Shwe Waddy Jewellery & Smith

Call Directions Contact the business

Shwe Waddy Jewellery & Smith လက်ရာ လှပ စိတ်တိုင်းကျ မြင်သူ‌ငေးမှာ ရွှေဝတီပါ။

13/10/2026

ရွှေဝတီမှာ မိုမလောင်းခင် ဒါလေးကဘာလုပ်နေတာလဲ သိကြလား...??

12/10/2026

စိတ်ကူးထဲက ဒီဇိုင်းအတိုင်း လက်ရာသပ်ရပ်စွာနဲ့ ထွက်လာတဲ့ Customer အပ်ထည် ပတ္တမြားလက်စွပ်လေး 💎✨

ရိုးရိုးရှင်းရှင်း လက်စွပ်ဒီဇိုင်းတွေကိုပဲ ရွေးချယ်သင့်လား... 🤔အခုလိုခေတ်မှာ လက်စွပ် တစ်ကွင်းကို ဝတ်ဆင်တော့မယ်ဆိုရင်  So...
11/10/2026

ရိုးရိုးရှင်းရှင်း လက်စွပ်ဒီဇိုင်းတွေကိုပဲ ရွေးချယ်သင့်လား... 🤔

အခုလိုခေတ်မှာ လက်စွပ် တစ်ကွင်းကို ဝတ်ဆင်တော့မယ်ဆိုရင် Social မှာတွေ့လာတဲ့ ဒီဇိုင်းဆန်းဆန်းလေးကို ပဲရွေးဝတ်လိုက်ရမလား၊ ဒါမှမဟုတ် ရှေးရိုးဆွဲ ဒီဇိုင်းကိုပဲဝတ်လိုက်ရမလား ဆိုပြီး စိတ်နှစ်ခွဖြစ်တတ်ကျပါတယ်။

တကယ်တော့... ရိုးရိုးရှင်းရှင်း လက်စွပ်ဒီဇိုင်းပဲ ဝတ်ဝတ်၊ ဒီဇိုင်းဆန်းဆန်းလေးပဲ ဝတ်ဝတ် အဓိကက ကိုယ်နဲ့ လိုက်ဖက်ပြီး ကိုယ့်စိတ်ကြိုက် ဒီဇိုင်းစစ်စစ် ဖြစ်နေဖို့ပါပဲ။

လက်ဝတ်ရတနာဆိုတာ လူကြီးတွေ ပြောသလို "ကိုယ်နဲ့ ထိုက်မှ ဝတ်ရတာ" မို့ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းကို ရွေးတာ မှန်ပေမဲ့၊ ဆိုင်တွေကို သွားတဲ့အခါ "ဒါလေးနဲ့ လိုက်တယ်" ဆိုပြီး ညွှန်းတာနဲ့ ဝယ်လာခဲ့ပြီးမှ တကယ်တော့ ဒီဒီဇိုင်းက ကိုယ် အမှန်တကယ် စိတ်ထဲက ကြိုက်တဲ့ ဒီဇိုင်း ဖြစ်မနေဘူးဆိုတာ သိလိုက်ရတာမျိုးတွေ ကြုံဖူးကြတယ်မလား။ အဲဒါက ကိုယ့်စိတ်ကူးထဲက ဒီဇိုင်းအတိုင်း ထပ်တူ မကျခဲ့လို့ပါပဲ။

“ရွှေဝတီ” မှာတော့ အဲဒီလိုမျိုး ဒွိဟတွေ ဖြစ်မသွားရအောင် အာမခံချက် အပြည့်နဲ့ အထည်တိုင်းကို ကိုယ့်စိတ်ကြိုက် ဒီဇိုင်းအတိုင်း ဖြစ်လာစေဖို့ အစကနေ အဆုံး သေချာ တိုင်ပင်ဆွေးနွေးပေးပါတယ်။

- စိန်နဲ့ ခတ်မယ်ဆိုရင် - ထည့်သွင်းမယ့် စိန်ဆိုဒ်၊ စိန်အရည်အသွေးကအစ သေချာလေး တာဝန်ယူ ခတ်ပေးတာပါ။

- ကိုယ်ပိုင် ကျောက်နဲ့ ခတ်မယ်ဆိုရင်လည်း ကျောက်ရဲ့ အလှကို ပိုမို ပေါ်လွင်စေမယ့် ပုံစံကို သေချာ အချိုးကျ တိုင်ပင်ပြီး လက်ရာ အနုစိတ်နဲ့ စိတ်ကြိုက် ဖန်တီးပေးနေပါတယ်ဗျာ။

"ဘယ်လိုအထည်ပဲ ဖြစ်ဖြစ် လှနေရမယ်" ဆိုတဲ့အတိုင်း ကိုယ့်စိတ်ကူးထဲက အထည်လှလှလေးကို စိတ်တိုင်းကျ လက်ရာသပ်ရပ်စွာနဲ့ ပန်းထိမ်တိုက်ရိုက် စျေးနှုန်းချိုသာစွာနဲ့ အထည်ခတ်နိုင်ဖို့ ရွှေဝတီကို လှမ်းလာခဲ့လိုက်ပါနော်... ❤️

📞 ဆက်သွယ်ရန်

📍 တိုက်ရိုက်လာရောက်အပ်နှံလိုပါက
အမှတ် (၅၁)၊ ပထမထပ်၊ ၂၉ လမ်း (အောက်)
ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့

🕒 ဖွင့်ချိန်
တနင်္လာ - စနေနေ့ | မနက် ၉:၀၀ - ညနေ ၆:၀၀
တနင်္ဂနွေ | ပိတ်ပါသည်။

📲 ရန်ကုန်မြို့တွင်း (သို့မဟုတ်) နယ်ဝေးမှ Order မှာယူလိုပါကလဲ
Page Messenger (သို့) ☎️ 09 955 567 171

---သို့ဆက်သွယ်၍မှာယူလို့ရပါတယ်ဗျ

10/10/2026

ကျက်သရေအပေါင်းနဲ့ ပြည့်စုံစေမယ့် ပြောင်ခေါင်းစိမ်း လက်စွပ် ဒီဇိုင်းဆန်းလေး 💚✨

ကျောက်ရဲ့ အလင်းရောင် အပြည့်ပေါ်အောင် အနုစိတ် သပ်ရပ်စွာ ခတ်ပေးထားတာပါရှင်။ ကိုယ်ပိုင်ကျောက်နဲ့ပဲ အထည်အပ်မလား... ပန်းထိမ်တိုက်ရိုက်မို့ စျေးနှုန်းချိုသာစွာနဲ့ အထည်လှလှလေး ရရှိဖို့ ရွှေဝတီကို လှမ်းလာခဲ့လိုက်တော့နော်! ❤️

09/10/2026

"ကမ္ဘာပေါ်မှာ မိမိနာမည်ထက် ပိုပြီး အဓိပ္ပါယ်ရှိတဲ့ စာသားဆိုတာ မရှိပါဘူး"

Customer လိုချင်တဲ့ နာမည်လေးအတိုင်း ထွင်းပေးထားတဲ့ ဆွဲကြိုး ဒီဇိုင်းလှလှလေး။

ဒီလိုပုံစံလေးပဲဖြစ်ဖြစ် တစ်ခြားကိုယ်လိုချင်တဲ့ ပုံစံလေးပဲဖြစ်ဖြစ် ဘယ်လို ပုံစံမျိုးမဆို အထည်ခတ်ချင်ရင်တော့ ရွှေဝတီကိုသာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ် လိုက်ရပါတယ်။

08/10/2026

ရွှေဝတီ ပန်းထိမ်ရဲ့ နောက်ကွယ်က နေ့စဉ်လှုပ်ရှားမှုလေးတွေ...


#ပန်းထိမ်

07/10/2026

Customer စိတ်ကြိုက် အထူးအပ်ထည် "နတ်သွေးကျောက် ရင်ထိုးဒီဇိုင်း" ✨

Customer ရဲ့ စိတ်တိုင်းကျဖြစ်စေဖို့ တစ်ဆင့်ချင်းစီကို အနုစိတ် ဂရုစိုက်ပြီး ဖန်တီးပေးထားတဲ့ ရတနာလက်ရာလေးပါ ❤️

မိမိကိုယ်တိုင်အတွက်ဖြစ်စေ၊ ချစ်ရသူများအတွက် အမှတ်တရ လက်ဆောင်အဖြစ်ဖြစ်စေ အထူးသီးသန့် ရတနာဒီဇိုင်းများကို စိတ်တိုင်းကျ တိုင်ပင်မှာယူနိုင်ပါတယ်နော် 💬

06/10/2026

Customer အပ်ထည် မြဆွဲကြိုးလေး ✨
လူငယ်ဆန်ဆန် ဒီဇိုင်းလေးတွေကြိုက်သူတွေအတွက်ဆို ဒီလိုပုံစံလေးတွေက အကောင်းဆုံးပဲနော် 😉

မိမိကြိုက်နှစ်သက်တဲ့ ဒီဇိုင်းအတိုင်း မှာယူချင်တယ်ဆိုရင်တော့Page Chat Box ကနေ ဆက်သွယ်တိုင်ပင်နိုင်ပါတယ်နော် 💬

#မြ

#ဆွဲကြိုး

အောက်တိုဘာလမှာ မွေးဖွားသူတို့ရဲ့ အဆောင်ကျောက်”Tourmaline”ကျောက်အကြောင်းအောက်တိုဘာလမှာ မွေးဖွားသူတို့ရဲ့ အဆောင်ကျောက်ဖြစ်...
05/10/2026

အောက်တိုဘာလမှာ မွေးဖွားသူတို့ရဲ့ အဆောင်ကျောက်”Tourmaline”ကျောက်အကြောင်း

အောက်တိုဘာလမှာ မွေးဖွားသူတို့ရဲ့ အဆောင်
ကျောက်ဖြစ်တဲ့ Tourmaline ဟာ လှပရုံတင်မကဘဲ ကံကောင်းခြင်းတွေကို ဆောင်ယူပေးနိုင်တဲ့ အဖိုးတန် ကျောက်မျက်တစ်မျိုးဖြစ်ပါတယ်။ 💎✨

ရှေးယခင်ကတည်းက Tourmaline ကို ဝတ်ဆင်သူအား ကံကောင်းခြင်းနဲ့ လာဘ်လာဘများကို တိုးပွားစေခြင်း၊ မကောင်းသော စွမ်းအင်များနှင့် စိတ်ဖိစီးမှုများကို ဖယ်ရှားပေးပြီး စိတ်ချမ်းမြေ့မှုကို ဆောင်ကြဉ်းပေးခြင်း ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ အောင်မြင်မှုနှင့် ချစ်ခင်နှစ်သက်သူ ပေါများစေခြင်း စတဲ့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေတယ်လို့ ယုံကြည်ကြပါတယ်ဗျာ။

ဒါ့အပြင် Tourmaline ရဲ့ ထူးခြားတဲ့ အရောင်အသွေး စုံလင်မှုဟာ ဘယ်လိုဝတ်စုံမျိုးနဲ့မဆို လိုက်ဖက်ညီညီ ဆင်ယင်နိုင်ပြီး ဝတ်ဆင်သူရဲ့ ထူးခြားဆန်းသစ်တဲ့ စတိုင်ကို ထင်းခနဲ ပေါ်လွင်စေပါတယ်။

အထူးသဖြင့် ပန်းရောင် (Pink Tourmaline) နဲ့ အစိမ်းရောင် (Green Tourmaline) လေးတွေဆိုရင် လက်စွပ်၊ နားကပ်၊ ဆွဲသီး စတဲ့ ဒီဇိုင်းအမျိုးမျိုးမှာ ပေါင်းစပ်လိုက်တာနဲ့ ပိုမို တင့်တယ်ဆွဲဆောင်မှု ရှိသွားစေပါတယ်နော်။

အောက်တိုဘာလဖွား မိမိကိုယ်တိုင်အတွက် ဂုဏ်ယူစွာ ဝတ်ဆင်ဖို့ပဲဖြစ်ဖြစ်၊ ချစ်ခင်ရသူတွေအတွက် ထာဝရ အမှတ်တရ မင်္ဂလာလက်ဆောင် ပေးအပ်ဖို့ပဲဖြစ်ဖြစ် Tourmaline ကျောက်လေးတွေဟာ ပြီးပြည့်စုံတဲ့ ရွေးချယ်မှုပါပဲ။

မိမိမှာရှိတဲ့ Tourmaline ကျောက်လေးတွေနဲ့ ကံဇာတာလည်း တက်၊ လက်ရာလည်း လှပတဲ့ အထည်ဆန်းလေးတွေ ခတ်ယူချင်တယ်ဆိုရင်တော့ ပန်းထိမ်တိုက်ရိုက်မို့ စျေးနှုန်းသက်သာစွာနဲ့ စိတ်ချလက်ချ ခတ်ယူနိုင်တဲ့ ရွှေဝတီ သို့ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်... ❤️

📞 ဆက်သွယ်ရန်

📍 တိုက်ရိုက်လာရောက်အပ်နှံလိုပါက
အမှတ် (၅၁)၊ ပထမထပ်၊ ၂၉ လမ်း (အောက်)
ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့

🕒 ဖွင့်ချိန်
တနင်္လာ - စနေနေ့ | မနက် ၉:၀၀ - ညနေ ၆:၀၀
တနင်္ဂနွေ | ပိတ်ပါသည်။

📲 ရန်ကုန်မြို့တွင်း (သို့မဟုတ်) နယ်ဝေးမှ Order မှာယူလိုပါကလဲ
Page Messenger (သို့) ☎️ 09 955 567 171 Viber သို့ဆက်သွယ်၍လည်းမှာယူလို့ရပါတယ်ဗျ။

04/10/2026

Customer စိတ်ကြိုက် အပ်ထည် စိန်နားကပ် နဲ့ စိန်ဆွဲသီး ဒီဇိုင်းလှလှလေး! 💎✨

အထည်လာရောက် အပ်နှံပေးကြတဲ့ Customer တစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးကျေးဇူးတင်ပါတယ်ဗျ။

ကျွန်တော်တို့ ရွှေဝတီမှာ အထည်လာရောက် အပ်နှံသူတိုင်းကို စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေဖို့ ပန်းထိမ်ဆရာများက အနုစိတ် လက်ရာတွေနဲ့ သေချာ ဂရုတစိုက် အထည်ခတ်ပေးတာမို့ ကိုယ်အပ်လိုက်တဲ့ဒီဇိုင်းအတိုင်းမဖြစ်မှာက်ိုလည်းလုံးဝလုံးဝစိတ်ပူစရာမလိုဖူးနော်။


Address

အမှတ် ၅၁ (ပထမထပ်)၊ ၂၉လမ်း(အောက်လမ်း) ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့
Yangon
11143

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 17:30

Telephone

+959955567273

Website

Alerts

Be the first to know and let us send you an email when Shwe Waddy Jewellery & Smith posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Waddy Jewellery & Smith:

Shortcuts

Share