15/08/2026
❗️ကျောက်လောကရဲ့အဖြစ်အပျက်လေးတွေ❗️
ကျွန်မတို့ ရတနာလောကမှာ ကျောက်အလွတ်တွေ ဝယ်ယူတဲ့အခါ ကျောက်တစ်ပွင့်ကို ကိုယ်ကကြိုက်လို့ စျေးပေး(စျေးဆစ်) လိုက်သည်ဆိုပါတော့ ကျောက်ရှင်က ဝယ်သူပေးတဲ့စျေးနဲ့ အဆင်ပြေလို့ ကျောက်အပ်ရင် အဲ့ကျောက်ကို ယူကိုယူရပါတယ်။
စျေးဆစ်ပြီးမှ ဘာအကြောင်းပြချက်နဲ့ပဲ ဖြစ်ဖြစ်မယူလို့မရပါဘူး ( အဲ့လိုလုပ်တဲ့သူတွေရှိပါတယ် ကျွန်မကိုယ်တွေ့ပါ ပါးစပ်ကအလွယ်လေးဆစ် ကျောက်လဲအပ်ရော အကြောင်းပြချက်မျိုးစုံနဲ့ မယူတော့ပါဘူး) အဲ့လို လုပ်လို့ လုံးဝမရပါဘူး ကျောက်သမားတွေမှာ အဲ့လိုကိစ္စကိုလာဘ်လာဘ အနေဖြင့် အယူသည်းသလို အဲ့ဒီ့လုပ်ရပ်ဟာလဲလုံးဝ Ethics မရှိတဲ့လုပ်ရပ်ပါ။
ပြီးတော့ ကျောက်အလွတ်တွေ ဝယ်ယူပြီးရင် အလဲအရောင်းလုံးဝမရပါဘူးနော်❌ နောက်တစ်ခုထပ်ပြောချင်တာက ကျောက်ကြိုက်လို့ ဝယ်ယူထားပြီးရင် ကျောက်ဖိုးကို လက်ငင်း အကြေချေပေးရတာပါ ကိုယ်တွေကုန်သည် အချင်းချင်းလဲ ချက်ချင်း ငွေပေးမှ ကျောက်ရတာ သဘာဝပါ။ 💯💯 ငွေအကြေမချေသေးဘဲ ဘယ်ကုန်သည်မှ ကျောက်မအပ်ပါဘူးရှင်။
ကိုယ်တွေကတော့ များသောအားဖြင့် ကိုယ့် customer တွေကို အဆင်ပြေစေချင်သော စိတ်ဖြင့် ၁ ပတ်တန်သည် ၁ လတန်သည် စောင့်ပေးပါတယ် အဲ့ထက်ကြာခဲ့ရင် ကိုယ်တွေအတွက်လုံးဝ အဆင်မပြေပါဘူးရှင့်။ ကျောက်တွေဆိုသည်မှာလဲ ဒီနေ့ရောင်းစျေးသည် မနက်ဖြန်ပြန်ဝယ်ရင် တောင်လုံးဝ အဲ့စျေးနဲ့ ပြန်မရနေတာအမှန်ပါ ကျောက်လောကသားတိုင်းအကုန်သိပါတယ်။ ကျွန်မတို့အတွက် ဒီနေ့ရောင်းရငွေသည် မနက်ဖြန်အတွက် အရင်းဖြစ်သောကြောင့် အကြွေးလုံးဝ မရောင်းနိုင်တာကို နားလည်ပေးစေချင်ပါသည်ရှင့်😔
ကျေးဇူးတင်စွာဖြင့်😍😍
MKK
M Gems & Jewelry