16/10/2026
👑 သလင်းဧကရီရဲ့ အဆောင်သလင်းရတနာ ရွေးချယ်ခြင်းဝန်ဆောင်မှုနဲ့ Package များအကြောင်း💎
ကိုယ့်အတွက် အဆောင်သလင်းရတနာတစ်ခု ရွေးချယ်ချင်ပေမယ့် ဘယ်လိုကျောက်မျိုးကို ရွေးချယ်သင့်သလဲ၊ ဘယ်ဝန်ဆောင်မှုက ကိုယ်နဲ့ပိုသင့်တော်မလဲဆိုတာ မသေချာသေးသူတွေအတွက် သလင်းဧကရီရဲ့ ဝန်ဆောင်မှုလေးတွေကို ရှင်းပြပေးချင်ပါတယ်ရှင်။ 🤍
👑 သလင်းဧကရီမှာ ကိုယ်နဲ့သင့်တော်မယ့် အဆောင်သလင်းရတနာကို ရွေးချယ်ဖို့ အဓိကအားဖြင့် ဝန်ဆောင်မှု ၂ မျိုးရှိပါတယ်။
💎 ၁။ အဆောင်သလင်းရတနာ Package Consultation
ကိုယ်ဝတ်ဆင်ဖို့ အဆောင်သလင်းရတနာတစ်ခုကို သေချာရွေးချယ်ချင်ပြီး ကျောက်ရဲ့အရည်အသွေးပိုင်းကိုပါ ဦးစားပေးလိုသူတွေအတွက် Package Consultation ကို စီစဉ်ပေးထားပါတယ်ရှင်။
လက်ရှိရွေးချယ်နိုင်တဲ့ Package တွေကတော့—
✨ ၃ သိန်းဝန်းကျင် Package
✨ ၅ သိန်းဝန်းကျင် Package
✨ ၁၀ သိန်းနှင့်အထက် Package
တို့ဖြစ်ပါတယ်။
Package တစ်ခုချင်းစီဟာ ကိုယ်သုံးစွဲဖို့ ရည်ရွယ်ထားတဲ့ ဘတ်ဂျက်အလိုက် ရွေးချယ်နိုင်ဖို့ စီစဉ်ထားတာဖြစ်ပြီး Package တန်ဖိုးအလိုက် ရွေးချယ်ပေးမယ့် ကျောက်တွေရဲ့ အရည်အသွေးပိုင်းလည်း ကွာခြားမှုရှိပါတယ်ရှင်။
ကျမက ဆောင်ယူမယ့်သူရဲ့ မွေးဖွားမှုဆိုင်ရာအချက်အလက်တွေ၊ လက်ရှိဖြတ်သန်းနေရတဲ့ အခြေအနေ၊ လိုအပ်ချက်နဲ့ ရည်ရွယ်ချက်တွေအပေါ် မူတည်ပြီး လိုအပ်မယ့်စွမ်းအင်အတွက် ကျောက်တစ်လုံးချင်းစီရဲ့ Energy ကို သေချာအာရုံပြုဖတ်ရှုရွေးချယ်ပါတယ်။ အဲဒီနောက် Tarot နဲ့ ထပ်မံစစ်ဆေးပြီး ကိုယ်နဲ့သင့်တော်နိုင်မယ့် ကျောက်တွေကို နှိုင်းယှဉ်ရွေးချယ်ကာ ပြပေးပြီး အကောင်းဆုံးနဲ့အလိုအပ်ဆုံးစွမ်းကျောက်ကို ရွေးချယ်ရရှိစေဖို့ ကူညီပေးပါတယ်။
ဒီ Package ရဲ့ အားသာချက်ကတော့ ၃ သိန်းဝန်းကျင် Package ကစပြီး ရွေးချယ်မယ်ဆိုရင် Consultation Fee သီးခြားပေးစရာမလိုဘဲ ကျောက်ရွေးချယ်ခြင်းဝန်ဆောင်မှုကို တစ်ပါတည်း ရရှိနိုင်တာပါရှင်။
💰 Package ငွေပေးချေမှု
ရွေးချယ်ထားတဲ့ Package အတွက် သတ်မှတ်ဘတ်ဂျက်ရဲ့ ၅၀% ကို စရန်ငွေအဖြစ် ကြိုတင်ပေးချေပြီးမှ Consultation နဲ့ ကျောက်ရွေးချယ်ခြင်းလုပ်ငန်းစဉ်ကို စတင်ပေးပါတယ်။
ဥပမာ — ၃ သိန်းဝန်းကျင် Package အတွက် စရန်ငွေ ၁၅၀,၀၀၀ ကျပ် ပေးချေရမှာဖြစ်ပါတယ်။
နောက်ဆုံးရွေးချယ်ထားတဲ့ ကျောက်ရဲ့တန်ဖိုးက ၃ သိန်းဖြစ်စေ၊ ၄ သိန်းဖြစ်စေ ပေးချေထားတဲ့ စရန်ငွေကို ကျောက်ဖိုးထဲမှ အပြည့်အဝနှုတ်ပေးမှာဖြစ်ပြီး ကျန်ရှိတဲ့ငွေကိုသာ ပေးချေရမှာပါရှင်။
သတိပြုရန် — စရန်ငွေပေးချေပြီး ဝန်ဆောင်မှုလုပ်ငန်းစဉ် စတင်ပြီးနောက် ကျောက်ဝယ်ယူဖို့ ဆက်လက်မရွေးချယ်ဖြစ်ပါက စရန်ငွေကို ပြန်လည်အမ်းပေးခြင်း မရှိပါဘူးရှင်။
💎 ၂။ Crystal Energy Consultation သီးသန့်
ကိုယ်နဲ့သင့်တော်မယ့် ကျောက်ကို အရင်ဆုံး ရွေးချယ်ကြည့်ချင်ပေမယ့် လက်ရှိမှာ ကျောက်တန်ဖိုးမြင့်မြင့်တစ်ခုကို ချက်ချင်းဝယ်ယူဖို့ မဆုံးဖြတ်ရသေးဘူးဆိုရင်တော့ Consultation သီးသန့်ကို ရွေးချယ်နိုင်ပါတယ်ရှင်။
🤍 Consultation Fee — ၅၅,၀၀၀ ကျပ်
ဒီဝန်ဆောင်မှုမှာ ကျမက ဆောင်ယူမယ့်သူရဲ့ လိုအပ်ချက်နဲ့ ရည်ရွယ်ချက်တွေအပေါ် မူတည်ပြီး သင့်တော်နိုင်မယ့် ကျောက်တွေကို ရွေးချယ်ပေးပါတယ်။
ဒီဝန်ဆောင်မှုက ကျောက်ရွေးချယ်ခြင်းကို အဓိကထားတာဖြစ်ပြီး Package Consultation နဲ့ ကွာခြားချက်ကတော့ ရွေးချယ်ပေးမယ့် ကျောက်တွေရဲ့ အရည်အသွေးနဲ့ တန်ဖိုးပိုင်းမှာ ဖြစ်ပါတယ်ရှင်။
Consultation ယူပြီးနောက် ကိုယ်နှစ်သက်တဲ့ကျောက်ကို ဝယ်ယူနိုင်သလို ချက်ချင်းဝယ်ယူဖို့ မဆုံးဖြတ်ရသေးရင်လည်း ရပါတယ်။
💰 Consultation Fee နဲ့ ကျောက်ဖိုးဆိုင်ရာ သတ်မှတ်ချက်များ
• ၃ သိန်းအောက်တန်ဖိုးရှိတဲ့ ကျောက်ကို ရွေးချယ်ဝယ်ယူပါက Consultation Fee ၅၅,၀၀၀ ကျပ်ကို ကျောက်ဖိုးထဲမှ နှုတ်ပေးမှာ မဟုတ်ပါဘူးရှင်။
• ၃ သိန်းနဲ့အထက်တန်ဖိုးရှိတဲ့ အဆောင်သလင်းရတနာကို Consultation ပြီးဆုံးတဲ့နေ့မှစပြီး ၇ ရက်အတွင်း ဝယ်ယူမှုအတည်ပြုပါက Consultation Fee ၅၅,၀၀၀ ကျပ်ကို ကျောက်ဖိုးထဲမှ နှုတ်ပေးမှာ ဖြစ်ပါတယ်။
• ၇ ရက်ကျော်လွန်ပြီးမှ ဝယ်ယူမှုအတည်ပြုပါက Consultation Fee ကို ကျောက်ဖိုးထဲမှ နှုတ်ပေးမှာ မဟုတ်ပါဘူးရှင်။
🤍 သလင်းဧကရီရဲ့ ရည်ရွယ်ချက်
ကျမအတွက် အဆောင်သလင်းရတနာတစ်ခု ရွေးချယ်ပေးတယ်ဆိုတာ ကျောက်တစ်လုံးကို ရောင်းချလိုက်ရုံသက်သက် မဟုတ်ပါဘူး။
ဆောင်ယူမယ့်လူတစ်ဦးချင်းစီရဲ့ လက်ရှိအခြေအနေ၊ လိုအပ်ချက်နဲ့ ရည်ရွယ်ချက်တွေအပေါ် မူတည်ပြီး ကိုယ်နဲ့သင့်တော်မယ့် Energy ကို သေချာအာရုံပြုရွေးချယ်ပေးဖို့၊ Tarot နဲ့ ထပ်မံစစ်ဆေးပေးဖို့နဲ့ နောက်ဆုံးမှာ ကိုယ်တိုင်လည်း လက်ရှိကာလမှာ အလိုအပ်ဆုံး၊အကောင်းဆုံးစိတ်တိုင်းကျ စွမ်းအင်တခုကို ရွေးချယ်နိုင်ဖို့ ကူညီပေးခြင်းဖြစ်ပါတယ်။
ကိုယ်နဲ့သင့်တော်မယ့် ဝန်ဆောင်မှုကို ဘယ်ကနေစတင်ရမလဲ မသေချာသေးရင်လည်း သလင်းဧကရီရဲ့ Admin များထံ လာရောက်တိုင်ပင်မေးမြန်းနိုင်ပါတယ်ရှင်။ 💎
The Aeint သလင်းဧကရီ
Personalized Crystal Selection & Consultation
်းဧကရီ #သလင်းကျောက်