သက်ညိမ်

Directions

သက်ညိမ် စကားလုံးတွေထဲမှာမပြောဖြစ်ခဲ့တဲ့
ခံစားချက်တွေကို ချန်ထားခဲ့တယ်…။
#သက်ငြိမ်

05/09/2026

မီးခိုးနဲ့ သစ္စာ
အဆုတ်ကို လောင်ကျွမ်းစေမှန်း သိရက်နဲ့
ဆေးလိပ်တစ်လိပ်ကို သောက်တတ်အောင် သင်ခဲ့မိတယ်။
ဒါပေမဲ့…
ချစ်တတ်အောင် သင်ပေးခဲ့ပြီးမှ
ရင်ခွင်ကို စွန့်ခွာ၊ ကျောခိုင်းသွားတဲ့သူနဲ့ ယှဉ်ရင်တော့
ဟောဒီ မီးခိုးငွေ့တွေက ပိုပြီး သစ္စာရှိတာပေါ့။
ဆေးလိပ်က ငါ့ ခန္ဓာကိုယ်ကိုပဲ ဖျက်ဆီးပေမဲ့
သူကတော့ ငါ့ရဲ့ အနာဂတ်နဲ့ ရင်ဘတ်တစ်ခုလုံးကို
အစအနတောင် မကျန်အောင် ချေမှုန်းသွားခဲ့တာလေ….။

#သက်ညိမ်

03/09/2026

ဘယ်လောက်ထိမူးနေပါစေ
ခေါက်စွဲကြော်လေး ကျစ်”ပါအောင်ကိုင်ပြီး
ပြန်ခဲ့တဲ့အဖေကိုသတိရကြပါစေ🥺 #အဖေ

03/09/2026

အဖေ့အတွက် စာမျက်နှာတစ်ရွက်

အဖေက…
မိုးကောင်းကင်လို အုပ်မိုးပေးပြီး
ကျွန်တော်တို့ဘဝတွေကို
တိမ်တိုက်ကလေးတွေလို
လွတ်လပ်စွာ ပုံဖော်ခွင့်ပေးခဲ့တယ်။

အပေါင်းအသင်းတွေနဲ့ အပြင်ထွက်သွားတဲ့ ညတွေမှာတောင်
ဘယ်လောက်ပဲ မူးနေပါစေ…
ကျွန်တော်တို့အတွက် ခေါက်ဆွဲကြော်ထုပ်လေးကို
ကျစ်ကျစ်ပါအောင် ဆွဲကိုင်ပြီး
စားချိန်အမီ ပြန်လာပေးခဲ့တဲ့ အဖေ။

ဒါပေမဲ့…
ကျွန်တော်တို့ အပြင်က ပြန်ရောက်လာရင်
အဖေ့ကို မြင်ရပါရက်နဲ့
"အမေ ဘယ်မှာလဲ" လို့ပဲ မေးခဲ့ကြတယ်။

အမေ့အတွက် လက်ဆောင်ပါလာတဲ့အခါမှာလည်း
"အဖေ့အတွက် ဘာပါလဲ" ဆိုတာ
တစ်ခါမှ မစဉ်းစားပေးခဲ့ကြဘူး။

အဖေကတော့…
လက်ဆောင်တွေထက်
"အဖေ့ကို သတိရတယ်" ဆိုတဲ့
စကားတစ်ခွန်းကိုပဲ ကြားချင်ခဲ့တာ ဖြစ်ပါလိမ့်မယ်။

"အဖေ့ကို ချစ်တယ်" ဆိုတဲ့ စကားတစ်ခွန်းကို
ပြောဖို့ ဘာလို့များ ဒီလောက်တောင် ခဲယဉ်းနေခဲ့ရတာလဲ…။

အဖေ ရှိနေတုန်းမှာ…
"အဖေ့ကို ချစ်တယ်" လို့ ပြောဖြစ်အောင် ပြောကြပါ။
မနက်ဖြန်ဆိုတဲ့နေ့မှာ…
အဖေရော ကျွန်တော်ရော
ရှိနေပါဦးမလားဆိုတာ ဘာမှမသေချာလို့ပါ။

အခုထိ စကားတစ်ခွန်း ပြောဖို့
ဒူးတုန်အောင် တွန့်ဆုတ်နေမိတဲ့ ကျွန်တော်ကိုယ်တိုင်လည်း…
အချိန်တွေ နောက်မကျသွားခင် တစ်နေ့မှာ
"အဖေ… ကျွန်တော် အဖေ့ကို သိပ်ချစ်တာပဲ" လို့
အဖေ့ရှေ့မှာ ရဲရဲလေး ပြောနိုင်ဖို့ ကြိုးစားနေဆဲပါ…။

#သက်ညိမ်

03/09/2026

ပူလောင်နေတဲ့ မီးလျှံတွေက
လမ်းတစ်လျှောက်မှာ
ဘယ်လောက်ပဲခြားထားပါစေ၊တစ်ဖက်မှာ
တကယ်ချစ်တဲ့သူ ရှိနေခဲ့ရင်
“နှလုံးသား”က
အကြောင်းပြချက်တွေ မရှာတော့ဘူး။

#သက်ညိမ်

03/09/2026

💔

03/09/2026

မေတ္တာဆိုတာ…

စိမ်းလန်းနေတဲ့ သစ်ပင်တစ်ပင်ကို
ရက်အနည်းငယ်အတွင်း ဆွေးမြေ့စေဖို့
လုံလောက်သလို

တစ်ချိန်က နွေးထွေးခဲ့တဲ့
နှလုံးသားတစ်ခုကိုလည်း
တိတ်တိတ်လေး ပျက်စီးစေတတ်တယ်။

လောကဆိုတာ
မေတ္တာပေးရုံနဲ့
မေတ္တာပြန်ရတာမျိုးမဟုတ်ဘူး။
ချစ်ခြင်းကိုပေးရင်းနဲ့ ပျောက်ဆုံးသွားတဲ့လူရှိသလို၊
ချစ်ခြင်းကိုရရင်းနဲ့ မသိတတ်ခဲ့ကြတဲ့လူတေလည်းရှိတယ်။

ပူလောင်နေတဲ့ မီးလျှံတွေက
လမ်းတစ်လျှောက်မှာ
ဘယ်လောက်ပဲခြားထားပါစေ၊တစ်ဖက်မှာ
တကယ်ချစ်တဲ့သူ ရှိနေခဲ့ရင်
“နှလုံးသား”က
အကြောင်းပြချက်တွေ မရှာတော့ဘူး။

နာကျင်ရင်လည်း သွားမယ်၊
လောင်ကျွမ်းရင်လည်း ဖြတ်မယ်၊
မဖြစ်နိုင်ဘူးဆိုတဲဲ့ စကား
ကြားနေရရင်တောင်
ချစ်သူရှိရာကို
ရအောင် လာကြစမြဲ။

“ကိုယ့်ကိုယ်ကိုယ် ချစ်တယ်” ဆိုပြီး
အတ္တတွေကြီးတဲ့ လူတွေဟာလည်း
တကယ်ချစ်မိတဲ့အခါ
ကိုယ့်အတွက်ဆိုတာကို မေ့သွားပြီး
သူ့အတွက်၊ ကိုယ့်ဘဝတစ်ခုလုံးကို
တိတ်တိတ်လေး ပေးဆပ်တတ်ကြတယ်။

အချစ်ဆိုတာ
ပိုင်ဆိုင်ဖို့လည်း မဟုတ်သလို
အမြဲဆုံးရူံးဖို့လည်း မဟုတ်ဘူး။

တကယ်မြတ်နိုးမိတဲ့အခါ
ကိုယ်ဟာ ကိုယ်မဟုတ်တော့ဘူး
ကိုယ်သွားချင်တဲ့လမ်းထက်
သူရှိတဲ့နေရာကို ရွေးချယ်လိုက်တဲ့အခါမှ
“အချစ်” ရဲ့ အဓိပ္ပါယ်ကို
နားလည်လာခဲ့တယ် ။ #သက်ညိမ်

03/09/2026

ကိုယ့်ကိုယ်ကို ရှာဖွေခြင်း

အောင်မြင်မှုကို နိုင်ငံခြားလို၊
အဝေးတစ်နေရာမှာ ရှာခဲ့ကြတယ်။
ပိုက်ဆံရဖို့ ဘဝတိုးတက်ဖို့၊
တစ်နေ့မှာ “အောင်မြင်ပြီ”လို့
ကိုယ့်ကိုယ်ကို ပြောနိုင်ဖို့ပေါ့။

လမ်းပျောက်နေချိန်
ဘယ်လောက်ဝေးဝေး လျှောက်နေပါစေ
လိုရာမရောက်သလို
ကိုယ့်ကိုယ်ကို နားမလည်ဘဲ
အောင်မြင်မှုကို ရှာနေတာကလည်း
အဓိပ္ပာယ်ရှိမနေဘူး။

မပြည့်စုံတဲ့ လိုအပ်ချက်တွေရှိတယ်၊
မှားယွင်းမှုတွေနဲ့ ကျရှုံးခဲ့ကြဖူးတယ်။
သို့ပေမယ့်လည်း လက်ဗလာနဲ့မွေးခဲ့တဲ့ဘဝမှာ၊
ဘာတွေထပ်ပြီး ဆုံးရှုံးစရာရှိလို့လဲ။

အဲ့ဒါကြောင့်
အောင်မြင်မှုကြီးတွေ မရှာခင်၊
ပထမဆုံးရှာသင့်တာ ကိုယ့်ကိုယ်ကိုနားလည်ခြင်း။

ကိုယ့်ဆန္ဒရဲ့ လိုအင်၊
ကိုယ့်သည်းခံနိုင်စွမ်းရဲ့ အကန့်အသတ်၊
ဘယ်နေရာမှာ ရပ်ရမလဲ၊ ဘယ်အိပ်မက်ကို ဆက်ဆုပ်ကိုင်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်လာတဲ့နေ့

အဲ့ဒီနေ့ကစလို့ ကျွန်တော်တို့ လိုက်ရှာနေတဲ့ အကြီးမားဆုံး အောင်မြင်မှုကို စတင်တွေ့ရှိလာရပါလိမ့်မယ်။

#သက်ငြိမ်

03/09/2026

နာကျင်မှုဆိုတာ
လူတစ်ယောက်ကို မသေစေနိုင်ပေမယ့်
သူ့ရင်ထဲက နှလုံးသားကိုတော့
တိတ်တိတ်လေး သတ်ပစ်နိုင်တယ်။
ကိုယ်လည်း လူမသေဘဲ၊
စိတ်သေခဲ့ဖူးတယ်…..။

မင်းကိုချစ်ခဲ့တာ
သာမန်အချစ်တစ်ခု မဟုတ်ခဲ့ဘူး၊
အသက်ရှူသလို မသိမသာနဲ့
နှလုံးသားထဲ စိုးမိုးသွားခဲ့တာ။
“မရွေးချယ်ခြင်း” က ကိုယ့်အတွက်
ငြင်းပယ်ခံရတာထက်တောင် ပိုနာခဲ့ရတယ်…..။

ကိုယ့်ရဲ့အချိန်တွေ၊ မျှော်လင့်ချက်တွေ၊
အိပ်မက်တွေ၊ ပြီးတော့……
နှလုံးသားတစ်ခုလုံးကိုပါ
မစဉ်းစားဘဲ မင်းလက်ထဲ
ထည့်ပေးခဲ့မိတယ်…..။

အချစ်တွေက
အငွေ့ပြန်ပြီး တိမ်မဖြစ်နိုင်ပေမယ့်
ရင်ထဲမှာတော့
အစိုင်အခဲတစ်ခုလို ကျန်ရစ်ခဲ့တယ်၊
အဲ့ဒီ အစိုင်အခဲလေးကဘဲ
မျက်ရည်မိုးအဖြစ် ကိုယ့်ရင်တစ်ခုလုံးကို
တိတ်တိတ်လေးနဲ့
စိုရွှဲသွားတဲ့အထိ ရွာသွန်းခဲ့တယ်…..။

မင်းကိုချစ်မိနေသေးတဲ့ ကိုယ့်စိတ်ကိုမုန်းမိတယ်၊
ကိုယ့်ကို မရွေးချယ်ခဲ့တဲ့လူတစ်ယောက်ကို
ဒီလောက်ထိ မေ့မရနိုင်တာ၊
လွှတ်ချလိုက်သင့်တဲ့လူတစ်ယောက်ကို
နှလုံးသားက အခုထိစွဲလမ်းနေသေးတာကို
ကိုယ် နားမလည်နိုင်ဘူး…..။

အချစ်ဆိုတာ
ရေစက်လား၊ ဝဋ်ကြွေးလား၊
မပြီးဆုံးသေးတဲ့အတိတ်တစ်ခုလား
ကိုယ်မသိဘူး၊ သိတာတစ်ခုကတော့
ကိုယ့်ကိုယ်ကိုယ်တောင် မေ့သွားတဲ့အထိ
ချစ်ခဲ့မိတာပဲ…..။

အလွန်အမင်း မြတ်နိုးခဲ့တယ်။
အလွန်အမင်း စွဲလမ်းခဲ့တယ်။
အဲ့ဒီလောက်အထိ မင်းကိုချစ်ခဲ့မိလို့
မင်းကိုလွှတ်ချရတာက ကိုယ့်ရင်ထဲက
အစိတ်အပိုင်းတစ်ခုကို
ကိုယ်တိုင်ဖြုတ်ပစ်နေရသလိုပဲ…..။

တစ်ချိန်က
“မင်းရှိရင် လုံလောက်ပြီ” လို့
ပြောခဲ့တဲ့လူက နောက်ဆုံးမှာ
“မင်းမရှိလည်း ရပါတယ်” ဆိုတဲ့
ဘဝကို သင်ယူနေရတယ်။
အဲ့ဒီသင်ခန်းစာက သိပ်နာတယ်…..။

ကိုယ်တို့ ရွဲ့ခဲ့ကြတယ်၊ လွဲခဲ့ကြတယ်၊
နီးနီးလေးနဲ့ ဝေးခဲ့ကြတယ်။
မင်းကတော့ ကိုယ့်ဘဝထဲမှာ
မမေ့နိုင်တဲ့လူတစ်ယောက်
ဖြစ်သွားခဲ့တယ်…..။

အချစ်နဲ့ပတ်သက်ရင်
ကိုယ် ကံမကောင်းခဲ့ဘူးထင်တယ်။
ချစ်ရတဲ့လူကို မပိုင်ဆိုင်ခဲ့နိုင်ခဲ့ဘူး၊
တစ်နေ့နေ့မှာတော့
မင်းကိုမေ့နိုင်ဖို့
ကိုယ် မျှော်လင့်တယ်…..။

မင်းနာမည်ကြားရင် ရင်မခုန်တော့တဲ့နေ့၊
သီချင်းတစ်ပုဒ်ကြားရုံနဲ့ အတိတ်ထဲ
ပြန်မရောက်တော့တဲ့နေ့၊
အဲ့ဒီနေ့ရောက်ရင် ကိုယ်နားလည်လိမ့်မယ်။
ချစ်ခဲ့တာက အမှားမဟုတ်ခဲ့ဘူးဆိုတာ
မှားခဲ့တာက ကိုယ့်ကို
မရွေးချယ်ခဲ့တဲ့လူတစ်ယောက်ကို
ကိုယ့်ဘဝထဲမှာ အရမ်းကြီး
နေရာပေးခဲ့မိတာပဲ…..။

အဲ့ဒါကြောင့်
မင်းကို မုန်းဖို့လည်းမလိုဘူး၊
မေ့ဖို့လည်း အတင်းမကြိုးစားတော့ဘူး။
တစ်ချိန်က ကိုယ့်ရင်ထဲမှာ
အရမ်းချစ်ခဲ့ဖူးတဲ့လူတစ်ယောက်အဖြစ်ပဲ
မင်းကို ထားခဲ့မယ်…..။

တစ်ခါလောက်တောင်
မရွေးချယ်ခံခဲ့ရတဲ့ကိုယ်ဟာ
ကိုယ့်ဘဝထဲမှာ ကိုယ့်ကိုယ်ကိုယ်
အရင်ဆုံး ရွေးချယ်သင့်ပြီ…..။

#သက်ညိမ်

03/09/2026

အချိန်🎧⏳

03/09/2026

မကြိုးစားတော့ဘူး💔

Address

Yangon
TOKYO

Website

Alerts

Be the first to know and let us send you an email when သက်ညိမ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share