွှေမြင့်မိုရ်ရွှေဆိုင်နှင့်ရွှေပန်းထိမ်လုပ်ငန်း
#ရွှေလက်သည်း

28/09/2026

ရွေးပျောက်နားကပ်မှကြိုက်တဲ့မမတွေအတွက်💎

ရွေးပျောက်နားကပ်လေးတွေကို လုံးဝQualityတန်းဖြစ်နေစေရမယ်နော်💎

စိန်တစ်ပွင့်ချင်းစီရဲ့ ပွင့်အားလက်အားမီးစွာချက်ကို မျက်လုံးကခံနိုင်မှဝတ်လို့ရမယ့် ရွေးပျောက်လေးတွေပါရှင်🤭

လက်ကားယူမယ့် မမတွေလည်း အရံနည်းနည်းပဲထွက်ထားတာမို့ မြန်မြန်လာယူနော်💎

တစ်ဆင့်ပြန်လည်ရောင်းချလိုသူများအတွက် အလျော့/လက်ခကိုအထူးစျေးနဲ့ပေးနေတာမို့ စိတ်ဝင်စားရင် ဆက်သွယ်စုံစမ်းမေးမြန်းပါရှင်။

#ရွှေထည်လက်လီ/လက်ကား
#စိန်ထည်လက်လီလက်ကား
ိန်ပွင့်များလက်လီလက်ကား
#ဘေးအရံစိန်ပွင့်များလက်လီလက်ကား

📞09 5680436/09 261286669
Viber- +9598902073845/+959261286669


#ရွှေမြင့်မိုရ်ရွှေဆိုင်နှင့်ရွှေပန်းထိမ်လုပ်ငန်း

26/09/2026

#ရွှေဝယ်တာထက် စိတ်ချရတဲ့ရွှေကိုဝယ်ပါ📢

အလေးချိန်ချင်းတူ၊ ပဲရည်ချင်းတူပေမယ့် အထည်ပျက်ပြန်အပ်တဲ့အခါ ငွေအမောင့် ဘာလို့ မတူတာလဲ❓

​ရွှေဆိုင်တွေမှာ အမေးအများဆုံးနဲ့ ရှင်းပြရတာ အခက်ဆုံး မေးခွန်းတစ်ခုကို ဒီနေရာမှာ အသေးစိတ် ရှင်းပြပေးချင်ပါတယ်။

​ရွှေကိုဝယ်တုန်းက ကြုံရာဆိုင်/နီးစပ်ရာဆိုင်တွေမှာ ဝယ်ထားတယ်။ ဘောင်ချာမှာပဲရည်လို့ပါတာနဲ့ တကယ်လို့မှတ်လို့မရပါဘူးနော်။ သူ့ဆိုင်ကပစ္စည်းသူ့ဆိုင်ပြန်သွင်းတာကိစ္စမရှိပေမယ့် အကြောင်းကြောင်းကြောင့်တစ်ခြားအပြင်ဆိုင်တွေမှာပြန်ရောင်းဖို့ဖြစ်လာတဲ့အခါ..

ဝယ်ထားတဲ့ဆိုင်နာမည်တွေမတူဘူး ၊ဘောင်ချာမှာတော့ပဲရည်ချင်း တူနေတယ်၊
​ချိန်လိုက်ရင်လည်း အလေးချိန်က အတိအကျ တူနေတယ်၊
​ဒါပေမဲ့ ရလာတဲ့ ငွေပမာဏ (တန်ဖိုး) ကျတော့ ဘာလို့ ကွာသွားတာလဲ ဆိုပြီး မေးကြတာတွေရှိပါတယ်။

ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းအရင်းတွေက...

​၁။ ဘောင်ချာပေါ်က ပဲရည်နဲ့ လက်တွေ့ ရွှေသား မကိုက်ညီခြင်း
​တချို့သော ရွှေထည်တွေဟာ ဝယ်ခဲ့တဲ့ဘောင်ချာမှာ ပဲရည် ပါရှိပေမဲ့ လက်တွေ့မှာ ရွှေသားစစ်မှန်မှု အပြည့် မရှိတာမျိုး၊ ရွှေရည်စံချိန် မမှီတာမျိုးတွေရှိတတ်ပါတယ်။ ရွှေရည်မပြည့်တဲ့ဆိုင်ကဝယ်ထားတဲ့အထည်ကို တခြားရွှေရည်မှန်တဲ့ဆိုင်က အထည်တွေနဲ့ တန်းတူ စျေးပေးပြီး ပြန်ဝယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ရွှေရည်မှန်တဲ့အထည်က စျေးကောင်းရပြီး ရွှေရည်မမှန်တဲ့အထည်ကိုတော့ စျေးကောင်းပေးလို့မရပါဘူးရှင်

ရွှေထည်တစ်ခုရဲ့တန်ဖိုးကိုအလေးချိန်နဲ့သတ်မှတ်လို့မရပါဘူးရှင်

​၂။​ရွှေထည်တွေကို ပြန်ဝယ်တဲ့အခါ ဆိုင်အများစုက "ရွှေသားတန်ဖိုးသီးသန့်" ကိုပဲ အဓိက တွက်ချက်ပေးတာ ဖြစ်ပါတယ်။ ဂ​ဟေပါဝင်မှုများတဲ့တစ်ချို့အထည်တွေက ရွှေအရည်မသန့်တာမျိုးဖြစ်သွားတာကြောင့် တန်ဖိုးအမောင့် ကွာသွားတတ်ပါတယ်ရှင်✅

ရွှေဝယ်တဲဲ့အခါ စျေးသက်သာတာကိုပဲမကြည့်ပဲ ကိုယ်ဝယ်လိုက်တဲ့ရွှေက ရွှေအရည်မှန်ကန်ရဲ့လား၊ ကိုယ်ပေးရတဲ့ငွေနဲ့တကယ်ထိုက်တန်ရဲ့လားဆိုတာကိုစဥ်းစားရပါမယ်နော်

ရွှေကတန်ဖိုးရှိပါတယ်⚖
ဒါပေမယ့်ရွှေထည်တိုင်းရဲ့တန်ဖိုးကတူညီမနေပါဘူးရှင်
​
ဒါကြောင့် ..
​ဖောက်သည်တွေအနေနဲ့ ရွှေဝယ်ယူတဲ့အခါ "ရွှေရည်မှန်ကန်ပြီး ယုံကြည်စိတ်ချရတဲ့ဆိုင်" ကနေ ဝယ်ယူဖို့ အထူးအကြံပြုချင်ပါတယ်။
​ရွှေရည်မှန်တဲ့ဆိုင်မှာ ဝယ်ထားမယ်ဆိုရင် ကိုယ်တိုင် ပြန်လည်ရောင်းချတဲ့အခါမှာလည်း တန်ဖိုးအပြည့်အဝ ပြန်ရမယ့်အပြင်
​နောက်တစ်ခါ အထည်လဲတာ၊ ပြန်ရောင်းတာတွေ လုပ်တဲ့အခါမှာလည်း အခုလို စိတ်ညစ်စရာတွေ၊ သံသယဖြစ်စရာတွေ မရှိတော့ဘဲ စိတ်အေးချမ်းသာ ရှိစေပါတယ်✅

မင်မင်တို့ "ရွှေမြင့်မိုရ် "မှ ရောင်းချတဲ့အထည်တွေကို ရွှေရည်​ပြည့်ကြောင်း ​သေချာစစ်ဆေးပြီးမှရောင်းချပေးတာမို့ ဝယ်ယူအားပေးကြတဲ့customerတစ်ဦးတစ်ယောက်ချင်းစီတိုင်းက" ရွှေမြင့်မိုရ် " ဆိုင်ကရွှေထည်ဆိုရင်ရွှေရည်ပြည့်ကြောင်း /ဘယ်မှာရောင်းရောင်းစျေးကောင်းရတယ်ဆိုတဲ့ feedbackကောင်းနဲ့အတူ ရပ်တည်လာခဲ့တာ အခုဆိုရင် နှစ်၂၀ ကျော်ခဲ့ပါပြီရှင်✅

​မိမိတို့ရဲ့ ချွေးနှဲစာနဲ့ ရင်းနှီးဝယ်ယူထားတဲ့ ရွှေလက်ဝတ်ရတနာတွေအတွက် စိတ်ချယုံကြည်ရတဲ့ ရွှေရည်မှန်ဆိုင်များကိုသာ ရွေးချယ်အားပေးကြပါစို့ရှင်။

#ရွှေမြင့်မိုရ်ရွှေဆိုင်နှင့်ပန်းထိမ်လုပ်ငန်း

#ရွှေရည်ပြည့်ကြောင့်အာမခံပါသည်
📞09261286669
📞095680436

 💎 #3ပွင့်soldout💎GIA တွေအသစ်ရောက်တိုင်းHelloလိုက်တာနဲ့ အရင်ဆုံးလာရောက်ရွေးချယ်ဝယ်ယူအားပေးကြတဲ့ ရွှေမြင့်မိုရ်ရဲ့ Custom...
21/09/2026

💎

#3ပွင့်soldout💎

GIA တွေအသစ်ရောက်တိုင်းHelloလိုက်တာနဲ့ အရင်ဆုံးလာရောက်ရွေးချယ်ဝယ်ယူအားပေးကြတဲ့ ရွှေမြင့်မိုရ်ရဲ့ Customer တွေကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင့်😍

ခုတလော 5မူးကိုက်နဲ့3မတ်လေးတွေ တအားရောင်းရတယ်ရှင် 💎

ပစ္စည်းမှန်/စျေးမှန် မို့ ရောက်တိုင်းအကုန်မြန်လို့ ​Stockရှိတာလေးရချင်ရင်မြန်မြန်လာရွေးပါနော်😍

ရွှေမြင့်မိုရ်မှာ...

GIAအပွင့်လွတ်💎

GIAနဲ့ခတ်ထားတဲ့အထည်💎

GIAအပွင့်လွတ်ဝယ်ပြီး Customize အပ်ချင်တာဖြစ်ဖြစ် အကုန်စိတ်တိုင်းကျစေရပါမယ်ရှင်😍

Natural Jade💚​✨ မျက်စိပသာဒဖြစ်စေပြီး ကျက်သရေရှိလှတဲ့ မြန်မာ့ကျောက်စိမ်း  ဆွဲကြိုးနှင့် လက်ပတ် ရတနာတစ်စုံ ✨ဂုဏ်ရှိန်တိုးပ...
16/09/2026

Natural Jade💚
​✨ မျက်စိပသာဒဖြစ်စေပြီး ကျက်သရေရှိလှတဲ့ မြန်မာ့ကျောက်စိမ်း ဆွဲကြိုးနှင့် လက်ပတ် ရတနာတစ်စုံ ✨

ဂုဏ်ရှိန်တိုးပြီးကျက်သရေအပေါင်းနှင့်ပြည့်စုံစေမယ့် လက်ဝတ်ရတာ💚

​ကမ္ဘာပေါ်တွင် အကောင်းဆုံးနှင့် အသန့်စင်ဆုံးဟု ကျော်ကြားသော မြန်မာ့ကျောက်စိမ်း (Myanmar Jadeite) သည် သဘာဝအလှတရားနှင့် တောက်ပစိုပြေမှုကို အပြည့်အဝ ပိုင်ဆိုင်ထားပါတယ်ရှင်💚

​ကျောက်စိမ်းသည် ရှေးယခင်ကတည်းက ကံကောင်းခြင်း၊ ကျန်းမာခြင်း၊ ဘေးဥပဒ်ကင်းဝေးခြင်းနှင့် စည်းစိမ်ဥစ္စာ တိုးပွားခြင်းတို့ကို ဆောင်ကြဉ်းပေးသည်ဟု ယုံကြည် ကြသော မင်္ဂလာရှိသည့် ရတနာတစ်ပါးပါနော်

Natural ဖြစ်ကြောင်းစစ်ချက်ပါပါမယ်ရှင်💚

စိန်ကိုလည်း သဘာဝတွက်ထွက်စိန်လုံးဝဖြူဖွေးသန့်ကိုသုံးပေးထားတာကြောင့် အဆင့်အတန်းတစ်ခုကို ဖော်ပြဖို့အတွက်အသင့်တော်ဆုံး လက်ဝတ်ရတနာတစ်စုံပါနော်💚

ကျောက်စိမ်းချစ်သူများအတွက်က ဒီလိုအရည်ညီညီလှလှ ဒီဇိုင်းလှလှလေးကို လုံးဝလက်လွှတ်မခံသင့်ပါဘူးရှင်💚

အသေးစိတ်သိလိုပါက page chatboxမှာ အားမနာတမ်းမေးမြန်းနိုင်ပါတယ်ရှင့်💚

01/09/2026

အလှတရားနဲ့ တန်ဖိုးကို တစ်နေရာတည်းမှာ အပြည့်အဝ ပိုင်ဆိုင်နိုင်မယ့် ရွှေမြင့်မိုရ် ရတနာဆိုင်ရဲ့ လက်ရာသစ် 💜

မျက်စိပသာဒဖြစ်စေတဲ့ သဘာဝခရမ်းစွဲကျောက် (Amethyst) ရဲ့ တင့်တယ်မှုနဲ့ စိန်ပွင့်ငယ်လေးတွေရဲ့ တဖိတ်ဖိတ်တောက်ပြောင်မှုကို ဇိမ်ခံဆန်ဆန် ပုံဖော်ထားတဲ့ ခရမ်းစွဲ (EPR - Earring, Pendant, Ring) အစုံလိုက် လေးကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်ရှင်💜

💜သဘာဝခရမ်းစွဲကျောက် (Amethyst) ဆောင်ထားခြင်းဖြင့်

💜စိတ်ဖိစီးမှုကင်းစင်ခြင်း

💜ကံကောင်းခြင်းနှင့် မေတ္တာတရားတိုးပွားခြင်း

💜ခမ်းနားတဲ့ ဟန်ပန်ကို ပိုင်ဆိုင်စေခြင်း

တန်ဖိုးရှိပြီး စိတ်ကျေနပ်မှုအပြည့်အဝပေးမယ့် ဒီလိုဒီဇိုင်းဆန်းသစ်တဲ့ ရတနာအစုံလိုက်လေးကို လက်မလွှတ်ရလေအောင် ယခုပဲ ရွှေမြင့်မိုရ် စိန်ရွှေ ရတနာဆိုင် ကို ဆက်သွယ်ပြီး အမြန်ဆုံးပိုင်ဆိုင်လိုက်ပါရှင်💜

ကြိုက်နှစ်သက်လို့ဝယ်ချင်ရင် မင်တို့ရွှေမြင့်မိုရ်မှာ လက်လီ/လက်ကားဝယ်ယူလို့ရပါတယ်🥰

တစ်ဆင့်ပြန်လည်ရောင်းချလိုသူများအတွက် အလျော့/လက်ခကိုအထူးစျေးနဲ့ပေးနေတာမို့ စိတ်ဝင်စားရင် ဆက်သွယ်စုံစမ်းမေးမြန်းပါရှင်။

#ရွှေထည်လက်လီ/လက်ကား
#စိန်ထည်လက်လီလက်ကား
ိန်ပွင့်များလက်လီလက်ကား
#ဘေးအရံစိန်ပွင့်များလက်လီလက်ကား

📞09 5680436/09 261286669
Viber- +9598902073845/+959261286669


#ရွှေမြင့်မိုရ်ရွှေဆိုင်နှင့်ရွှေပန်းထိမ်လုပ်ငန်း

Address

Sittwe

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

095680436

Website

Alerts

Be the first to know and let us send you an email when ရွှေမြင့်မိုရ် ရွှေဆိုင် နှင့် ရွှေပန်းထိမ်လုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေမြင့်မိုရ် ရွှေဆိုင် နှင့် ရွှေပန်းထိမ်လုပ်ငန်း:

Shortcuts

Share